![]() |
Image via MSI |
မေလ ၃၀ ရက်နေ့မှာ ကျင်းပခဲ့တဲ့ MSIOLOGY: Luxury Gaming Experience ပွဲမှာ MSI ဟာ Limited Edition Co-branded Laptop တစ်မျိုးကိုကြေညာခဲ့ပါတယ်။ ဒီ Laptop ကို Stealth 16 Mercedes-AMG Motorsport လို့ အမည်ပေးထားပါတယ်။
![]() |
Image via MSI |
ဒီ Laptop ဟာ MSI နဲ့ Mercedes-AMG Motorsport တို့ ပူးပေါင်းဖန်တီးထားပြီး Stealth 16 Laptop ကို Luxury နဲ့ High-performance ခေါင်းစဥ် နှစ်ခုကို ချိတ်ဆက်ထားကာ Mercedes ရဲ့ အထင်ကရ AMG Rhombuses Pattern ဒီဇိုင်းနဲ့ ပုံဖော်ထားပါတယ်။ အရောင်က Selenite Gray နဲ့ မြင်ရမှာပါ။
![]() |
Image via MSI |
ကိုယ်ထည်ပိုင်းအတွက် မဂ္ဂနီစီယမ် သတ္ထုစပ်နဲ့ ဖွဲ့စည်းထားပြီး Mercedes-AMG Motorsport တံဆိပ်ကို အပေါ်ဘက်၊ အောက်ဘက်နဲ့ Display ရဲ့ Bottom Bezel (အောက်ခြေ) နေရာတွေမှာ ဖော်ပြထားပါတယ်။
![]() |
Image via MSI |
စွမ်းဆောင်ရည်ပိုင်းအတွက် Intel Core i9 Processor နဲ့ Nvidia GeForce RTX 40 Series Graphics ကို အသုံးပြုထားပြီး မြင့်မားတဲ့ဂိမ်းစွမ်းဆောင်ရည်ကို ထုတ်ပေးနိုင်ပါတယ်၊ သူ့မှာပါဝင်တဲ့ 4K OLED (16:10) Display က လှပကျော့ရှင်းနေတဲ့ အမြင်ရသကို ခံစားရစေသလို ပန်ကာနှစ်လုံး၊ heat pipe ၅ ချောင်းနဲ့ အားဖြည့်ထားတဲ့ Cooler Boost 5 အပူစွန့်နည်းပညာက စွမ်းဆောင်ရည်ပိုင်းမှာ အထစ်ငေါ့မရှိ သုံးစွဲနိုင်ပါတယ်။
![]() |
Image via MSI |
Stealth 16 Mercedes-AMG Motorsport မှာ အထူး Package လည်းပါဝင်ကာ စပယ်ရှယ် ဒီဇိုင်းနဲ့ ပြုလုပ်ထားတဲ့ဘူးခွံ၊ Mouse ၊ Mouse Pad၊ USB Drive၊ Pouch၊ Postcard နဲ့ Cable Tiles တို့ ပါဝင်ပါတယ်။ အဆိုပါ Accessories တွေမှာလည်း MSI နဲ့ Mercedes-AMG Motorsport တံဆိပ်နဲ့ Signature ဒီဇိုင်းဖြစ်အောင် ဖန်တီးပေးထားပါတယ်။
![]() |
Image via MSI |
Mercedes-AMG Motorsport အကြီးအကဲဖြစ်သူ Christoph Sagemüller က Mercedes အနေနဲ့ MSI ကို Collaborative Partner အဖြစ် ရွေးချယ်ဖြစ်တဲ့အကြောင်းကို ပြောကြားရာမှာ “ငါတို့နဲ့ ရည်ရွယ်ချက်ခြင်းလည်းတူ၊ တန်ဖိုးထားတာခြင်းလည်းတူတဲ့ Partner အဖြစ် MSI ကို ရွေးခဲ့ပါတယ်၊ သူက နည်းပညာနဲ့ ဂိမ်းကစားတဲ့အပိုင်းမှာ ဦးဆောင်နေတဲ့သူလည်း ဖြစ်တယ်၊ သူတို့မှာ တီထွင်ဆန်းသစ်တဲ့အပိုင်းနဲ့ စွမ်းဆောင်ရည်မြင့်ထုတ်ကုန်တွေ အဆက်မပြတ်ထုတ်ချင်တဲ့ မက်မောမှုလည်းရှိတာကို သေချာ သရုပ်ပြခဲ့တာကြောင့်” လို့ ဆိုပါတယ်။
![]() |
Image via MSI |
ဒါ့အပြင် MSIOLOGY ပွဲမှာ Raider GE78 HX ရဲ့ Smart Touchpad ကိုလည်း အသားပေးတင်ဆက်ခဲ့ပြီး အသုံးများတဲ့ Functions တွေကို Click တစ်ချက်နှိပ်ရုံနဲ့ လွယ်လွယ်ကူကူ သုံးနိုင်ကာ အခြား Function တွေကိုလည်း စိတ်ကြိုက်ပြုပြင်သုံးစွဲနိုင်တဲ့ အားသာချက်ရှိကြောင်း ဖော်ပြခဲ့ပါတယ်။
![]() |
Image via MSI |
ဒီ Smart Touchpad ဟာ ပါခဲ့ဖူးသမျှ Laptop တွေထဲမှာ အရွယ်စားအကြီးဆုံးဖြစ်သလို အထိတွေ့နဲ့တုံ့ပြန်မှုလည်း ပိုမိုကောင်းမွန်ပါတယ်။ Software ပိုင်းမှာ ဆိုရင် AI နည်းပညာနဲ့ ပေါင်းစပ်ထားလို့ သဘာဝဆန်တဲ့ဓာတ်ပုံတွေကို Data Leakage နည်းနည်းနဲ့ ဖန်တီးနိုင်အောင် အားဖြည့်ထားတဲ့အတွက် Creators တွေ အဖို့ ပိုမိုအကျိုးဖြစ်ထွန်းစေမှာပါ။
![]() |
Image via MSI |
စျေးသက်သာတဲ့ Gaming Laptop တစ်မျိုးဖြစ်တဲ့ Cyborg 15 မှာ သူရဲ့ ဂိမ်းပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကို မြန်ဆန်တဲ့ Frame Rate တွေနဲ့ သရုပ်ပြခဲ့ပြီး အဆိုပါ Laptop မှာ နောက်ဆုံးပေါ် Intel နဲ့ Nvidia Chip တွေကို သုံးစွဲထားမှာဖြစ်ပါတယ်။
![]() |
Image via MSI |
MSI ဟာ Laptop ဒီဇိုင်းပိုင်းနဲ့ ပတ်သက်လို့ 2023 မှာ Red Dot Award က ပေးအပ်တဲ့ Design Award ကို မော်ဒယ် ၁၀ ခုနဲ့ ရရှိခဲ့သလို Premium ထုတ်ကုန် အဖြစ် မြင်သာအောင် Luxury နဲ့ Performance နှစ်မျိုးကို ရောစပ်ပြီး တီထွင်ဆန်းသစ်အရှိဆုံး နည်းပညာတွေနဲ့ Laptop တွေကို ဖန်တီးသွားမယ့် အကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။
0 Comments