![]() |
Image: Mark Hachman / IDG |
သင့်အနေနဲ့ AI ကဖန်တီးတဲ့ art တွေ၊ AI ကဖန်တီးတဲ့ဓာတ်ပုံတွေနဲ့ ChatGPT လို AI Chatbot တွေအကြောင်းကြားဖူးပါလိမ့်မယ်။ အခုဆိုရင် သင့်အနေနဲ့ Google ရဲ့ MusicLM ဆိုတဲ့ Music AI ကိုစမ်းသပ်နိုင်ပြီဖြစ်ပါတယ်။
Music LM ကို ဇန်နဝါရီလကစတင်ကြေညာခဲ့ပြီး AI Test Kitchen အောက်မှာ တွဲဖက်ပါဝင်ပါတယ်။ သင်က MusicLM site ကိုတိုက်ရိုက်ဝင်လို့ရတယ်ဆိုပေမယ့် AI Test Kitchen မှာ sign up လုပ်ခိုင်းမှာပါ။ sign upလုပ်တဲ့အခါ သင့်အနေနဲ့ Gmail လိပ်စာနဲ့ သင့်ရေးတဲ့ prompt တွေကို Google team က လူတွေကြည့်မယ်ဆိုတာကို သဘောတူပေးဖို့လိုပါတယ်။
![]() |
Image: En Thue Tech |
Google က MusicLM အကြောင်းကို သူတို့ရဲ့ Google I/O ပွဲမှာ တိတ်တဆိတ်ကြေညာခဲ့ပြီး သင့်ရဲ့ email ကို dark web ကနေကာကွယ်မယ့်ဝန်ဆောင်မှုတစ်ခုအကြောင်းလည်းပါဝင်ပါတယ်။
အခြား AI art generator တွေအတိုင်း MusicLM ကို prompt စာသားရိုက်ပြီးအသုံးပြုရမှာဖြစ်ပါတယ်။ ထုတ်ပေးတဲ့သီချင်းသံဟာ စက္ကန့်၂၀စာကြာမြင့်မှာဖြစ်ပြီး အချို့ sample တွေမှာ vocal သံပါတယ်ဆိုပေမယ့် စာသားအတိအကျမဟုတ်ပဲ "ဝါးဝါးဝါး" အသံတွေသာကြားရမှာဖြစ်ပါတယ်။
နောက်တစ်ခုက MusicLM မှာ အဆိုတော်တွေရဲ့ ဟန်ပပန် ဥပမာ U2 လိုပုံစံလုပ်ပေးပါဆိုရင် error message သာမြင်ရမှာပါ။ အကယ်၍ prompt မှာ U2 ကိုဖြုတ်ပေးမယ်ဆိုရင်တော့ အလုပ်ဆက်လုပ်မှာပါ။ အချို့နေရာတွေမှာတော့ MusicLM ဟာ ကိုယ်လိုချင်တဲ့ပုံစံကိုထုတ်ပေးနိုင်ပါတယ်။ နောက်ဆုံးတစ်ခုက MusicLM ဟာ sample တွေဒေါင်းလုဒ်ချရယူနိုင်တာပါပဲ။
Source: PC World
#EnThueTech
#News #AI
0 Comments