Subscribe Us

header ads

Blackmagic မှ L-mount နှင့် full-frame sensor အသုံးပြုထားသည့် Cinema Camera 6K ကို မိတ်ဆက်လာ

Image: Blackmagic Design

နာမည်ကျော် ရုပ်ရှင်နဲ့ရိုက်ကူး‌ရေးကင်မရာတွေထုတ်လုပ်တဲ့ Blackmagic Design ဟာ ပထမဆုံး full-frame ကင်မရာဖြစ်တဲ့ Cinema 6K ကို မိတ်ဆက်လိုက်ပါတယ်။ နောက်ထပ်တစ်ခုက ပထမဆုံးအနေနဲ့ L-mount ကိုအသုံးပြုလာတာဖြစ်လို့ Leica Panasonic နဲ့ Sigma lens တွေကိုတွဲဖက်အသုံးပြုနိုင်မှာဖြစ်ကာ Blackmagic အနေနဲ့ L-Mount Alliance ကို နောက်ဆုံးဝင်‌ရောက်လာတဲ့ အဖွဲ့ဝင်သစ်လည်းဖြစ်လာစေပါတယ်။

Image: Blackmagic Design

Cinema Camera 6K ရဲ့ 36x24 mm အရွယ်အစားရှိတဲ့ 6K 6048x4032 ဆင်ဆာဟာ အခြား Blackmagic ကင်မရာတွေရဲ့ Super 35 ဆင်ဆာတွေထက် ၃ဆနီးပါးကြီးမားပါတယ်။ ဒါကြောင့် ပိုပြီး shallow ဖြစ်တဲ့ depth of field နဲ့ 3:2 open gate aspect ratio ကနေ anamorphic 6:5 ကနေ classic Super 35 အစရှိတဲ့ cinematic aspect ratio များစွာကိုအထောက်အပံ့ပေးနိုင်ပါတယ်။ dynamic range ကလည်း 13 stops အထိရှိလို့ အလင်းအမှောင်ကို ပိုမိုပေါ်လွင်အောင်ရိုက်ကူးနိုင်ပြီး noise နည်းပါးစွာနဲ့ ISO 25600 အထိရိုက်ကူးနိုင်ပါတယ်။ frame rate တွေက 6K မှာ 36 fps၊ 4K မှာ 60 fps နဲ့ 1080p မှာ 120 fps အထိရိုက်ကူးနိုင်ပါတယ်။

Image: Blackmagic Design

Cinema Camera 6K ကို သူရဲ့ပေါ့ပါးတဲ့ ကာဗွန်ဖိုင်ဘာ ကွန်ပိုစစ်ကိုယ်ထည်ကြောင့် သီးသန့်ပုံစံရော handheld ပုံစံနဲ့ပါအသုံးပြုနိုင်ကာ သီးခြား quick setting ခလုတ်တွေ၊ built-in shockproof မိုက်ကရိုဖုန်း ၄ခုနဲ့ အလွန်တောက်ပပြီးလှည့်လို့ရတဲ့ ၅လက်မ HDR touchscreen လည်းပါဝင်ပါတယ်။ သီးခြား viewfinder တပ်ဆင်နိုင်ပြီး $500 ထပ်ဆောင်းပေးရဖြစ်ကာ ၃နာရီထပ်တိုးရိုက်ကူးနိုင်မယ့် battery ကိုလည်းဝယ်ယူနိုင်ပါတယ်။ ဖိုင်တွေကို CFexpress ကတ် (သို့မဟုတ်) external SSD ကို USB-C မှတဆင့်သိမ်းဆည်းနိုင်ပါတယ်။ အခြား connection တွေအနေနဲ့ 3.5 mm headphone jack၊ ပရိုဖက်ရှင်နယ် မိုက်ကရိုဖုန်းတွေအတွက် XLR ၂ခု၊ USB-C မှတဆင့်တွဲသုံးနိုင်တဲ့ Ethernet၊ HDMI port နဲ့ 12V DC power inlet တွေပါဝင်ပါတယ်။

Image: Blackmagic Design

Sony၊ Nikon နဲ့ Canon စတဲ့ Mirroless Camera ကင်မရာတွေဟာ 6K ဒါမှမဟုတ် 8K အထိရိုက်ကူးမှုပြုလုပ်နိုင်ပေမယ့် ဒီကင်မရာတွေဟာ ဓာတ်ပုံဘက်ကိုသာအသားပေးထား‌တာတွေဖြစ်ပါတယ်။ ပရိုဖက်ရှင်နယ်အဆင့် ဗီဒီယိုရိုက်ကူးလိုသူတွေအတွက်က သီးခြားရုပ်ရှင်ကင်မရာတစ်ခုသာ လိုအပ်မှာပါ။ ဈေးကွက်မှာ Canon EOS R5C နဲ့ Sony Alpha FX3 ရှိတယ်ဆိုပေမယ့် သူတို့ရဲ့‌ဈေးနှုန်းက $4000 ဝန်းကျင်ရှိတာမို့ $2595 နဲ့စတင်ရောင်းချနေပြီဖြစ်တဲ့ Blackmagic Cinema Camera 6K ကိုယှဉ်နိုင်မှာမဟုတ်ပါဘူး။

Source: Notebookcheck

#EnThueTech
#News
#Camera

Post a Comment

0 Comments