Subscribe Us

header ads

ကမ္ဘာ့ပထမဆုံး Airjet အသုံးပြုထားသည့် ကွန်ပျူတာကို Zotac မှပြသ

Image via PCMag

Computex 2023 ပွဲမှာ Zotac ဟာ ကမ္ဘာ့ပထမဆုံး Airjet အသုံးပြုထားတဲ့ ZBOX PI430AJ mini PCကိုပြသလိုက်ပါတယ်။ ဒီကွန်ပျူတာမှာ Frore System ရဲ့ solid state active cooling နည်းပညာဖြစ်တဲ့ Airjet ကိုအသုံးပြုထားတာပါ။ Airjet အကြောင်းအသေးစိတ်ကို အရင်ကတင်ပေးခဲ့ပြီးသားမို့ အသေးစိတ်မပြောတော့ပါဘူး သူက vibration ကိုအသုံးပြုကာ လေကိုရွေ့စေပြီးအပူကိုစွန့်ထုတ်တဲ့နည်းပညာဖြစ်ပါတယ်။

Image via PCMag

ဒီနည်းပညာကြောင့် အရင်ကပန်ကာတပ်ဆင်လို့မရတဲ့ PC တွေဟာ မြန်နှုန်းပိုမြင့်မားပြီး စွမ်းဆောင်ရည်တိုးပွားလာမှာဖြစ်ပါတယ်။ Airjet ဟာ သေးငယ်ပါးလွှာတာကြောင့် chassis fan တွေထက် နေရာယူတာပိုနည်းပါတယ်။ ဒါကြောင့် mobile ဖုန်းတွေနဲ့ compact PC တွေအတွက်အထူးသင့်တော်ပါတယ်။

Image via PCMag

Airjetမပေါ်ခင်က Zotac ဟာ အရင်က ဒီလို fanless compact ဖြစ်တဲ့ PC ကိုထုတ်ဖူးပေမယ့် Celeron နဲ့ Pentium CPU တွေကိုသာအသုံးပြုနိုင်ခဲ့တာပါ။ အခုဆိုရင် Airjet အကူအညီနဲ့ မြန်နှုန်း 3.8GHz အထိရှိတဲ့ Intel Alder Lake-N အမျိုးအစား Core i3-N300(8 Cores/8 Threads) CPU ကိုပါသုံးလာနိုင်ပါတယ်။

Image via PCMag

Image via PCMag

Core i3-N300 မှာ E-Core တွေသာပါဝင်ပေမယ့် လက်ရှိ ဒီလို form factor PC တွေမှာပါဝင်တဲ့ CPU တွေထက်သိသာထင်ရှားတဲ့မြန်နှုန်းကိုပေးနိုင်ပါတယ်။ Zotac ဟာ ဒီကွန်ပျူတာကို Q4 လောက်မှာ $500 လောက်နဲ့ရောင်းချမယ်လို့ဆိုပါတယ်။ ဒါ့အပြင် အခြား mini PC တွေကိုလည်း Airjet နဲ့ဖန်တီးဦးမယ်လို့ဆိုပါတယ်။

Source: PCMag

#EnThueTech
#News

Post a Comment

0 Comments