Subscribe Us

header ads

C-DAC မှ အိန္ဒိယနိုင်ငံ၏ ပထမဆုံးပြည်တွင်းဖြစ် 96 Cores ရှိသည့် ARM အခြေခံ CPU များကိုဖန်တီးနေကာ ၂၀၂၄ခုနှစ်တွင်ထွက်ရှိမည်

Image: Created with Bing Image Creator


အိန္ဒိယနိုင်ငံရဲ့ Center for Development of Advanced Computing (C-DAC) ဆိုတဲ့ကုမ္ပဏီဟာ ဥုံ(AUM) လို့အမည်ရတဲ့ flagship chip အပါအဝင် ARM အခြေခံ CPU တွေကိုဖန်တီးနေကြောင်း မကြာသေးခင်ကကြေညာခဲ့ပါတယ်။ အခုဆိုရင် ကုမ္ပဏီဟာ HPC အတွက်ရည်ရွယ်တဲ့ AUM CPU အကြောင်အသေးစိတ်ကို ပထမဆုံးပြသလိုက်ပါတယ်။

C-DAC အဆိုအရ ပြည်တွင်းမှာ smart device၊ IoT၊ AR/VR ကနေ HPC နဲ့ ဒေတာစင်တာမှာ အသုံးပြုဖို့ အထိ ရွေးချယ်စရာအများအပြားကို ဖန်တီးနေတယ်လို့သိရပါတယ်။ core ၂ခု နဲ့ core ၄ခုဒီဇိုင်းကိုအ‌ခြေခံထားတဲ့သူတို့ရဲ့ Vega CPU စီးရီးတွေဟာဆိုရင် ငွေကုန်ကျနည်းပါးပြီးပါဝါစားသက်သာဖို့လိုအပ်တဲ့ entry-level client တွေအတွက်ပစ်မှတ်ထားမှာဖြစ်ကာ အိန္ဒိယနိုင်ငံရဲ့ ချစ်ပ်လိုအပ်ချက်ရဲ့ အနည်းဆုံး ၁၀%ကို ကာမိစေမှာပဲဖြစ်ပါတယ်။ ကုမ္ပဏီဟာ Dhruv နဲ့ Dhanush Plus ချစ်ပ်တွေရဲ့နောက်ဆက်တွဲအနေနဲ့ 8-core ချစ်ပ်တွေကိုနောက် ၃နှစ်အတွင်းဖန်တီးဖို့ပြင်ဆင်နေပါတယ်။

ဒါတင်မကသေးပါဘူး ကုမ္ပဏီဟာ National Supercomputing Mission (NSM) ပရိုဂရမ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကြီးမားတဲ့ workload ကိုရည်ရွယ်ကာ ပါဝါစားသက်သာတဲ့ HPC ချစ်ပ်ကိုလည်းဖန်တီးနေပါတယ်။ ဒီချစ်ပ်ကို C-DAC AUM(ငြုံ) လို့ခေါ်ဆိုမှာပါ။
Image via wccftech
Image via wccftech

Image via wccftech


C-DAC AUM CPU ဟာ Zeus လို့နာမည်ပေးထားတဲ့ ARM Neoverse V1 core architecture ပေါ်အခြေခံထားပါတယ်။ AUM ချစ်ပ်မှာ core ပေါင်း ၉၆ခုရှိပေမယ့် တစ်ခုကို V1 core ၄၈ခုပါတဲ့ chiplet ၂နဲ့ပိုင်းခြားထားပါတယ်။ chiplet တစ်ခုခြင်းစီမှာ သီးခြား memory၊ I/O၊ C2C/D2D interconnect၊ cache၊ security နဲ့ MSCP sub-system တွေပါဝင်ပါတယ်။ chiplet ၂ခုကို တူညီတဲ့ interposer ပေါ်မှာ D2D chiplet interconnect တစ်မျိုးနဲ့ချိတ်ဆက်ထားပါတယ်။ ချစ်ပ်တစ်ခုခြင်း L2 cache 96MB နဲ့ system cache 96MB ရှိပါတယ်။

Image via wccftech

Memory ပိုင်းအတွက် C-DAC AUM CPU မှာ 64GB HBM3-5600 ကိုအသုံးပြုမှာဖြစ်ပြီး on-dieမှာ 96GB HBM3 memory နဲ့ 8-channel DDR5-5200 memory ကိုလည်းထည့်သွင်းထားမှာပါ။

ဒါက ၃မျိုးစပ် memory ပုံစံဖြစ်ပြီး on-die၊ inter-poser နဲ့ off-chip memory solution ဖြစ်ပါတယ်။ CPU ဟာ CXL အထောက်အပံ့ပေးတဲ့ 64/128 PCIe Gen lane နဲ့ ချစ်၂မျိုးကိုပေါင်းစပ်နိုင်တဲ့ platform တစ်ခုပေါ်မှာ အလုပ်လုပ်မှာဖြစ်ပါတယ်။ CPU တွေကို TSMC 5nm နည်းပညာနဲ့တည်ဆောက်မှာဖြစ်ကာ မြန်နှုန်းက 3.0GHz ကနေ 3.5GHz ကြားမှာရှိမယ်လို့ဆိုပါတယ်။ C-DAC AUM ပါဝင်တဲ့CPU ချည်းသက်သက်က node တစ်ခုကို 10 TFLOP ရရှိနိုင်ပြီး socket တစ်ခုခြင်း 4.6 TFLOP အထက်ရှိကာ socket ၂ခုပါဆာဗာဆိုရင် လက်ရှိခေတ်ပေါ် GPU accelerator ၄ခုအထိအထောက်အပံ့ပေးပါတယ်။ TDP အနေနဲ့က 320W လောက်ရှိမယ်လို့ဆိုပါတယ်။
Image via wccftech

C-DAC အနေနဲ့ သူရဲ့ hardware ကို စွမ်းအားပြည့်အသုံးပြုနိုင်စေဖို့ HPC System Software နဲ့ development tool ကိုလည်း ပြင်ဆင်သွားမှာဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ ၂၀၂၄နှစ်ကုန်မှာ နိုင်ငံအတွင်း 64 PetaFlops compute power ရရှိမယ်လို့ မျှော်လင့်ထားပါတယ်။ AUM ချစ်ပ်တွေဟာ ဈေးကွက်ထဲကို ၂၀၂၃-၂၀၂၄ခုနှစ်လောက်မှာ ရောက်ရှိမယ်လို့မျှော်မှန်းထားပါတယ်။

Source: wccftech

#News
#Semiconductors

Post a Comment

0 Comments