Subscribe Us

header ads

Intel မှ Meteor Lake Core Ultra SoC ဖြင့် PC ကို ပြန်လည်ဆန်းသစ်ရန် မျှော်လင့်နေ



Image: Intel
Intel ဟာ မနေ့က မလေးရှားနိုင်ငံ၊ ပီနန်မြို့မှာကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူတို့ရဲ့နောက်ဆုံးထွက် Meteor Lake processor တွေကို Core Ultra လို့တရားဝင်ထုတ်ဖော်ပြလိုက်ပြီး နှစ်ပေါင်း ၄၀အတွင်း မျိုးဆက်နဲ့ architecture ပိုင်းမှာ အကြီးမားဆုံးပြောင်းလဲမှုဖြစ်တယ်လို့ဆိုပါတယ်။ ဒီ ချစ်ပ်အသစ်တွေဟာ ဒီဇိုင်းပြုတဲ့ပုံစံပြောင်းလဲသွားတာတင်မဟုတ်ပဲ chip packaging အသစ် နဲ့ အဆင့်မြင့်နည်းပညာအထောက်အပံ့တွေလည်းပါဝင်ပြီး NPU (neural processing unit) လို့ခေါ်တဲ့ AI accelerator ပေါင်းစပ်ထားတဲ့ ပထမဆုံး Intel processor လည်းဖြစ်ပါတယ်။

Intel ဘက်က သူတို့အနေနဲ့ PC ပရိုဆက်ဆာဈေးကွက်မှာ ပြိုင်ဆိုင်မှုပြင်းထန်သောအဆင့်သို့ ရောက်ရှိနေတယ်လို့ဆိုပါတယ်။ AMD ဟာ လက်ရှိမှာ သူတို့ရဲ့ AI acceleratorပါဝင်တဲ့ Ryzen 7 7040 နဲ့ Intel ကိုအသာရထားသလို Qualcomm ဘက်ကလည်း လွန်ခဲ့တဲ့နှစ်အနည်းငယ်ကဝယ်ယူထားတဲ့ Nuvia CPU ဒီဇိုင်းတွေကိုအသုံးပြုထားတဲ့ သူတို့ရဲ့မျိုးဆက်သစ် processor နဲ့ Intel ကိုစိန်ခေါ်သွားဖို့ရှိနေပါတယ်။ ဒီ Qualcomm ချစ်ပ်အသစ်တွေဟာ Intel Meteor Lake ဒါမှမဟုတ် AMD Ryzen တို့ထက် AI acceleration ပိုင်းပိုမိုမြင့်မားမယ်လို့အများကယူဆနေကြပါတယ်။

Image: Intel

နောက်ဆုံးမှာတော့ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံး PC processor စျေးကွက်တိုက်ပွဲကိုတွေ့မြင်ရတော့မှာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာဦးဆောင်ထားပြီးနောက် AI-accelerated Ryzen 7040 ကိုထုတ်ထားတဲ့ AMD နဲ့ Qualcomm တို့လို ကုမ္ပဏီတွေအတွက် ကြီးမားတဲ့ အခွင့်အလမ်းတွေဖြစ်ပေါ်လာစေပါတယ်။ Qualcomm ရဲ့ချစ်ပ်အသစ်ဆိုရင် Intel Meteor Lake ဒါမှမဟုတ် AMD Ryzen တို့ထက် ပိုမိုမြင့်မားတဲ့ AI acceleration စွမ်းရည်ရှိမယ်လို့ယူဆထားကြပါတယ်။

ဒီလိုတိုးတက်မှုတွေကြောင့် ၂၀၂၄ခုနှစ်ဟာ PC အသစ်တွေအတွက် စိတ်ဝင်စားစရာ နှစ်တစ်နှစ်ဖြစ်လာဖို့ရှိပါတယ်။ Intel အနေနဲ့ Meteor Lake ကိုစျေးကွက်ထဲ ကိုယူဆောင်လာတာဟာ ကြီးမားတဲ့အလောင်းအစားတစ်ခုပြုလုပ်ထားရတယ်ဆိုတာ ယုံမှားသံသယဖြစ်စရာမလိုပါဘူး။

Image: Intel

Intel အနေနဲ့ Meteor Lake မှာအပြောင်းအလဲများစွာပြုလုပ်ထားတဲ့အချက်တွေထဲကတစ်ခုက ချစ်ပ်တွေအများအပြားပေါင်းစပ်ထားတဲ့ multi-tile chiplet ဒီဇိုင်းကို အသုံးပြုလာတာပဲဖြစ်ပါတယ်။ ဆိုလိုတာကတော့ မတူညီတဲ့ကုမ္ပဏီတွေရဲ့ မတူညီတဲ့ချစ်ပ်ထုတ်လုပ်ရေးနည်းပညာတွေ အသုံးပြုကာ ဖန်တီးထားတဲ့ အစိတ်အပိုင်းတွေကို Intel ရဲ့ အမိုက်စား chip packaging နည်းပညာနဲ့ပေါင်းစပ်ဖန်တီးမှာပဲဖြစ်ပါတယ်။

