Subscribe Us

header ads

Avatar: Frontiers of Pandora၊ Star Wars Outlaws နှင့် လတ်တလောကြေညာသွားသည့်ဂိမ်းများ

Image: Ubisoft

ဒီနှစ်အတွင်းမှာ E3 2023 ပွဲကိုဖျက်သိမ်းခဲ့ပြီးဖြစ်တာမို့ ဂိမ်းထုတ်လုပ်သူတွေဟာ မိမိရဲ့ကိုယ်ပိုင်အစီအစဉ်နဲ့ ဂိမ်းအသစ်တွေကိုကြေညာနေပါတယ်။ အောက်မှာဖော်ပြထားတဲ့ဂိမ်းတွေက Xbox Games Showcase 2023၊ Ubisoft Forward 2023၊ Summer Game Fest 2023 နဲ့ အခြား event တွေထဲက စိတ်ဝင်စားစရာအကောင်းဆုံးဂိမ်းတွေကိုတင်ဆက်ပေးလိုက်ပါတယ်။


Avatar: Frontiers of Pandora

Avatar ရုပ်ရှင်တွေကိုမှီငြမ်းထားတဲ့ ဒီဂိမ်းမှာ သင်ဟာ Na'vi တစ်ယောက်အနေနဲ့ကစားရမှာဖြစ်ကာ သူတို့ရဲ့ဂြိုလ်ကိုကာကွယ်ရပါမယ်။ ဂိမ်းမှာ သဘာဝရှုခင်းတွေ၊ ရိုးရာလက်နက်တွေနဲ့ ခေတ်ပေါ်လက်နက်တွေကိုပေါင်းစပ်ကစားရမယ့် first person advanture ဂိမ်းပါ။ ရုပ်ထွက်ပိုင်းက ဇာတ်ကားထဲကလိုအတော်လေးကိုလှပတာတွေ့ရပေမယ့် အချို့ lighting ‌တွေမှာ အားနည်းချက်ရှိနေတယ်ခံစားရပါတယ်။ အချို့ကလည်း Far Cry ပုံစံနဲ့ဆင်မယ်လို့ယူဆနေကြပါတယ်။ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ၊ ၇ရက်နေ့မှာထွက်ရှိမယ်လို့ဆိုပါတယ်။



Star Wars Outlaws

Star Wars ပရိသတ်တွေအတွက် Jedi Survivor အပြင် ဒီနှစ်ထဲထွက်ရှိမယ့် Star Wars ဂိမ်းဖြစ်ပါတယ်။ Ubisoft ကထုတ်မယ့် ဒီဂိမ်းဟာ Star Wars ရုပ်ရှင်တွေဖြစ်တဲ့ Episode V နဲ့ Episode VI အကြားမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီး အသက်ရှင်သန်ဖို့ ဘာမှဆိုလုပ်ဖို့ဝန်မလေးတဲ့ လူဆိုး Kay Vess အဖြစ်ကစားရမှာဖြစ်ပါတယ်။ ဒီအတွက်တစ်ချို့နေရာတွေမှာ ကုပ်ချောင်းချောင်းသွားဖို့လိုသလို အချို့နေရာတွေမှာ စိတ်ကြိုက်ပစ်ခတ်နိုင်ပါတယ်။ သူ့ကို ကစားရမယ့် gameplay ပုံစံက open world galaxy ပုံစံအပြင် open world ပုံစံ underworld လည်းပါဝင်ပါတယ်။ ၂၀၂၄ခုနှစ်မှာထွက်ရှိမယ်လို့ဆိုပါတယ်။


Starfield

Elder Scrolls နဲ့ Fallout ဂိမ်းတွေဖန်တီးသူ Bethesda ရဲ့ Starfield ကိုစောင့်မျှော်နေတဲ့သူတွေအများအပြားရှိမယ်လို့ထင်ပါတယ်။ open world rpg အမျိုးအစားဖြစ်တဲ့ ဒီဂိမ်းမှာ အာကာသထဲလွတ်လွတ်လပ်လပ်သွားလည်နိုင်ပြီး ဂြိုလ်အသစ်တွေမှာ အခြေစိုက်ရပါမယ် လည်ပတ်နိုင်တဲ့ဂြိုလ်ပေါင်း ၁၀၀၀ကျော်ကိုလည်းဖန်တီးပေးထားပါတယ်။ Creation Engine 2 နဲ့ဖန်တီးထားတဲ့ဒီဂိမ်း အလွန်လှပပြီး နှစ်မျောလောက်တဲ့ gameplay ရှိမယ်လို့ကတိပေးထားပါတယ်။ Starfield ဟာ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၆ရက်နေ့မှာထွက်ရှိမယ်လို့သိရပါတယ်။


