Subscribe Us

header ads

NVIDIA CEO Jensen Huang ၏ လယ်သာဂျာကင်ဝတ်ဆင်ရသည့် လျှို့ဝှက်ချက်

Image: Computex

Computex 2023 မှာ ထိုင်ဝမ်မှ သတင်းထောက်တစ်ဦးက NVIDIA ရဲ့ CEO Jen-Hsun Huang ကို အနက်ရောင် လယ်သာဂျာကင်(သားရေဂျာကင်အင်္ကျီ)ရဲ့ လျှို့ဝှက်ချက်အကြောင်း မေးမြန်းခဲ့ပါတယ်။ ဒီလိုမေးမြန်းမှုကို Jensen Huang က ပြန်လည်ဖြေကြားရာမှာ "သူ့ကိုတွေ့တဲ့အခါတိုင်း အနက်ရောင်သားရေဂျာကင်တွေသာ ဝတ်ဆင်ရထားတဲ့အ‌ကြောင်းရင်းက အများကြီးရွေးချယ်စရာမလိုတာရယ် ဘာအရောင်နဲ့ လိုက်ဖက်မလဲဆိုတာ စဉ်းစားနေစရာမလိုတာကြောင့်ပါ" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အဲဒီနောက် သတင်းထောက်က "ထိုင်ပေလို ပူပြင်းတဲ့ရာသီဥတုမှာ အနက်ရောင်လယ်သာဂျာကင်အင်္ကျီကို ဝတ်ဖို့ပြောဆိုနေသေးတာလဲ၊ NVIDIA Radiator ကို တပ်ဆင်ထားတာလား" လို့ မေးမြန်းရာမှာ Jensen က သူကအမြဲတမ်းကြည့်‌ကောင်းနေဖို့ဖြစ်ကြောင်းနဲ့ သူ့ရဲ့လယ်သာဂျာကင်ကိုသတင်းထောက်ကို စမ်းဝတ်ကြည့်ဖို့ ရက်ရက်ရောရော ခွင့်ပြုခဲ့ကြောင်း သိရပါတယ်။ လယ်သာဂျာကင်က အရမ်းလေးပါတယ်...

NVIDIA CEO Jensen Huang ဝတ်ဆင်တဲ့ လယ်သာဂျာကင်တွေဟာ ဈေးနှုန်း $145 ကနေ $1200 လောက်အထိတန်ကြေးရှိတယ်လို့ ဝဘ်ဆိုဒ်အချို့ကဆိုပါတယ်။ လက်ရှိအချိန်မှာ AI နည်းပညာဟာအရမ်းခေတ်စားလာတာမို့ AI အတွက် အင်မတန်အရေးပါတဲ့ GPU တွေထုတ်လုပ်နေတဲ့ NVIDIA ရဲ့ ရှယ်ယာတွေဟာ ၅ရက်အတွင်း ၃၀ရာခိုင်နှုန်းနီးပါးတိုးတက်လာသလို NVIDIA ရဲ့ ဈေးကွက်တန်ဖိုးဟာလည်း အင်္ဂါနေ့မှာ ဒေါ်လာ ၁ ထရီလီယံအထိ တိုးတက်လာခဲ့ပြီဖြစ်ပါတယ်။


Source: HKEPC, Quartz and Reuters

#EnThueTech
#News
#Nvidia
#လယ်သာဂျာကင်

Post a Comment

0 Comments