Image: Intel

ရလဒ်ကတော့ အရမ်းမိုက်တဲ့ချစ်ပ်တစ်ခုဖြစ်လာပြီး စျေးနှုန်းအရနဲ့ စွမ်းဆောင်ရည်ကိုလည်း အကောင်းဆုံးဖြစ်စေတာပါဲ။ ရှင်းအောင်ပြောရရင် Intel ဟာ ဆာဗာစျေးကွက်အတွက် chiplet design ကိုဖန်တီးခဲ့ပါသေးတယ် ဒါပေမယ့် PC တွေအတွက် အလွန်ရှုပ်ထွေးတဲ့ အစိတ်အပိုင်းတွေကို ပေါင်းစပ်တပ်ဆင်လာတာက ပထမဆုံးလို့ဆိုနိုင်ပါတယ်။

Image: Intel

ကုမ္ပဏီအနေနဲ့ Meteor Lake မှာ Foveros လို့ခေါ်ဆိုတဲ့ chip packaging နည်းပညာတစ်ခုကို အသုံးချပြီး tile တွေကိုတစ်ခုပေါ်တစ်ခုဆင့်ကာ အရမ်းမိုက်တဲ့ 3D ပုံစံနဲ့တည်ဆောက်မှာဖြစ်ပါတယ်။ Intel ဟာ ဒီလို hybrid နဲ့ လိုက်လျောညီထွေရှိတဲ့ဒီဇိုင်းပုံစံကို သူတို့ရဲ့ကိုယ်ပိုင် 4nm process နဲ့ဖန်တီးထားတဲ့ core compute tile အပါအဝင် အခြားအစိတ်အပိုင်းများစွာမှာအသုံးချခဲ့ပါတယ်။ ဒီ Meteor Lake မှာ ARM ရဲ့ ကစတင်မိတ်ဆက်ခဲ့ပြီး နောက်ပိုင်း CPU ဒီဇိုင်းတွေမှာအသုံးပြုလာတဲ့ big.little ပုံစံနဲ့ဆင်တူတဲ့ဒီဇိုင်းကိုရွေးချယ်ခဲ့ကာ performance core (Code Name: Redwood Cove)တွေအပြင် efficiency core (Code Name: Crestmont) ကိုပါ ပေါင်းစပ်ထည့်သွင်းလာခဲ့ပါတယ်။

ပွဲမှာပြသသွားတဲ့ Intel ရဲ့ ချစ်ပ်ဒီဇိုင်းအသစ်မှာ efficiency core ၈ခုနဲ့ performance core ၆ခုပါဝင်ပြီး single-threaded အသားပေးအလုပ်တွေအပြင် multi-threaded အသားပေးအလုပ်တွေကိုပါတပါတည်းကိုင်တွယ်နိုင်ပါတယ်။

Image: Intel

Meteor Lake အသုံးပြုထားတဲ့ ကွန်ပြူတာတွေမှာ စွမ်းအင်ထိရောက်မှုနဲ့ ဘက်ထရီသက်တမ်းတိုးတက်စေဖို့ efficiency CPU core ၂ခုကို သီးခြား SoC tile မှာနေရာချထားပါတယ်။ ဒီလိုနေရာချထားခြင်းက အခြေခံကျတဲ့ရိုးရိုးအလုပ်တွေဆက်တိုက်လုပ်ဆောင်နေချိန်မှာ ပါဝါစားတဲ့ compute tile ကို အသုံးပြုစရာမလိုပဲ ပိတ်ထားလို့ရသွားပါတယ်။

SoC tile မှာ NPU လို့ခေါ်တဲ့ neural processing accelerator လည်းတပါတည်းပါဝင်ပြီး ၂၀၁၆ခုနှစ်လောက်က Intel ဝယ်ယူခဲ့တဲ့ Movidius VPU(visual processing unit) နည်းပညာအပေါ်မှာ အခြေခံတည်ဆောက်ထားပါတယ်။

Intel NPU ရဲ့ စွမ်းဆောင်ရည်က အကြမ်းဖျင်း 10 TOPS လောက်ရှိပေမယ့် Intel ဘက်ကအထောက်အပံ့ပေးမယ့် software application တွေရဲ့ပမာဏက AMD နဲ့ Qualcomm တို့ထက်ကိုသိသိသာသာများပြားပါတယ်။ အသားတင်ရလဒ်က Intel အနေနဲ့ Meteor Lake ကနေတဆင့်စျေးကွက်ဝင်လာမယ့် တန်ဖိုးအစစ်အမှန်ဟာ TOPs စွမ်းဆောင်ရည်ထက်ကိုများပြားလှပါတယ်။

