 |
Image: MSI |
MSI ဟာ တိုင်ပေမှာကျင်းပတဲ့ Computex 2023 ပွဲမှာ laptop အချို့ကိုပြသခဲ့ပါတယ်။ Computex ပွဲဟာ ကပ်ရောဂါကြောင့် သုံးနှစ်ကြာ ရပ်နားခဲ့ရပြီး ယခုအခါမှာတော့ တီထွင်ဆန်းသစ်ထားတဲ့ ထုတ်ကုန်အများအပြားဟာဆိုရင် Computex 2023 ပွဲကြီးသို့ ရောက်ရှိလို့လာပါတယ်။ ဘာတွေပါမလဲကြည့်ရအောင်ပါ။
 |
Image: MSI |
Creator Z17 HX Studio
မနှစ်က Best Choice Award ဆုကိုရရှိခဲ့တဲ့ Creator Z17 HX Studio ဟာ ယခုနှစ် Computex မှာလည်း ပြန်လည်ပါဝင်လာပါတယ်။ သူ့မှာ Intel® Core™ i9 HX-series CPU နဲ့ NVIDIA Studio တို့ကိုတပ်ဆင်ထားပြီး ကမ္ဘာ့အပါးလွှာဆုံးနှင့် အစွမ်းထက်ဆုံး Intel HX creator Laptop တစ်ခုပဲဖြစ်ပါတယ်။
 |
Image: MSI |
Stealth 16 Mercedes-AMG Motorsport
Computex ပွဲမှာ MSI laptop တွေထဲ အတောက်ပဆုံးလို့ဆိုနိုင်တာကတော့ MSI နှင့် Mercedes-AMG တို့ ပေါင်းစပ်ဖန်တီးထားတဲ့ Stealth 16 Mercedes-AMG Motorsport ပါ။ Limited Edition အနေနဲ့ထွက်ရှိလာတဲ့ ဒီ laptop မှာ NVIDIA® GeForce RTX™ 40 Series Laptop GPUs နှင့် နောက်ဆုံးပေါ် 13th Gen Intel® Core™ i9 ပရိုဆက်ဆာကို အသုံးပြုထားပြီး 4K OLED မျက်နှာပြင်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ MSI နဲ့ Mercedes-AMG နှစ်ခုလုံးရဲ့ အငွေ့အသက်အငွေအသက်ကို ခံစားနိုင်ဖို့ရာ သီးသန့်ပရီမီယံ Bundle Pack၊ mouse၊ mousepad၊ USB drive နဲ့ အမျိုးမျိုးသောပစ္စည်းတွေမှာ MSI နဲ့ Mercedes-AMG Motorsport တံဆိပ်တွေကို ထည့်သွင်းထားပါတယ်။
 |
Image: MSI |
Commercial 14
မျက်နှာပြင် ၁၄လက်မအရွယ်အစားနဲ့ပွဲထွက်လာတဲ့ Commercial 14 ဟာ MSI ရဲ့ business/productivity laptop lineup အသစ်ပဲဖြစ်ပါတယ်။ သူကစီးပွားရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ရည်ရွယ်ထားတာမို့ လုံခြုံရေးအစီးအမံတွေ၊ NFC နဲ့ Smart Card Reader တွေတွဲဖက်ပါဝင်ပါတယ်။ ဒါ့အပြင် MSI ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဂရုစိုက်တဲ့အနေနဲ့ ကီးဘုတ်ပတ်လည်ကို recycle ပစ္စည်းတွေနဲ့ပြုလုပ်ထားပြီး ထုတ်ပိုးမှုရဲ့ ၉၀ရာခိုင်နှုန်းကျော်ကိုလည်း recycle စက္ကူတွေအသုံးပြုပေးထားပါတယ်။
 |
Image: MSI |
Alpha 17
MSI ရဲ့ AMD အသားပေး gaming laptop lineup ထဲကတစ်ခုဖြစ်တဲ့ Alpha Series အနွယ်ဝင် MSI Alpha 17 ကိုလည်း အဆင့်မြှင့်တင်မှုတွေပြုလုပ်လာတာတွေ့ရပါတယ်။ သူ့မှာဆိုရင်လည်း AMD ရဲ့ နောက်ဆုံးထွက် Ryzen 7 7045HX Dragon Range CPU နဲ့ RTX 40 Series GPU ကိုတွဲဖက်ပေးထားပါတယ်။ ဒါတင်မက ထူးခြားချက်က Alpha 17 မှာ ကမ္ဘာ့ပထမဦးဆုံး Qualcomm FastConnect 7800 Wifi 7 နဲ့ အဆင့်မြှင့်တင်ပေးထားပါတယ်။ FastConnect 7800 မှာ WiFi 7 ရဲ့ မြန်နှုန်းကို 5.8Gbpsအထိရရှိမှာဖြစ်သလို latency ဟာလည်း 2ms အထိ အနည်းဆုံးဖြစ်အောင်ဖန်တီးပေးထားပါတယ်။ မြင်မားတဲ့ hardware တွေနဲ့လိုက်ဖက်ညီအောင် screen ကိုလည်း QHD 240Hz ကိုအသုံးပြုမှာဖြစ်ပါတယ်။
 |
Image: MSI |
Prestige 16
အသစ်ထွက်ရှိလာတဲ့ Prestige 16 ဟာ ဆိုရင်လည်း 2023 ခုနှစ်ရဲ့ Red Dot ဒီဇိုင်းဆုကိုရရှိထားပြီး မဂ္ဂနီဆီယမ်သတ္တုစပ်ကိုယ်ထည်ကိုဖန်တီးထားကာ အလေးချိန်ဟာ 1.5kg သာရှိမှာပါ။ Intel ရဲ့ Evo platform ဖြစ်တာကြောင့် နောက်ဆုံးထွက် Intel CPU နဲ့ Power Delivery 3.1 နဲ့ 140W အထိအားသွင်းဖို့ အထောက်အပံ့ပါဝင်ပါတယ်။ ဒါ့အပြင် NVIDIA ရဲ့ RTX 40 Series GPU ပါဝင်တဲ့ မော်ဒယ်တွေကိုပါ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ၁၆လက်မ laptop အနေနဲ့ဆိုရင် Prestige 16 ဟာ ပေါ့ပါးသလောက်စွမ်းဆောင်ရည်ကောင်းမွန်မှာပဲဖြစ်ပါတယ်။
Source: MSI
#EnThueTech
#News
0 Comments