![]() |
Image: NVIDIA |
Google ဟာ RTX Video Super Resolution ဟာ Chrome browser ပေါ်ကိုရောက်ရှိလာတော့မယ်ဆိုတဲ့ပြယုဒ်တစ်ခုအဖြစ် Early Stable Updateကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီ upscalingလုပ်တဲ့ featureအသစ်ဟာ ဂိမ်းတွေမှာ အသုံးပြုနေတဲ့ နာမည်ကျော် DLSS နဲ့ အလားသဏ္ဍာန်တူတဲ့ AI ကိုအသုံးပြုထားပါတယ်။ ဒီ feature ကိုရရှိဖို့ရာ Nvidia ရဲ့ driver အသစ်ကိုသာစောင့်ဖို့လိုအပ်ပါတယ်။ သို့ပင်သော်ငြား သင့်မှာ GeForce RTX 30 သို့ RTX 40 GPU တွေလိုအပ်မှာဖြစ်ပါတယ်။
NVIDIA ရဲ့ RTX Video Super Resolution ပြီးခဲ့တဲ့လက CES မှာမိတ်ဆက်ပြသွားခဲ့ပါတယ်။ အတိုချုပ်အနေနဲ့ 360P ကနေ 1440P အထိရှိတဲ့ video တွေကို 4K အထိ upscale လုပ်ပေးမှာဖြစ်ပါတယ်။ ဒီလို AI နဲ့ ဆောင်ရွက်ပေးနိုင်တာဟာ သင့်ရဲ့ ယခင် hardware နဲ့ software ကိုပူးပေါင်းပြီးရရှိနိုင်ခဲ့တာထက်ပိုကောင်းတဲ့ရုပ်ထွက်ကိုပေးမှာဖြစ်ပါတယ်။
ဗီဒီယိုထဲမှာဆိုရင် NVIDIA အနေနဲ့ CES 2023 မှာ မိတ်ဆက်သွားတုန်းက ဗီဒီယိုကိုတွေ့ရမှာဖြစ်ပြီး 1080p ကို 4K အဖြစ် AI ကဘယ်လို upscale လုပ်ပေးနိုင်တယ်ဆိုတာပြသထားပါတယ်။ RTX Video Super Resolution ဟာ 144Hz ဗီဒီယိုအထိပါအထောက်အပံ့ပေးတာမို့ ဂိမ်းမာတွေသဘောကျမှာပါ။
![]() |
Image: NVIDIA |
ဗီဒီယိုမှာပြသွားတာကို အရမ်းကြီးလည်းအထင်မကြီးစေချင်ပါဘူး ဘာလို့ဆို DLSS ဆိုရင် တိုးတက်လာဖို့ နှစ်အနည်းငယ်အချိန်ယူခဲ့ရတာကြောင့်ဖြစ်ပါတယ် ။ Videocardz က Google Chrome ရဲ့ stable version ဖြစ်တဲ့ 110.0.5481.77 မှာ NvidiaVpSuperResolution feature ကိုဖွင့်ထားတာကိုတွေ့မြင်ခဲ့ရတယ်လို့ဆိုပါတယ်။ ဒီ stable Chrome 110 ကိုမနက်ဖြန် ဖေဖော်ဝါရီလ ၇ရက်လောက်မှာ စတင်ဖြန့်ချီမှာဖြစ်ပါတယ်။ NVIDIA အနေနဲ့ သက်ဆိုင်ရာ Driver ကိုထုတ်ပေးမှာဖြစ်ပါတယ်။ သုံးစွဲသူတွေအတွက် နောပ်ထပ်ရွေးချယ်တစ်ခုဖြစ်တဲ့ Microsoft Edge မှာလည်းပထမဆုံးနေ့မှာတင်အထောက်အပံ့ပေးဖွယ်ရှိနေပါတယ်။ ဒီအတွက်များမကြာခင်အချိန်အတွင်းမှာ ကျွန်တော်တို့တွေဟာ RTX Video Super Resolution ကိုအသုံးပြုနိုင်တော့မှာပဲဖြစ်ပါတယ်။
Source: Tom's Hardware
#EnThueTech
#News
#AI #Software
0 Comments