Subscribe Us

header ads

Windows 11/10 ရှိ Cortana အက်ပ်ကို Microsoft မှ ယခုနှစ်နှောင်းပိုင်းတွင် အသုံးပြုမှုရပ်ဆိုင်းမည်

Image: DALL-E 

ယနေ့မှာ Microsoft ဟာ Cortana အက်ပ် ကို Windows 10 နဲ့ ဒီနှစ်ကုန်မှာ Windows 11 မှာ အထောက်အပံ့ပေးမှုရပ်ဆိုင်းတော့မှာဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ ဒီသတင်းဟာ Microsoft အနေနဲ့ ပိုမိုကောင်းမွန်ပြီး ChatGPT နည်းပညာအသုံးပြုထားကာ လုပ်ဆောင်နိုင်စွမ်းများစွာပါဝင်တဲ့ Windows Copilot ကိုမိတ်ဆက်ပြီး တစ်ပတ်အကြာမှာပဲထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

Cortana ကို အနားပေးရမယ့်အကြောင်းအရာကို Microsoft ကဘာတွေပြောထားသလဲဆိုတာ အောက်မှာဖတ်ကြည့်နိုင်ပါတယ်။

"Cortana အက်ပ်ကို အသုံးပြုသူတွေအတွက် သက်ရောက်မှုရှိစေမယ့် Windows ပိုင်းဆိုင်ရာ ပြောင်းလဲမှုအချို့ကို မိမိတို့ ပြုလုပ်နေပါတယ်။ ၂၀၂၃ ခုနှစ်နှောင်းပိုင်းက စပြီး မိမိတို့အနေနဲ့ Windows မှာ Cortana ကို သီးခြားအက်ပ်တစ်ခုအနေနဲ့ အထောက်အပံ့ပေးတော့မှာ မဟုတ်တော့ပါဘူး။ ဒါက Windows မှာသာ သက်ရောက်မှုရှိမှာဖြစ်ပြီး Cortana အက်ပ်ကို Outlook mobile၊ Teams mobile၊ Microsoft Teams display နဲ့ Microsoft Teams မှာ productivity assistant အနေနဲ့ ဆက်လက်ရရှိနိုင်မှာဖြစ်ပါတယ်။

ဒီပြောင်းလဲမှုဟာ Windows မှာ သင့်ရဲ့လုပ်ဆောင်တဲ့နည်းလမ်းအချို့ကို သက်ရောက်မှုရှိနိုင်တယ်ဆိုတာ မိမိတို့သိရှိနားလည်ပါတယ်၊ ဒါ့ကြောင့် သင့်ကို ရွေးချယ်စရာအသစ်တွေကို ချောမွေ့စွာကူးပြောင်းနိုင်ဖို့ မိမိတို့အကူညီပေးလိုပါတယ်။ Cortana အိုင်ကွန်ကို နှိပ်ပြီး အသံနဲ့ အက်ပ်ကိုဖွင့်မည့်အစား အခုဆိုရင် သင့်အသံကိုအသုံးပြုပြီး ကွဲပြားခြားနားတဲ့ tool တွေကတဆင့် သင့်ရဲ့ productivity ပိုင်းလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ပါပြီ။"

Microsoft အနေနဲ့ Cortana အက်ပ်အတွက် သင့်လျော်တဲ့ အစားထိုးမှုတွေအဖြစ် Bing Chat AI နဲ့ အခုနှစ်ကုန်မှာ စတင်ဖြန့်ချီဖို့ မျှော်လင့်ထားတဲ့ Windows Copilot အပါအဝင် ၎င်းတို့ရဲ့လတ်တလော AI ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ဆက်လက်စာရင်းပြုစုနေပါတယ်။ Windows Copilot အသစ်ဟာ Cortana အက်ပ်လုပ်နိုင်သည့်အရာတွေသာမက အခြားအရာတွေကိုပါ ထပ်ဆောင်းလုပ်ဆောင်နိုင်ပါတယ်။

Microsoft အဆိုအရ Cortana ဟာ Microsoft 365 app တွေမှာ productivity assistant အဖြစ်ဆက်လက်ရှိနေမှာဖြစ်ပြီး ပုံမှန်အတိုင်းဆက်သုံးနိုင်မှာပါ။ Windows ရဲ့ Cortana app ကို သာ ဒီနှစ်ကုန်မှာ အနားပေးမှာဖြစ်ပါတယ်။

Source: Windows Central

#EnThueTech
#News
#Windows
#AI

Post a Comment

0 Comments