Subscribe Us

header ads

NPC များနှင့်တိုက်ရိုက်စကားပြောဆိုနိုင်မည့် AI နည်းပညာကို Nvidia မှပြသ

Image: NVIDIA

ပြီးခဲ့တဲ့၆လအတွင်း AI ရဲ့တိုးတက်လာမှုကိုတွေ့မြင်နေရပြီဆိုပေမယ့် ဂိမ်းတွေမှာ သူ့ရဲ့စွမ်းပကားအပြည့်အဝကို ခုထိမမြင်ရသေးပါဘူး။ ဒါပေမယ့် Computex 2023 ပွဲမှာ Nvidia ရဲ့ တည်ထောင်သူနဲ့ CEO ဖြစ်သူ Jensen Huang ဟာ ဂိမ်းကစားခြင်းရဲ့အနာဂတ်ဟာ ဘယ်လိုဖြစ်လာနိုင်သလဲဆိုတာကို အရိပ်အမြွက်ပြောပြသွားခဲ့ပါတယ်။

NVIDIA ရဲ့ CEO ဖြစ်သူ Jensen Huang ဟာ သူရဲ့ Computex keynote မှာ ဂိမ်းတွေအတွက် Nvidia Avatar Cloud Engine (ACE) အကြောင်းကိုပြောကြားခဲ့ပြီး NPC ဇာတ်ကောင်တွေဟာ AI အသုံးပြုထားတဲ့ natural language interaction တွေကတဆင့် အသိဉာဏ်တွေရှိလာမယ်ဖြစ်တယ်လို့ဆိုပါတယ်။

ACE ဟာ ဂိမ်းတွေမှာ အသံကနေမျက်နှာအမူအရာ၊ စာသားကနေစကားပြောနိုင်တာနဲ့ သဘာဝဆန်ဆန်ပြောကြားမှုတွေလုပ်ဆောင်နိုင်တယ်လို့ဆိုပါတယ်။ နောက်ဆုံးမှာတော့ CEO Jensen Huang က အခြေခံက large language model တစ်ခုသာဖြစ်တယ်လို့ဆိုပါတယ်။

ACE ဟာ ဂိမ်းတွေမှာ NPC အနေနဲ့ ကစားသူရဲ့ တကယ့်စကားကိုနားထောင်နိုင်စွမ်းရှိကာ စာသားတွေထပ်ခါထပ်ခါပြောတာမဟုတ်ပဲ တုန့်ပြန်ပြောဆိုမှုလည်းလုပ်နိုင်မှာဖြစ်ပါတယ်။ ဒီစနစ်မှာ မျက်နှာအမူအရာတွေကိုပါပြသနိုင်တာမို့ ပြောတဲ့စကားနဲ့အမူအရာဟာ ကိုက်ညီမှုရှိနေမှာပါ။

CEO Jensen Huang ဟာ ဒီနည်းပညာကို Unreal Engine 5 အသုံးပြုထားတဲ့ Demo တစ်ခုနဲ့စမ်းသပ်ပြသွားပါတယ်။ Demo မှာ ကစားသူအနေနဲ့ ပြင်ပကမိမိအသံကိုသုံးပြီးဂိမ်းမှာမေးမြန်းနိုင်ပြီး ဇာတ်လမ်းနဲ့ဇာတ်ကောင်းနဲ့ဆက်စပ်တဲ့အဖြေကိုကြားရပါတယ်။

ပြောဆိုတာတွေက တောင့်တောင့်ကြီးဖြစ်နေပေမယ့် အထင်ကြီးလောက်စရာနည်းပညာဖြစ်နေတုန်းပါပဲ။ ACE သုံးထားတဲ့ဂိမ်းတွေထွက်လာတဲ့အခါဒီထက်ပိုပြီးသပ်ရပ်နေမယ်ဆိုတာလွယ်လွယ်ကူကူတွေးကြည့်နိုင်ပါတယ်။

Nvidia အနေနဲ့ ACE ကို Nvidia Omniverse ပေါ်မှာတည်ဆောက်ထားကာ အစိတ်အပိုင်း၃ခုရှိတယ်လို့ရှင်းပြထားပါတယ်။ ပထမဆုံးက Nvidia Nemo ဖြစ်ကာ language model ကိုတည်ဆောက်တာ၊ စိတ်ကြိုက်ပြင်ဆင်တာနဲ့အသုံးချဖို့ရာ အသုံးပြုပါတယ်။ သူ့မှာ Nemo Guardrail ဆိုတာပါဝင်ပြီး အသုံးပြုသူတွေကို မလုံခြုံတဲ့စကားတွေကနေကာကွယ်ပေးထားကာ ဗီဒီယိုဂိမ်းတွေအတွက်အမှန်တကယ်လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။

နောက်ထပ်တစ်ခုက Nvidia Riva ပါ သူက အလိုအ လျောက်စကားပြောဆိုတာကိုသိရှိနိုင်ကာ ကစားသူတွေအနေနဲ့ မိုက်ကရိုဖုန်းကဆင့် အပြန်အလှန်ဆက်သွယ်စကားပြောဆိုနိုင်ပါတယ်။

နောက်ဆုံးတစ်ခုက Nvidia Omniverse Audio2Face ဖြစ်ပြီး ဇာတ်ကောင်တွေရဲ့ မျက်နှာအမူအရာတွေကို‌ ပြောတဲ့စကားနဲ့ထပ်တူကျအောင်ဖန်တီးပေးမယ့်နည်းပညာပဲဖြစ်ပါတယ်။ ဒီနည်းပညာကို အသစ်ထွက်ရှိလာမယ့် ဂိမ်းတွေဖြစ်တဲ့ STALKER 2: Heart of Chernobyl နဲ့ Fort Solis တို့မှာ အသုံးပြုနေပြီဖြစ်ပါတယ်။

Jensen Huang အနေနဲ့ ACE အတွက် requirement တွေမပြောခဲ့ပေမယ့် လက်ရှိမှာတော့အတော်လေးလံနေမယ်လို့ယူဆရပါတယ်။

နည်းပညာနယ်ပယ်ဟာတိုးတက်ဖို့ နေရာအများကြီးကျန်သေးတယ်ဆိုပေမယ့် ACE ဟာ ကစားသူတွေအနေနဲ့ NPC ကိုတိုက်ရိုက်စကားပြောနိုင်မယ့် ဂိမ်းနဲ့သက်ဆိုင်တဲ့ မေးခွန်းတွေမေးမြန်းနိုင်မယ့် ပထမဦးဆုံးခြေလှမ်းပဲဖြစ်ပါတယ်။ AI အသုံးပြုထားတဲ့ teammate တွေနဲ့ လူသားတစ်ယောက်လိုစကားပြောရတာနဲ့ သူတို့ပြောခဲ့တဲ့အတိုင်းလိုက်နာနေတာကလည်း အင်မတန်မှစိတ်ဝင်စားစရာကောင်းနေပါတယ်။

Source: TechSpot

#EnThueTech
#News
#AI
#Gaming


Post a Comment

0 Comments