Subscribe Us

header ads

AMD နှင့် Intel တို့ကို အနိုင်မယူနိုင်သည့် Apple ၏ M2 Ultra

Image: Apple

Apple ရဲ့ M2 Ultra ဟာ Core 24 ခုနဲ့ GPU Core 76 ခုအထိပါဝင်တဲ့ နောက်ဆုံးထွက် processor ဖြစ်ပါတယ်။ ၎င်းဟာ 2019 Mac Pro မှာထည့်သွင်းထားတဲ့ Intel ရဲ့ 28 Core Xeon W ထက်လည်းမြန်ဆန်နိုင်သေးတာမို့ Mac Pro workstation အသစ်အသုံးပြုသူတွေဟာ သိသာတဲ့စွမ်းဆောင်ရည်တိုးမြှင့်လာမှုကိုခံစားရမှာဖြစ်ပါတယ်။ သို့ပင်သော်ငြား ထွက်ပေါ်လာတဲ့ Benchmark တွေအရ Geekbench 5 မှာ Clockspeed မြင့်မားတဲ့ ပြိုင်ဘက် Intel နဲ့ AMD ချစ်ပ်တွေကိုမယှဉ်နိုင်ပါဘူး။

Image: Apple

Heavy-duty workstation အဆင့် processor တွေဟာ desktop နဲ့ server CPU တွေနဲ့ ကွဲပြားကြကာ တုန့်ပြန်မှုအလွန်ကောင်းဖို့နဲ့ ကြီးမားလေးလံတံ့အလုပ်တွေမှာ မြင့်မားတဲ့စွမ်းဆောင်ရည်ကို တစ်သမတ်တည်းပေးစွမ်းဖို့ရာလိုအပ်ပါတယ်။ ဆိုလိုတာက သူတို့ဟာ IPC၊ clock speed၊ core count တွေမြင့်မားဖို့လိုအပ်သလို memory နဲ့ PCIE lane တွေအများအပြား အထောက်အပံ့ပေးနိုင်ဖို့ရာလိုအပ်ပါတယ်။ AMD ရဲ့ Ryzen Threadripper Pro W5995X Intel W9-3495X တို့ဟာ Core 64ခုနဲ့ 56ခုစီ အသီးသီးရှိကြတာမို့ ဒီလိုအပ်ချက်နဲ့ကိုက်ညီပါတယ်။ အတိုချုပ်အားဖြင့် သူတို့မှာ အလွန်မြင်မားတဲ့ clock speed ကိုပေးအပ်ဖို့ရာ ဆာဗာအဆင့် silicon ကို အသုံးပြုထားပါတယ်။


Image: Tom's Hardware

M2 Ultra မှာတော့ M2 Max SoC ကို ၂ခုပေါင်းစပ်ထားတာဖြစ်ပြီး အဆိုပါချစ်ပ်တွေဟာ မူလအားဖြင့် MacBook Pro နဲ့ Mac Studio မှာ အသုံးပြုဖို့သာ ဒီဇိုင်းပြုထားတာဖြစ်ပါတယ်။ ဒီ workstation တွေဟာ ထိုက်သင့်တဲ့စွမ်းဆောင်ရည်‌ရှိပေမယ့် မြင့်မားတဲ့ clock speed ရဖို့ ဒီဇိုင်းမထုတ်ထားတာသလို စက်ကို expand လုပ်နိုင်တဲ့စနစ်ကိုလည်း အထောက်အပံ့မပေးထားတဲ့အတွက် memory နဲ့ storage ကိုသာတပ်ဆင်နိုင်မှာပါ။ အလွန်ကြီးမားတဲ့ workload တွေပေါ်လာတဲ့အခါ clock speed ကို မြှင့်တင်ရမယ့်အစား M2 ဟာ အထူးပြုလုပ်ထားတဲ့ accelerator ကိုသာအသုံးပြုပါတယ်။ ဒါ့အပြင် စွမ်းဆောင်ရည်နဲ့ အအေးခံမှုအပိုင်းမှာ အကန့်အသတ်ရှိတာကြောင့် core တွေအများကြီးပါအောင် ဒီဇိုင်မထုတ်ထားတဲ့အတွက် M2 Max ၂ခုပေါင်းစပ်ထားတဲ့ M2 Ultra ဟာ Intel ရဲ့ Core i9-13900K ရဲ့ clock speed ကိုမယှဉ်နိုင်သလို AMD Ryzen Threadripper Pro W5995WX ရဲ့ core အရေအတွက်ကိုမယှဉ်နိုင်ပါဘူး။

Image: Tom's Hardware

ဒါ့ကြောင့် Apple ရဲ့ M2 Ultra Intel Core i9-13900K single thread စွမ်းဆောင်ရည်နဲ့ Multi core အလုပ်‌တွေရဲ့ Geekbench 5 benchmark ရလဒ်မှာ ပိုမိုနှေးကွေးနေရလဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ အချို့တွေက Geekbench 5 ဟာ synthetic benchmark သာဖြစ်ပြီးလက်တွေ့ application တွေမှာ သက်ရောက်မှာမဟုတ်ဘူးလို့ စောဒကတက်နိုင်ပြီး ဒါကမျှတတဲ့ငြင်းခုံမှုတစ်ခုဖြစ်ပါတယ်။ သို့ပင်သော်ငြား အထူးဖန်တီးထားတဲ့ accelerator မပါဝင်တဲ့ သူတို့ရဲ့ compute စွမ်းရည်ကတွေး‌ဆစရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် Apple ရဲ့ M2 SoC တွေမှာ acceleratorတွေအများအပြားထည့်သွင်းထားတယ်ဆိုတဲ့အချက်ကို မိမိတို့အနေနဲ့ယူဆထားပါတယ်။ ဒါကြောင့်မို့ ၎င်း အနေနဲ့ workstation အဆင့် အလုပ်တွေမှာ စွမ်းဆောင်ရည်ကောင်းမွန်စေဖို့ မြင့်မားတဲ့ clock speed နဲ့ core လိုအပ်မှာမဟုတ်ပါဘူး။

နောက်ထပ်ပြောရရင် မြင့်မားတဲ့စွမ်းဆောင်ရည်ရှိတဲ့ AMD နဲ့ Intel တို့ရဲ့ Workstation processor တွေဟာ အမြင့်မားဆုံး workload တွေကိုကိုင်တွယ်ဖို့ဒီဇိုင်းပြုထားတာပါ။ ဒီအတွက် Apple ရဲ့ Mac Pro ဟာ AMD နဲ့ Intel တို့ရဲ့ CPU တွေကို workstation အလုပ်တွေမှာ အမှန်တကယ်အနိုင်ယူနိုင်မှာလားဆိုတာ‌ကိုတော့ စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။

Source: Tom's Hardware

#EnThueTech
#News
#CPU #Apple

Post a Comment

0 Comments