![]() |
Image: Apple |
Apple ဟာ ကောင်းမွန်တဲ့ ကွန်ပြူတာတွေကိုထုတ်လုပ်ဖန်တီးနိုင်တယ်ဆိုပေမယ့် မဟာအားနည်းချက်တစ်ခုရှိပါတယ်။ ဒါကတော့ သူ့ရဲ့ဂိမ်းကစားနိုင်စွမ်းဟာ အကန့်အသတ်ရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွေးမှာ အနည်းငယ်လောက်သာရှိတဲ့ ဂိမ်းစတူဒီယိုတွေဟာ သူတို့ရဲ့ ဂိမ်းတွေကို MacOS ပေါ် port လုပ်ပေးခဲ့ပါတယ် ဒါပေမယ့် ဒီအပတ်မှာကျင်းပနေတဲ့ WWDC 2023 မှာ Apple အနေနဲ့ သူတို့ရဲ့ ချစ်ပ်တွေဟာ ဂိမ်းတွေအမှန်တကယ်ကစားနိုင်တဲ့ ပလက်ဖောင်းတစ်ခုဖြစ်လာနေပြီလို့ဆိုပါတယ်။ ကုမ္ပဏီရဲ့ တင်ဆက်မှုအများအပြားမှာ အသစ်ထွက်ရှိလာမယ့် Vision Pro AR headset အကြောင်းကိုသာ အာရုံစိုက်နေတာကိုတွေ့ရပေမယ့် အချို့ထုတ်ပြန်ချက်တွေက လူသိနည်းနေပါတယ်။
![]() |
Image: Mobile Syrup |
Metal Gear Solid ဂိမ်းတွေရဲ့ဖန်တီးရှင် Hideo Kojima က မိမိအနေနဲ့ ၁၉၉၄ခုနှစ်မှာ ပထမဆုံး Mac ကိုဝယ်ယူပြီးကတည်းက Apple ရဲ့ ဖန်အကြီးစားတစ်ယောက်ဖြစ်ကြောင်း ဒါ့ကြောင့် မိမိအဖွဲ့သားတွေအကောင်းဆုံးဖန်တီးထားတဲ့ ဂိမ်းကို Mac ပေါ်မှာမြင်လိုကြောင်းပြောကြားခဲ့ပါတယ်။ မိမိတို့ရဲ့ ပရိတ်သတ်တွေ Apple ရဲ့ နည်းပညာတွေကို ခံစားနိုင်ဖို့အတွက် Death Stranding Director Cut ဂိမ်းဟာ ဆိုရင် ဒီနှစ်အတွင်း Mac ကို ရောက်ရှိလာမယ်လို့ဆိုပါတယ်။ အခြား developer တွေကလည်း ဒီနှစ်အတွင်း သူတို့ရဲ့ဂိမ်းတွေ Mac ပေါ်ရောက်လာမယ်လို့ဆိုကြပါတယ်။ Apple ဒီဗျူဟာအသစ်ပေါ်အရမ်းစိတ်အားထက်သန်နေပြီး "Mac သန်းပေါင်းများစွာဟာ တောင်းဆိုမှုမြင့်မားတဲ့ဂိမ်းတွေကို စွမ်းဆောင်ရည်ကောင်းကောင်း၊ ထူးခြားလှတဲ့ဘက်ထရီသက်တမ်းနဲ့ လှပတဲ့ အမြင်အာရုံတွေနဲ့ ဆော့ကစားနိုင်မှာပါ" လို့ဆိုပါတယ်။
Mac ပေါ်မှာ ဂိမ်းတွေကစားနိုင်ဖို့ရာ Apple အနေနဲ့ Game Porting Toolkit ကိုဖန်တီးထားပါတယ်။ ဒီ Toolkit နဲ့ developer တွေဟာ သူတို့ရဲ့ DirectX12 နဲ့ DirectX11 ဂိမ်းတွေကို Apple silicon Mac အပေါ် အလွယ်တကူ port လုပ်နိုင်မှာဖြစ်ပါတယ်။
Apple ရဲ့ Worldwide Developer Relations ဒုဥက္ကဌဖြစ်သူ Susan Prescott က "Mac အတွက် ဂိမ်းကစားနိုင်တဲ့ခေတ်သစ်ကို ရောက်လာပါပြီ ကမ္ဘာအနှံ့အပြားက developer တွေအနေနဲ့ Metal 3 က စွမ်းအားကောင်းတဲ့ tool တွေကိုအသုံးချကာ တုန့်ပြန်မှုကောင်းမွန်ပြီး မြင့်မားတဲ့ frame rate တွေကို ဂိမ်းကစားသူတွေထံပေးအပ်နိုင်ပါပြီ"လို့ဆိုပါတယ်။သူတို့ရဲ့ software engineer အဖွဲ့သားတွေဟာ Windows ပေါ်က ဂိမ်းတွေကို Mac ထံ ရိုးရှင်းမြန်ဆန်စွာ port လုပ်နိုင်မယ့်စနစ်ကိုဖန်တီးနေကြတယ်လို့ဆိုပါတယ်။ သဘောကတော့ Linux OS သုံးတဲ့ Steam Deck မှာ Proton ကိုသုံးပြီးဂိမ်းကစားတာနဲ့ဆင်တူပါတယ်။ ဒါ့အပြင် developer တွေက ဂိမ်းအချို့ကိုကစားပြခဲ့ပြီး M2 Max နဲ့ M1 MacBook Pro တို့မှာ Cyberpunk 2077၊ M1 Max MacBook Pro မှာ Diablo IV ကိုကစားပြသွားပါတယ်။ စိတ်ဝင်စားစရာအချက်က အသစ်ထွက်လာမယ့် M2 Ultra ဟာ AAA ဂိမ်းတွေကိုဘယ်လောက်အထိကိုင်တွယ်နိုင်မလဲဆိုတာပါပဲ။ လောလောဆယ်ထွက်ပေါ်ထားတဲ့သတင်းတွေအရ M2 Ultra ရဲ့ Geekbench 6 Compute performance ဟာ RTX 4070Ti နဲ့ RTX 4080 ရှိနေပြီး ယခင် M1 Ultra ထက် ၄၀ရာခိုင်နှုန်းပိုမိုမြန်ဆန်နေတယ်လို့ဆိုပါတယ်။
0 Comments