![]() |
Image: AMD |
လက်ရှိကျင်းပနေတဲ့ Gamescom 2023 ပွဲမှာ NVIDIA ဟာ DLSS 3 ကိုမိတ်ဆက်ခဲ့ပြီးနောက်၊ အားကျမခံနိုင်တဲ့ AMD ရဲ့ Architect of Gaming & Marketing အကြီးအကဲဖြစ်သူ Frank Azor ဟာ သူတို့ရဲ့ နောက်ဆုံးပေါ်နည်းပညာ FidelityFX Super Resolution 3(FSR3)ကိုထုတ်ဖော်ပြသလိုက်ပါတယ်။ AMD အဆိုအရ FSR3 ကို Fluid Motion Frames လို့တင်စားထားပြီး PC ဂိမ်းမာတွေအတွက်လက်ရှိ Radeon GPU တွေသာမက NVIDIA နဲ့ Intel GPU တွေမှာပါအလုပ်လုပ်အောင်ဆောင်ရွက်ထားတယ်လို့ဆိုပါတယ်။ ဒါတင်မကသေးပါဘူး FSR3 ဟာ Xbox Series နဲ့ PS5 တွေမှာလည်းအလုပ်လုပ်မှာဖြစ်တယ်လို့ဆိုပါတယ်။
![]() |
Image: AMD |
FSR3 ကို ဒီနှစ်ဆောင်းဦးကာလမှာထွက်ရှိလာမယ့် Forspoken ဂိမ်းရဲ့ DLC အသစ် နဲ့ Immortals of Aveum ဂိမ်းစစထွက်ရှိလာလာတာနဲ့ သုံးစွဲနိုင်မယ်လို့ဆိုထားပါတယ်။ FSR3 ကို အသုံးပြုမယ်ဆိုရင် ဂိမ်းရဲ့စွမ်းဆောင်ရည်ကို ၃ဆနီးပါးအထိတိုးမြှင့်ပေးနိုင်တယ်လို့ဆိုပါတယ်။ FSR3 ဟာ ဒီမှာတင်မရပ်တန့်သေးပါဘူး အသစ်ထွက်ရှိလာမယ့် Cyberpunk 2077 ဂိမ်းရဲ့ Phantom Liberty DLC အသစ်ထွက်ရှိလာတဲ့အခါမှာလည်းအသုံးပြုနိုင်မယ်လို့ဆိုပါတယ်။
![]() |
Image: AMD |
လက်ရှိမှာ ဂိမ်း၁၂ခုလောက်ဟာ FSR 3 ကိုထည့်သွင်းဖို့ကတိပြုထားကြတယ်လို့သိရပါတယ်။
![]() |
Image: AMD |
ဒီဂိမ်း၁၂အပြင် ဂိမ်းရေးဆွဲသူအများအပြားနဲ့ Unreal Engine မှာလည်း FSR 3 အတွက် plug-in ထည့်သွင်းပြီးတာနဲ့ FSR 3 ဂိမ်းတွေထပ်မံထွက်ရှိလာမှာဖြစ်ပါတယ်။
![]() |
Image: AMD |
စိတ်ဝင်စားစရာအကောင်းဆုံးတစ်ခုက လောလောဆယ်ာ frame generation နည်းပညာဆိုတာ ဂိမ်းတစ်ခုခြင်းစီမှာထည့်သွင်းပေးဖို့လိုအပ်နေပါသေးတယ်။ ဒါကို AMD က အင်ဂျင်နီယာတွေဟာ မှော်ဆန်ဆန်ပြောင်းလဲဖို့ကြိုးပမ်းနေကြတယ်လို့ဆိုပါတယ်။ သူတို့ဟာ fluid motion frame ကို Hyper RX ထဲထည့်သွင်းနိုင်တဲ့နည်းလမ်းကိုရှာဖွေတွေ့ရှိထားတယ်လို့ဆိုပါတယ်။ ဆိုလိုတာက ဂိမ်းမာတွေက AMD Adrenaline hyper X software ကိုအသုံးပြုပြီး DirectX 11 နဲ့ DirectX 12 ဂိမ်းတွေမှာမြင့်မားတဲ့ frame rate တွေနဲ့ဆော့ကစားနိုင်တော့မှာဖြစ်တယ်လို့ဆိုပါတယ်။ ဒီ software ကို AMD ကသူတို့ရဲ့ lab မှာစမ်းသပ်နေပြီး နောက်နှစ် ပထမ၃လပတ်မှာ အများပြည်သူကိုဖြန့်ချီပေးသွားမယ်လို့ဆိုပါတယ်။
Source: AMD
#EnThueTech
#News
#Gaming
#Software
0 Comments