Forza Motorsport

၂၀၁၇ခုနှစ်မှာထွက်ရှိခဲ့တဲ့ Forza Motorsport 7 အပြီး Series ကို reboot အနေနဲ့ထွက်ရှိလာမယ့် Forza Motorsport ဂိမ်းဖြစ်ပါတယ်။ အလွန်လှပတဲ့ရုပ်ထွက်နဲ့ထွက်ရှိလာမယ့် ဒီ driving simulation ဂိမ်းဟာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁၀ရက်နေ့မှာထွက်ရှိပါမယ်။


Payday 3

ဘဏ်တွေကိုဓားပြတိုက်ရတဲ့ Payday ဂိမ်းအသစ်ဖြစ်တဲ့ Payday 3 ဟာ Payday 2 အပြီးနှစ်အနည်းငယ်အကြာကိုအခြေခံထားပါတယ်။ Payday Gang အနေနဲ့ ဒုစရိုက်မှုကနေအနားယူသွားပေမယ့် ခြိမ်းခြောက်မှုအသစ်ကသူတို့ကိုပြန်စုစီးစေပြီး နယူးယောက်မြို့ကိုရွေ့ပြောင်းစေပါတယ်။ co-op shooter ဂိမ်းအမျိုးအစားဖြစ်တဲ့ Payday 3 မှာ သူငယ်ချင်း ၃ယောက်အထိပါဝင်နိုင်ပါတယ်။ ဒီဂိမ်းဟာ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၂၁ရက်နေ့မှာထွက်ရှိပါမယ်။


Microsoft Flight Simulator 2024

Microsoft Flight Simulator ဂိမ်းကိုကြီးကြီးမားမားအဆင့်မြှင်တင်မယ့် Microsoft Flight Simulator 2024 ဟာ များပြားလှတဲ့ ကစားပုံတွေ၊ အဆင့်မြှင့်တင်တာတွေပါသလို Dune ရုပ်ရှင်က Ornithopter ကိုလည်း မှောင်းနှင်ခွင့်ပေးတော့မှာပါ။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁၀ရက်နေ့မှာထွက်ရှိမယ်လို့သိရပါတယ်။


Star Trek: Infinite

အာကာသဂိမ်းတွေနဲ့ Star Trek ဇာတ်လမ်းကိုကြိုက်နှစ်သက်‌တွေအတွက် Star Trek: Infinite ထွက်ရှိလာပါမယ်။ ဒီဂိမ်းအကြောင်းအသေးစိတ်ကို Picard Day လို့ လူသိများတဲ့ ၂၀၂၃ခုနှစ်၊ ဇွန်လ ၁၆ရက်နေ့မှာ ထုတ်ဖော်ပြသမယ်လို့ဆိုထားကာ ဆောင်းဦးရာသီလောက်မှာ ထွက်ရှိမယ်လို့သိရပါတယ်။


Assassin's Creed Mirage

နောက်ဆုံးထွက် Assassin's Creed ဂိမ်းဖြစ်တဲ့ Assassin's Creed Mirage ဟာ အေဒီ ၉ရာစု ဘဂ္ဂဒက်မြို့မှာ လမ်းဘေးသူခိုးတစ်ယောက်ဖြစ်တဲ့ Basim Ibn Ishaq က Assassin Brotherhood ကိုဝင်ရောက်သွားတဲ့ ဇာတ်လမ်းကိုအ‌ခြေတည်ထားပါတယ်။ ဒီဂိမ်းဟာ နောက်ပိုင်းထွက်ရှိတဲ့ Assassin's Creed ဂိမ်းတွေလို open world ပုံစံမပေါက်စေပဲ အစောပိုင်းဂိမ်းတွေလို ပိုပြီး linear ဖြစ်ကာ ဇာတ်လမ်းပိုင်းကိုအာရုံစိုက်ထားပါတယ်။ ဒီဂိမ်းဟာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁၂ရက်နေ့မှာထွက်ရှိမယ်လို့သိရပါတယ်။

Source: IGN, PC Gamer, Steam and Windows Central

#EnThueTech
#News
#Gaming




Post a Comment

0 Comments