Bloober Team ဟာ သူတို့ရဲ့ကတိအတိုင်း Unreal Engine 5 နဲ့ ဖန်တီးထားတဲ့ horror ဂိမ်း Layers of Fear ရဲ့ PC Demo ကိုထုတ်ပေးလိုက်ပါပြီ။ Layers of Fear ဟာ Unreal Engine 5 ကို အသုံးပြုတဲ့ပထမဦးဆုံးဂိမ်းတွေထဲကတစ်ခုဖြစ်လာပါတယ်။ Demo က မေလ ၂၂ရက်အထိ အချိန်အကန့်အသတ်အတွင်းသာဆော့ကစားနိုင်မှာဖြစ်ပါတယ်။
Layer of Fear မှာ Temporal Super Resolution၊ ray tracingအပြင် Unreal Engine 5 ရဲ့ နာမည်ကျော် Lumen နဲ့ Nanite ပါဝင်သလို HDR၊ volumetric lighting နဲ့ Niagara လည်းပါဝင်ပါတယ်။ မကြာသေးခင်က Bloober Team ဟာ PC requirements တွေထုတ်ပြန်ခဲ့ပြီး UE5 ရဲ့ optimize ဖြစ်တဲ့ဂိမ်းတစ်ခုအဖြစ်မြင်ရပါတယ်။
Layer of Fear ရဲ့ System Requirements က အောက်ပါအတိုင်းဖြစ်ပါတယ်
MINIMUM:
OS: Windows 10 64-bit
Processor: Intel Core i5 4690/ AMD Ryzen 3 1200
Memory: 8 GB RAM
Graphics: Nvidia GTX 1060 3GB/ AMD RX 580 4GB
DirectX: Version 12
Storage: 20 GB available space
RECOMMENDED:
OS: Windows 10 64-bit
Processor: Intel Core i7 8700K/ AMD Ryzen 5 3600
Memory: 12 GB RAM
Graphics: Nvidia GTX 1070 8GB
DirectX: Version 12
Storage: 20 GB available space
1080P Ray Tracing အတွက်က CPU ပိုင်းအနေနဲ့ Core i7-9700K (သို့မဟုတ်) Ryzen 7 3700X နဲ့ 16GB Memory လိုအပ်ကာ GPU အနေနဲ့ RTX 2070 (သို့မဟုတ်) RX 6800XT ရှိဖို့လိုအပ်ပါတယ်။ 4K Ray Tracing အတွက်က RTX 3080Ti ကိုလိုအပ်ပါတယ်။
Layer of Fear ဟာ ၂၀၂၃ခုနှစ်၊ ဇွန်လ ၁၅ရက်နေ့မှာ PC၊ PlayStation 5၊ Xbox Series X နဲ့ Xbox Series S တို့အတွက်ထွက်ရှိမှာဖြစ်ပါတယ်။
Source: Techpowerup
#EnThueTech
#News
#Gaming
0 Comments