Subscribe Us

header ads

Asus မှ external power connector မပါဝင်သည့် GeForce RTX 4070 ကိုပြသ

Image:  Allround-PC.de

Computex 2023 ပွဲမှာ Asus ဟာ စိတ်ဝင်စားစရာကောင်းတဲ့ဒီဇိုင်းအချို့ကိုပြသလာပါတယ်။ အထူးသဖြင့် Asus အနေနဲ့ external power connector မလိုအပ်တဲ့ GeForce RTX 4070 GPU concept ကိုပြသလာတာပါ။
Image: Wccftech


Image: Techpowerup


Image: Techpowerup


Image: Techpowerup

Image: Wccftech

Nvidia ရဲ့ 16-pin 12VHPWR connector တွေဟာ ချိတ်ဆက်မှုအားနည်းလို့ အရည်ပျော်တဲ့ပြဿနာတွေရှိချိန်မှာ Asus က မားသားဘုတ်ပေါ်မှာ bus connector ထပ်ဆောင်းပြီး external power connector ကိုစမ်းသပ်ဖို့ဆုံးဖြတ်ခဲ့တာပါ။

Image: Wccftech

GeForce RTX 4070 Megalodon လို့ခေါ်ဆိုတဲ့ ဒီ graphics card ကို သီးသန့်ဖန်တီးထားတဲ့ Asus TUF Gaming Z790BTF ပေါ်မှာဖန်တီထားပြီး ဒီမားသားဘုတ်ရဲ့ အခြား connector တွေဟာလည်း မားသားဘုတ်ရဲ့ ကျောဘက်ကိုပို့ထားမှာဖြစ်ပါတယ်။

Image: Techpowerup

Image: Techpowerup

NVIDIA ရဲ့ 16-pin 12VHPWR connector နဲ့တူညီတဲ့အချက်က Asus အနေနဲ့ connector ကို 600W အထိ ပါဝါထောက်ပံ့ပေးနိုင်‌အောင် ဒီဇိုင်းပြုထားပါတယ်။ ဒါ့ကြောင့် အသုံးပြုသူအနေနဲ့ 16-pin connector ကိုသေချာမတပ်မိလို့ အရည်ပျော်တာမျိုးမကြုံစေနိုင်ပါဘူး။ လက်ရှိမှာ အဆိုပါ connector ကို GC_HPWR လို့သတ်မှတ်ထားကာ ဒီ concept ကို အမြောက်အများထုတ်လုပ်လာတဲ့အခါ တရားဝင်အမည်နာမတစ်ခုရှိလာမှာပါ။

Source: Techpowerup

#EnThueTech
#News
#GraphicsCard

Post a Comment

0 Comments