Subscribe Us

header ads

NVIDIA မှ RTX GPU အားလုံးပေါ်တွင် အလုပ်လုပ်မည့် DLSS 3.5 ကို ထုတ်ဖော်ပြသ

Image via TechSpot

မနေ့က NVIDIA ဟာ DLSS 3.5 ကိုပြသလိုက်ပြီး ray tracing မှာ အရေးပါတဲ့ denoising ပြုလုပ်ရာမှာတိုးတက်အောင် Ray Reconstruction ဆိုတဲ့လုပ်ဆောင်ချက်အသစ်ကို ထပ်မံထည့်သွင်းလိုက်ပါတယ်။ ဒီနည်းပညာကြောင့် ဂိမ်းအပေါ်မူတည်ပြီး lighting တွေပိုမိုကောင်းမွန်လာမှာဖြစ်ကာ စွမ်းဆောင်အနည်းငယ်တိုးတက်တာ (သို့မဟုတ်) လျော့ကျသွားတာရှိမှာပါ။

Image: NVIDIA

ray tracing သို့ path tracing နဲ့ဆိုင်တဲ့ application တွေမှာ Pixel တစ်ခုခြင်းစီအတွက် ray တွေထုတ်ပေးဖို့ဆိုတာ တွက်ချက်မှုစွမ်းပကားကြီးကြီးမားမားလိုအပ်ပါတယ်။ ဒါကြောင့် frame တစ်ခုခြင်းစီအတွက်ပဲရိုက်လို့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနည်းလမ်းဟာ ဂိမ်းတစ်ခုခြင်းအပေါ်မူတည်ပြီး lighting ပိုင်းကိုပိုမိုကောင်းမွန်စေကာ စွမ်းဆောင်ရည်အနည်းငယ်တိုးတက်လာစေသလို အစက်အပျောက်တွေ noise ထတာတွေလည်း ဖြစ်စေနိုင်ပါတယ်။

Image: NVIDIA

Image: NVIDIA

Noise ထတာကိုလျော့ချဖို့ရာ denoising နည်းလမ်းတွေအများကြီးရှိတယ်ဆိုပေမယ့် ghosting လိုချို့ယွင်းချက်အသစ်တွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ နောက်တစ်ခုက denoising မှာ အနှောင့်အယှက်ဖြစ်စေတာက ray tracing လုပ်ရာမှာ စွမ်းဆောင်ရည်ထိခိုက်စေတာကို ကာမိစေတဲ့ upscaling ဖြစ်ပါတယ်။

Image: NVIDIA

Image: NVIDIA

Image: NVIDIA

Image: NVIDIA

Ray Reconstruction ဟာ ဂိမ်းတစ်ခုရဲ့ သီးခြား denoising နည်းလမ်းတွေကို အဆင့်တစ်ခုတည်းဖြစ်အောင်စုစည်းပေးကာ ၎င်းကိုအနှောင့်အယှက်ဖြစ်စေမယ့်အစား ရုပ်ပုံအရည်အသွေးကို မြှင့်တင်ပေးတဲ့လုပ်ငန်းစဉ်နဲ့ အတူတကွဆောင်ရွက်ပေးပါတယ်။ ဒီနည်းပညာက Cyberpunk 2077 လို ray-tracing နည်းပညာဖောဖောသီသီသုံးထားတဲ့ဂိမ်းတွေမှာကို frame rate အနည်းငယ်တိုးတက်စေနိုင်ပေမယ့်လည်း ray-tracing effect နည်းပါးတဲ့ ဂိမ်းတွေမှာ စွမ်းဆောင်ရည် အနည်းငယ်ကျဆင်းသွားတာကို တွေ့ရနိုင်ပါတယ်။

Image: NVIDIA


Image: NVIDIA



Nvidia ရဲ့ feature အသစ်ဟာ RTX 2000၊ 3000 နဲ့ 4000 graphics card တွေမှာ အလုပ်လုပ်မှာဖြစ်ပြီး ဒီနှစ်ထဲမှာ Cyberpunk 2077၊ Alan Wake II၊ Portal RTX၊ Chaos Vantage နဲ့ D5 Renderer တို့မှာ ပွဲဦးထွက်ပါဝင်လာမှာပါ။

Source: NVIDIA and TechSpot

#EnThueTech
#News
#Gaming

Post a Comment

0 Comments