ဥပမာပြောရရင် Adobe ရဲ့ Creative Suite တစ်ခုလုံးနဲ့ Blender အပြင် အခြားအက်ပလီကေးရှင်းများစွာဟာ သူတို့ရဲ့ ပထမမျိုးဆက် AI accelerator ကိုအထောက်အပံ့ပေးလိမ့်မယ်လို့ Intel ကဆိုထားပါတယ်။

Image: Intel

Meteor Lake မှာ နောက်ထပ်ပြောင်းလဲမှုကြီးတစ်ခုက ယခင် integrated graphics တွေနဲ့ကွဲပြားပြီး ကုမ္ပဏီရဲ့ သီးခြား GPU architecture ဖြစ်တဲ့ Arc ကို အသုံးချထားတဲ့ GPU tile တစ်ခုတစ်ပါတည်း ပါဝင်လာတာဖြစ်ပါတယ်။ Xe LPG GPU tile ဟာ ယခင် integrated graphics တွေထက် စွမ်းဆောင်ရည် ၂ဆပိုမိုမြင့်မားပါတယ်။

IO ပိုင်းမှာဆိုရင် Meteor Lake ဟာ Wi-Fi 6E နဲ့ Wi-Fi 7 သာမက Thunderbolt 4.0 နဲ့ PCIe Gen5 ကိုလည်းအထောက်အပံ့ပေးမှာဖြစ်ပါတယ်။ ဒါတင်မက 8K ဗီဒီယိုအတွက် media encoder လည်းပါဝင်ပါတယ်။

Tile များစွာနဲ့ဖန်တီးထားတဲ့ Meteor Lake မှာ tile တွေအားလုံးကိုဘယ်သူဖန်တီးထားတယ်ဆိုတာ ထုတ်ဖော်ပြောကြားတာမရှိပေမယ့် CPU tile ကို ၄င်းတို့ရဲ့ကိုယ်ပိုင် Intel 4 process၊ SOC tile တွေကို TSMC ရဲ့ 6nm N6 process နဲ့ GPU tile တွေကို TSMC ရဲ့ 5nm N5 process လို့ဆိုပြီး IO tile အကြောင်းကိုတော့မပြောသွားပါဘူး။

အချုပ်ဆိုရရင် Intel ဘက်က ဒီလိုအထင်ကြီးလောက်စရာနည်းပညာတွေနဲ့ ဆီမီးကွန်ဒတ်တာနယ်ပယ်မှာ သူ့ရဲ့ အရေးပါတဲ့အခန်းကဏ္ဍကို ပြန်လည်ထူထောင်ပြီး ဆန်းသစ်တီထွင်မှုနဲ့စျေးကွက်ကို ပြန်လည်ဦးဆောင်ဖို့ မျှော်လင့်ထားပါတယ်။ ရလဒ်ကတော့ မသေချာသေးပေမယ့် Intel ရဲ့ ဆီးမီးကွန်ဒတ်တာဒီဇိုင်းနဲ့ထုတ်လုပ်ရေးမှာ ပြန်လည်ခေါင်းဆောင်မှုပြုလို့တဲ့ ပြင်းပြတဲ့ဆန္ဒကိုထင်ထင်ရှားရှားတွေ့မြင်နေရပါတယ်။ Core Ultra အသစ်ဟာ စွမ်းဆောင်ရည်ပိုင်းမှာ ဦးဆောင်ဖို့ရာ အခွင့်အလမ်းကောင်းတွေကိုသယ်ဆောင်လာပြီး အခြားသူတွေကလည်း လိုက်မှီဖို့ရာ ကြိုးပမ်းရမှာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၄ခုနှစ် PC စျေးကွက်ဟာ စိတ်လှုပ်ရှားစရာအပြည့်နဲ့ စောင့်ကြည့်ရမှာက အသေချာပဲဖြစ်ပါတယ်။

Intel ရဲ့ Meteor Lake SoC တွေကို ဒီဇင်ဘာလ ၁၄ရက်နေ့မှာစတင်ဖြန့်ချီသွားမယ်လို့သိရပါတယ်။ Intel အနေနဲ့ Meteor Lakeအကြောင်းကို ဒီအပတ် အမေရိကန်နိုင်ငံ San Jose မှာကျင်းပမဲ့ Intel Innovation conference မှာထပ်မံပြောကြားသွားမယ်လို့ဆိုပါတယ်။ 

Source: TechSpot and PCWorld

Post a Comment

0 Comments