Windows 11 နဲ့ Windows 10 မှာ စိတ်အရှုပ်ရဆုံးအရာတစ်ခုကတော့ OS ရဲ့ search မှာ Bing က result တွေပါပြပေးတဲ့အချက်ပါ။ သင့်အနေနဲ့ စိတ်ကြိုက် app တစ်ခုခု (သို့မဟုတ်) Word ဖိုင်တစ်ခုခုကိုရှာတဲ့အခါ သင့်ကွန်ပျူတာထဲက ဖိုင်တွေ app တွေကိုပြရမယ့်အစား Bing က result တွေပြနေတာကိုကြုံရမှာပါ။ သင့်အနေနဲ့ search မှာ ပထမဆုံးစာလုံးကို ရိုက်ထားရုံနဲ့တင် MSN.com က story တွေ search result တွေကို တစ်ခါတည်းပြပေးနေတာပါ။ ဒီလို UI အတွက် သင့်ရဲ့အချိန်ကိုအသုံးပြုလိုက်ခြင်းဟာ Microsoft အနေနဲ့ သူ့ရဲ့အကြောင်းအရာတွေနဲ့ဝန်ဆောင်မှုတွေကို ကြော်ငြာနိုင်မှာပဲဖြစ်ပါတယ်။
ကံကောင်းထောက်မစွာနဲ့ Windows Web Search ကို registery မှာ အနည်းငယ်ချိန်ညှိခြင်းအားဖြင့် လွယ်လင့်တကူပိတ်ထားနိုင်ပါတယ်။ ဒီအဆင့်တွေဟာ Windows 11 နဲ့ Windows 10 ၂ခုလုံးမှာ အလုပ်လုပ်ပါတယ်။Windows 11 (သို့မဟုတ်) 10 တွင် Web Search ပိတ်နည်း
1. Registry Editor ကိုဖွင့်ဖို့ regedit ကို search ထဲမှာရှာလိုက်ပါ။ User Account Control ပေါ်လာရင် Yes ကိုနှိပ်ပါ။![]() |
Image credit: Future |
2. Registry Editor ထဲက HKEY_CURRENT_USER\Software\Policies\Microsoft\Windows ကိုသွားပါ။
![]() |
Image credit: Future |
3. Key အသစ် ဒါမှမဟုတ် Folder အသစ်ကိုဖွင့်ပြီး Explorer ဆိုတဲ့နာမည်ကိုပြောင်းပေးရပါမယ်။ key အသစ်ကို ဘာဘက်က panel မှာ right click နှိပ်ပြီးဖွင့်နိုင်ပါတယ်။
![]() |
Image credit: Future |
4. နောက်ထပ် DWORD(32-bit) registry key အသစ်ကိုဖွင့်ပြီး DisableSearchBoxSuggestions လို့နာမည်ပေးပါ။ key အသစ်ကို ညာဘက်က panel မှာ right click နှိပ်ပြီး New->DWORD ကိုရွေးကာဖွင့်နိုင်ပါတယ်။
![]() |
Image credit: Future |
5. DisableSearchBoxSuggestions ကို double click နှိပ်ပြီး Value ကို 1 ထားကာ OK ကိုနှိပ်ပါ။
![]() |
Image credit: Future |
6. Regedit ကိုပိတ်ပြီး reboot လုပ်လိုက်ပါ။ reboot မလုပ်လိုပါက explorer.exe ကို task manager မှာ restart လုပ်နိုင်ပါတယ်။
![]() |
Image credit: Future |
အခုချိန်ကစပြီး search menu ရဲ့ loading ကပိုမိုမြန်ဆန်လာမှာဖြစ်ပြီး MSN က စာတွေနဲ့ thumbnail တွေကိုမြင်ရတော့မှာမဟုတ်ပါဘူး။
Source: Tom's Hardware
#EnThueTech
#TechTips
Source: Tom's Hardware
#EnThueTech
#TechTips
0 Comments