![]() |
Image: AMD |
AMD ဟာ Gamescom 2023 ပွဲမှာ လူအများစိတ်ဝင်တစားစောင့်ကြည့်မှုမြင့်မားနေတဲ့ RX 7800 XT နဲ့ RX 7700 XT ကိုထုတ်ဖော်ပြသလိုက်ပြီး သူတို့ရဲ့ RDNA 3 lineup ကိုပြည့်စုံစေခဲ့ပါတယ်။
ဒီ graphics card ၂ခုလုံးမှာ Navi 32 ဆိုတဲ့ GPU ကိုအသုံးပြုထားပြီး 60Compute Units နဲ့ 256-bit memory bus အထိပါဝင်သလို Infinity Cache လည်း 64MB အထိပါဝင်မှာပါ။
![]() |
Image: AMD |
RX 7800 XT မှာ Navi 32 ရဲ့ configuration အပြည့်အစုံပါဝင်ပြီး 60 CU၊ 128 AI Accelerators၊ 256-bit bus မှာ memory clock ကို 19.5 Gbps ရတဲ့ 16GB GDDR 6 Memory နဲ့တွဲဖက်ပေးထားပါတယ်။ GPU clock speed ဟာ 2430 MHz နဲ့ TDP 263W ရှိပါတယ်။
RX 7700 XT မှာတော့ 54CU နဲ့ 108 AI Accelerators ပါဝင်ပါတယ်။ 12 GB GDDR 6 memory နဲ့ 192-bit bus ရှိကာ memory clock 18 Gbps နီးပါးရှိပါတယ်။ TDP ပိုင်းမှာ RX 7700 ဟာ 230W ရှိတဲ့ ယခင် RX 6700 XT ထက် 15W တိုးလာကာ 245W ဖြစ်လာပါတယ်။
![]() |
Image: AMD |
စွမ်းဆောင်ရည်ပိုင်းမှာ AMD အဆိုအရ RX 7800 XT ဟာ NVIDIA RTX 4070 ထက် 1440p resolution နဲ့ အမြင့်ဆုံး setting မှာ ပျမ်းမျှ 3.5% ပိုမြန်တယ်လို့ဆိုပါတယ်။ အချို့ဂိမ်းတွေမှာ 5% ကနေ 23% အထိပိုမြန်တယ်ဆိုပေမယ့် ray tracing မှာတော့ RX 4070 ကပိုအသာစီးရပါတယ်။
![]() |
Image: AMD |
RX 7700 XT ကတော့ RTX 4060Ti 16GB ကတ်ထက် ပျမ်းမျှ 12% ပိုမြန်တယ်လို့ဆိုပါတယ်။
AMD က RX 7700 XT အတွက် reference model ထွက်ရှိမှာမဟုတ်ပဲ မားကတ်တင်းအတွက်သာ render ပုံကိုထုတ်ပြတာဖြစ်တယ်လို့ဆိုပါတယ်။ RX 7800 XT ကသာ dual-fan cooler နဲ့လာမှာဖြစ်ကာ RX 7700 XT က AIB ပါတနာတွေအတွက်သီးသန့်ဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ၂ကတ်လုံးဟာ DisplayPort 2.1 ကိုအထောက်အပံ့ပေးမယ်လို့ဆိုပါတယ်။
AMD က RX 7700 XT အတွက် reference model ထွက်ရှိမှာမဟုတ်ပဲ မားကတ်တင်းအတွက်သာ render ပုံကိုထုတ်ပြတာဖြစ်တယ်လို့ဆိုပါတယ်။ RX 7800 XT ကသာ dual-fan cooler နဲ့လာမှာဖြစ်ကာ RX 7700 XT က AIB ပါတနာတွေအတွက်သီးသန့်ဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ၂ကတ်လုံးဟာ DisplayPort 2.1 ကိုအထောက်အပံ့ပေးမယ်လို့ဆိုပါတယ်။
![]() |
Image: AMD |
AMD RX 7800 XT ကို $499 နဲ့ RX 7700 XT ကို $449 နဲ့ရောင်းချမှာဖြစ်ပြီး ၂ကတ်လုံးကို စက်တင်ဘာလ ၆ရက်နေ့မှာစတင်ရရှိနိုင်မယ်လို့ဆိုပါတယ်။
Source: AMD and Videocardz
#EnThueTech
#News
#GPU
0 Comments