![]() |
Image: Vincent_Teoh |
Display တွေအကြောင်း အသားပေးဖော်ပြလေ့ရှိတဲ့ HDTV Test က Vincent Teoh ဟာ LA မှာကျင်းပခဲ့တဲ့ Display Week 2023 ပွဲမှာ BOE ကဖန်တီးထားတဲ့ ပထမဆုံး မျက်နှာပြင်၁၁၀လက်မ ရှိတဲ့ 16K TV အကြောင်းကိုပြောပြပေးခဲ့ပါတယ်။ BOE ဆိုတာ TV နဲ့ မော်နီတာ screen တွေဖန်တီးတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဒီ တီဗီဟာ အမှန်တကယ်ဝယ်ယူလို့မရနိုင်ပေမယ့် သူ့ရဲ့ specifications အချို့ကိုတော့ဖော်ပြထားပါတယ်။
- Resolution: 15360x8640
- Refresh Rate: 60Hz
- Luminance: 400nits
- Contrast Ratio: 1200:1
- Color Gamut: 99% DCI-P3
Screen ဟာ လက်မ၁၁၀ရှိတယ်ဆိုပေမယ့် အသေးစိတ်လွန်းတာကြောင့် pixel တွေကိုမမြင်ရပါဘူး။ သူ့အတွက် 16K content လည်းမရှိတဲ့အတွက် 8K ကို upscale လုပ်ပြီးပွဲမှာ ပြထားရတယ်လို့ Vincent Teoh ကဆိုပါတယ်။ သူ့ရဲ့အရွယ်အစားကလည်းကြီးမားလွန်တာကြောင့် တစ်ဖက်မှာ လက်ကိုင်၂ခုစီထည့်ပေးထားရပါတယ်။
တီဗီရဲ့ resolution ဟာ 16K မို့ 4K ထက် ဂရပ်ဖစ်စွမ်းဆောင်ရည် 16ဆလိုအပ်မှာဖြစ်တာကြောင့် လက်ရှိ Radeon RX 7900 XTX နဲ့တောင် ဂိမ်းကောင်းကောင်းကစားလို့ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် 1024x768 resolution လောက်က ဂိမ်းကစားလာတဲ့ ကျနော်တို့အဖို့ 16K gaming ဆိုတာ အနာဂတ်မှာမဖြစ်လာနိုင်စရာတော့မရှိပါဘူး။
0 Comments