![]() |
Image: Microsoft |
AMD နဲ့ Intel ဟာ Windows 11 မှာ ပါဝင်လာမယ့် AI feature အတွက် သူတို့ရဲ့ processor တွေကိုအကောင်းဆုံးဖြစ်အောင်ဖန်တီးနေကြပါတယ်။ နည်းပညာကုမ္ပဏီကြီး၂ခုလုံးဟာ Microsoft ရဲ့ Moment 3 update ကိုမထုတ်ပေးခင် နာရီပိုင်းအလိုလေးမှာ AI acceleration အကြောင်းကို သတင်းထုတ်ပြန်ချက်တွေနဲ့ မျှဝေခဲ့ကြပါတယ်။
AMD ၏ ကြိုးပမ်းမှု
AI ဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်၄ခုလောက်ကစတင်ပေါ်ထွက်လာတဲ့ 3D-accerlerated graphics လိုမျိုး စိတ်လှုပ်ရှားစရာအကောင်းဆုံး ကွန်ပျူတာတီထွင်မှုတစ်ခုလို့ AMD အနေနဲ့ယူဆထားပါတယ်။ ယခင်တုန်းကလိုပဲ လက်ရှိပုံမှန် processing power ကနောက်ဆုံးပေါ် အက်ပလီကေးရှင်းတွေကိုကိုင်တွယ်နိုင်စွမ်းရှိပေမယ့် အထူးဖန်တီးထားတဲ့ accelerator နဲ့ဆိုရင် လူတွေအနေနဲ့ ပေးအပ်ထားတဲ့ feature တွေ၊ ခံစားမှုအသစ်တွေကိုပါအပြည့်အဝအသုံးချနိုင်လာစွမ်းရှိစေပါတယ်။![]() |
Image: AMD |
Windows 11 ရဲ့ Moment 3 update အသစ် နဲ့တိုင်ဆိုင်စွာပဲ AMD အနေနဲ့ Ryzen AIမှာ Studio Effects လို AI ဖန်တီးမှုအသစ်တွေအားလုံးကိုထောက်ပံ့ပေးဖို့ ဒီဇိုင်းပြုထားတယ်လို့ဆိုပါတယ်။ သီးခြား AI processor အသစ်က eye contact၊ automatic framing နဲ့ ကင်မရာsoftware မှာနောက်ခံကိုဝါးပေးတာတွေလုပ်ပေးနိုင်တယ်လို့ရှင်းပြပါတယ်။ AMD ဟာ Microsoft နဲ့အနီးကပ်ဆောင်ရွက်နေပြီး Windows 11 မှာ AI အတွေ့အကြုံအများအပြားကိုပေးအပ်နိုင်ဖို့ Ryzen AI developer tool တွေကို အစောတလျင်ရရှိအောင်လုပ်ဆောင်နေပါတယ်။ ဒါဟာ AI ဆန်းသစ်မှုရဲ့အစသာရှိသေးတယ်လို့ဆိုပါတယ်။
Intel ၏ ကြိုးပမ်းမှု
Intel အနေနဲ့ကတော့ လက်ရှိအချိန်မှာ သူတို့ရဲ့ consumer CPU တွေထဲ AI co-processor တွေထည့်သွင်းတည်ဆောက်တာတွေမရှိသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် Intel အနေနဲ့ Microsoft နဲ့ပူးပေါင်းပြီး Meteor Lake AI processor တွေကို ကနဦးစမ်းသပ်ဖို့ဆောင်ရွက်နေပါတယ်။![]() |
Image: Intel |
Chiplet SoC ပုံစံဖြစ်တဲ့ Meteor Lake မှာ neural VPU ပါဝင်မှာဖြစ်ပါတယ် ၎င်းဟာ AI model တွေကိုထိရောက်မှုကောင်းကောင်းနဲ့ကိုင်တွယ်နိုင်တံ့ သီးခြားAI engine တစ်ခုလို့ Intel ကဖော်ပြထားပါတယ်။ Meteor Lake SoC ထဲက VPU ဟာ CPU နဲ့ GPU တို့ရဲ့ AI accelerator load အချို့ကို လွဲပြောင်းရယူနိုင်ပြီး ပိုထိရောက်တဲ့ processing သို့မဟုတ် စွမ်းပကားအသစ်ကို ပေးအပ်နိုင်ပါတယ်။
"Intel အနေနဲ့ Microsoft နဲ့ Windows 11 AI enhancementအတွက် ပူးပေါင်းနေပေမယ့် hardwareတွေဟာ သုံးစွဲသူလက်ထဲမရောက်သေးတာမို့ နောက်ထပ်လုပ်ဆောင်စရာတွေကျန်ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Intel အနေနဲ့ AMD လို Windows ပလက်ဖောင်းမှာ AI ကိုအကောင်းဆုံးအသုံးချနိုင်စေဖို့ developer တွေကို ONNX runtime နဲ့သက်ဆိုင် toolchain တွေကိုအသုံးပြုခွင့်ပေးထားပါတယ်" လို့ Microsoftရဲ့ Windows Silicon & System ဌာနရဲ့ Senior Vice President ဖြစ်သူ Pavan Davuluri ကရှင်းပြပါတယ်။
စိတ်ဝင်စားဖို့ကောင်းတာက Intel ဟာ သီးခြား AI engine ပါဝင်တဲ့ Meteor Lake CPU တွေသန်းနဲ့ချီတင်ပို့ရောင်းချရမယ်လို့မျှော်လင့်နေတယ်လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။ လူအများအပြားက Meteor Lake ဟာ mobile အတွက်သီးသန့်လာလို့မေးနေကြပြီး ဒီအကြောင်းကို Intel ရဲ့ blog post မှာ ရှင်းလင်းထားတာမရှိပေမယ့် mobile သီးသန့်ဖြစ်ဖို့ရာအခွင့်အလမ်းပိုများပါတယ်။
ဒီနှစ်နောက်ပိုင်းမှာထွက်ရှိလာမယ့် Microsoft ရဲ့ Moment 3 update နဲ့ အခြား update တွေမှာ productivity ပိုင်းတိုးတက်လာဖို့နဲ့ အသုံးပြုရတဲ့အတွေ့အကြုံပိုကောင်းအောင် AI တွေထည့်သွင်းလာမှာပါ။ ထည့်သွင်းလာမယ့်အထဲမှာ အကြီးမားဆုံးတစ်ခုက OS assistant အနေနဲ့ပါဝင်မယ့် Windows Copilot ဖြစ်ကာ ဇွန်လလောက်မှာ preview အနေနဲ့မြင်တွေ့ရမှာပါ။ နောက်ထပ် Microsoft Store မှာလည်း AI app တွေအတွက်ရည်ရွယ်တဲ့ section တစ်ခုလည်းပါဝင်လာမှာဖြစ်ပါတယ်။
Source: Tom's Hardware
#EnThueTech
#News #AI #Windows
0 Comments