Subscribe Us

header ads

PDF ဖိုင်ကိုတီထွင်ရန် အကူညီပေးခဲ့သည့် Adobe Systems ၏ ပူးတွဲတည်ထောင်သူ John Warnock ကွယ်လွန်

Image: Adobe Systems, Inc.

Adobe ကို ပူးပေါင်းတည်ထောင်ပြီး Portable Document Format (PDF) ကို တီထွင်ရာမှာ ကူညီပေးခဲ့တဲ့ ကွန်ပျူတာသိပ္ပံပညာရှင် John Warnock ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အသက် ၈၂ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

Warnock ဟာ စနေနေ့မှာ ကွယ်လွန်သွားကြောင်း Adobe မှ သတင်းထုတ်ပြန်ခဲ့ပြီး သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ မဖော်ပြထားပါဘူး။

၁၉၈၂ ခုနှစ်လောက်က Warnock ဟာ ကွန်ပြူတာဂရပ်ဖစ်နဲ့ ဖြန့်ချိရေးဆော့ဖ်ဝဲလ်မှာ ဆရာတဆူဖြစ်လာမယ့် San Jose မြို့အခြေစိုက် Adobe Systems ကို Charles Geschke ဆိုသူနဲ့ ပူးပေါင်းတည်ထောင်ခဲ့ပါတယ်။ သို့ပင်သော်ငြား Adobe Systems အနေနဲ့ အစောပိုင်းကာလတွေမှာ မအောင်မြင်သေးတဲ့ကုမ္ပဏီငယ်လေးအဖြစ် ပထမဆုံး Warnock ရဲ့ဂိုဒေါင်မှာစတင်ခဲ့ပါတယ်။ Adobe ဆိုတဲ့အမည်ဟာ ကယ်လီဖိုးနီးယားပြည်နယ် Los Altosမြို့ မှာရှိတဲ့ သူ့အိမ်နောက်ဖေးက Adobe ဆိုတဲ့ချောင်းကို ရည်ညွှန်းခေါ်ဆိုတာပါ။

Adobe ကိုမတည်ထောင်ရသေးခင် Warnock နဲ့ Charles Geschke တို့ဟာ ပထမဦးဆုံးလေဆာပရင်တာအပါအဝင် အစောပိုင်းကွန်ပျူတာနည်းပညာများစွာကို တီထွင်ခဲ့တဲ့ရှေ့ဆောင်အဖွဲ့အစည်းဖြစ်တဲ့ Xerox Palo Alto Research Center မှာ အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ Xerox ဘက်က သူတို့ပူးပေါင်းဖန်တီးထားတဲ့ ပရင်တာတွေနဲ့ ကွန်ပြူတာတွေကို ဆက်သွယ်နိုင်စေတဲ့ protocol တစ်ခုကို စီးပွားဖြစ်ထုတ်လုပ်ဖို့ ငြင်းဆိုပြီးတဲ့နောက် ၎င်းတို့နှစ်ဦးဟာ Xerox မှ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

"သူတို့က ငါတို့လုပ်ဆောင်ခဲ့တဲ့အရာတွေကို လက်ခံကျင့်သုံးမှာမဟုတ်ဘူးလို့ ဆုံးဖြတ်ထားပြီး ဒီအကြောင်းကို ကမ္ဘာကို အသိပေးမှာမဟုတ်ဘူး၊ ဒါဟာအတော်မိုက်မဲတယ်လို့ ငါတို့ထင်တယ်" လို့ Warnock က သူတက်ရောက်ခဲ့တဲ့ Utah တက္ကသိုလ်ကို ပြောကြားခဲ့ပါတယ်။

Warnock နဲ့ Geschke တို့ဟာ InterPress ပေါ်မှာ desktop ပုံနှိပ်ခြင်းအတွက် လမ်းခင်းပေးမယ့် PostScript ဆိုတဲ့ programming language ကိုဖန်တီးခဲ့ပါတယ်။ ၁၉၈၅ ခုနှစ်မှာ Apple ရဲ့ LaserWriter ဟာ အခြားသော ပရင်တာများနှင့် ဆော့ဖ်ဝဲလ်အပလီကေးရှင်းတွေကလည်း အသုံးပြုလာမယ့် PostScript language နဲ့ တင်ပို့တဲ့ ပထမဆုံးပရင်တာဖြစ်ပါတယ်။

PostScript နဲ့အတူ Warnock ဟာ ၁၉၉၀ ခုနှစ်များအစောပိုင်းမှာ Adobe ရဲ့ “project Camelot” ကနေ ပေါ်ထွန်းလာခဲ့တဲ့ PDF ကို တီထွင်ရာမှာလည်း ကူညီပေးခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ operating systems တွေမှာ အသုံးပြုနိုင်တဲ့ file format အသစ်ကို ဖန်တီးဖို့ပါ။ ရလဒ်က Adobe Acrobat ဖြစ်လာကာ အသစ်ဖန်တီးထားတဲ့ PDF formatကို ဖွင့်နိုင်တာပဲဖြစ်ပါတယ်။

Source: PCMag

#EnThueTech
#News

Post a Comment

0 Comments