Subscribe Us

header ads

Apple မှ Vison Pro AR headset ကိုထုတ်ဖော်ပြသ

Image: JUSTIN SULLIVAN/GETTY IMAGES

ပေါက်ကြားမှုတွေနဲ့ ခန့်မှန်းမှု တွေ နှစ်ပေါင်းများစွာ ထွက်ပေါ်လာခဲ့တဲ့အဆုံး Apple ဟာ AR နဲ့ VR ဈေးကွက်ထဲကို Vision Pro နဲ့ဝင်ရောက်လာပြီဆိုတာ ထုတ်ပြသလာခဲ့ပါတယ်။ ၎င်းဟာ အတော်ဈေးကြီးပြီး MacBookတစ်လုံးလိုစွမ်းဆောင်ရည်ရှိကာ Apple ရဲ့ကောင်းမွန်လှတဲ့ software ecosystem ကို AR headset ထဲမှာပေါင်းစပ်ထားတယ်လို့ဆိုနိုင်ပါတယ်။

Image: Apple

Apple ဟာ WWDC23 ပွဲမှာ နှစ်ပေါင်းများစွာစောင့်မျှော်နေကြတဲ့ Vision Pro ဆိုတဲ့ AR headset ကိုထုတ်ဖော်ပြသလိုက်ပါတယ်။ $3499 တန်ကြေးရှိပြီး အခြားသော Device မလိုပဲသီးခြားအသုံးပြုနိုင်တဲ့ ဒီ AR headset မှာ MacBook မှာ အသုံးပြုထားတဲ့ M2 ချစ်ပ်နဲ့ စွမ်းအားပေးထားကာ Vision OS ဆိုတဲ့ OS အသစ်နဲ့ အက်ပ်တွေကို mixed reality ထဲမှာပေါင်းထည့်ထားပါတယ်။ ထူးခြားချက်ကတော့ VR headset တွေလို သီးခြားလက်ကိုင်ခလုတ်တွေမလိုအပ်ပါဘူး။ ဒီလိုစွမ်းဆောင်နိုင်ဖို့ အောက်ကိုစိုက်ထားတဲ့ကင်မရာတွေ၊ IR source၊ TrueDepth မော်ဂျူးတွေနဲ့ LiDAR စကင်နာတွေကိုတွဲဖက်အလုပ်စေမှာဖြစ်ကာ latency ဟာ 12ms သာရှိမယ်လို့ဆိုပါတယ်။

Image: Apple

Apple အနေနဲ့ Vision Pro ကို ထူးခြားလှတဲ့ထုတ်ကုန်တစ်ခုအဖြစ်ရှုမြင်ထားပြီး Spatial Computing လို့တောင်နာမည်ပေးထားပါတယ်။

Image: Apple

Vision Pro မှာ မျက်လုံးတစ်ဖက်စီကို 4K resolution ရှိတဲ့ OLED display ၂ခုတွဲဖက်ထားကာ pixel ပေါင်း 23 သန်းအထိရရှိစေမှာပါ။ ဒါ့ကြောင့် 4‌K မြင်ကွင်းကိုအပြည့်အဝခံစားရစေမှာပါ။ ဒါ့အပြင် သူ့မှာ Apple ရဲ့ ပထမဦးဆုံး 3D ကင်မရာပါဝင်ပြီး 3D ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ရိုက်ကူးကြည့်ရှူနိုင်စေမှာပါ။

Image: Apple

Vision Pro ဟာ အခြား apple ထုတ်ကုန်တွေမှာ အသုံးပြုနေတဲ့ Apple TV+ Disney+ Microsoft Office Safari FaceTime Apple Arcade ဂိမ်းတွေနဲ့ အခြားများပြားလှတဲ့ အက်ပ်တွေကိုအသုံးပြုနိုင်မှာပါ။ Developer တွေအနေနဲ့လည်း သူတို့ ‌app တွေကို Vision OS ပေါ်ကို port လုပ်နိုင်သလို iPhone နဲ့ iPad အက်ပ်တွေကိုလည်း compatibility mode နဲ့ သုံးစွဲနိုင်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ အက်ပ်တွေကို မျက်လုံးနဲ့ကြည့်တာ၊ လက်ဟန်နဲ့ခိုင်းတာ၊ အသံနဲ့အမိန့်ပေးနိုင်တာအပြင် အလုပ်နဲ့ဂိမ်းအတွက် Bluetooth keyboard တွေ ကွန်ထရိုလာတွေနဲ့ပါချိတ်ဆက်နိုင်ပါတယ်။ နောက်ထပ်တစ်ခုက Vision Pro အသုံးပြုသူတွေဟာ Mac ကွန်ပြူတာကိုကြည့်လိုက်တာနဲ့ Mac ပေါ်က မြင်ကွင်းကို ပုံကြီးချဲ့ထားတဲ့ပုံစံနဲ့ပါမြင်ရမှာပါ။

Image: Apple

Vision Pro အနေနဲ့ သက်ဝင်လှုပ်ရှားနေတဲ့ ဒိုင်နိုဆောတွေ၊ 3D ရုပ်ရှင်တွေနဲ့ အားကစားပွဲတွေကိုတိုက်ရိုက်ကြည့်နိုင်ဖို့အထောက်အပံ့ပေးထားပါတယ်။ အသုံးပြုသူတွေအနေနဲ့ virtual backgroundကိုအတိုးလျော့ပြုလုပ်နိုင်သလို အနီးအပါးကလူတွေကိုလည်းကြည့်ရှုနိုင်ကာ spacial audio ကြောင့် အသက်ဝင်တဲ့အသံကိုလည်းကြားရစေမှာပါ။

Vision Pro ရဲ့ အထူးခြားဆုံး feature တစ်ခုက Eyesight ပါ သူက အတွင်းဘက်မှာတပ်ဆင်ထားတဲ့ ကင်မရာတွေကတဆင့် သင့်ရဲ့ ရုပ်ပုံကို ဖောက်ထွင်းပြီးမြင်ရစေသလိုဖြစ်အောင် headset အပြင်မှာ screen တစ်ခုတပ်ဆင်ပေးထားတာပါပဲ။ ဒီအတွက်ကိုယ်က Vision Pro ကိုတပ်ထားပေမယ့် အခန်းထဲကလူတွေနဲ့ ဟန်မပျက်စကားပြောနိုင်ပါတယ်။

Image: Tom's Hardware

Appleအနေနဲ့ Vision Proကို ထူးခြားတဲ့ ထုတ်ကုန်တစ်ခုအဖြစ်ရှုမြင်ထားပြီး အလုပ်လုပ်ဖို့ရော ဂိမ်းကစားဖို့ပါ ၂မျိုးလုံးသုံးနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမယ့် အချို့ဝေဖန်ရေးဆရာတွေကတော့ Vision Pro ဟာ ဈေးကြီးတယ်၊ ပုံမှန် VR headset တွေထက်ကြီးမားလေးလံတယ်၊ ဘက်ထရီက ၂နာရီသာခံတယ်၊ အမြင်နဲ့စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု‌ဖြစ်စေနိုင်တယ်လို့ဆိုကြပါတယ်။


Vision Pro ကို နောက်နှစ်အစောပိုင်းမှာရောင်းချမှာဖြစ်ကာ ထွက်ရှိချိန်မှာ အသင့်သုံးနိုင်မယ့် အက်ပ်တွေထောင်ချီရှိနေလိမ့်မယ်လို့ Apple ကဆိုပါတယ်။

Source: TechSpot and Notebookcheck

#EnThueTech
#News

Post a Comment

0 Comments