Subscribe Us

header ads

DeepMind ကို ပူးတွဲတည်ထောင်သူမှ AI တတိယလှိုင်းတွင် စက်များမှ လူသားများအပြင် အခြားစက်များကိုပါ စကားပြောဆိုလာနိုင်မည်ဟု ခန့်မှန်း

Generated from SeaArt AI


၂၀၂၂ခုနှစ်ကုန်ပိုင်းနဲ့ ဒီနှစ်ဆန်းပိုင်း‌လောက်က Generative AI ရဲ့ အံ့သြဖွယ်ရာအကြောင်းတွေဟာ လူအပြောအများဆုံး ဖြစ်ခဲ့ပါတယ်။ အခုလက်ရှိအချိန်မှာတော့ AI ရဲ့ အကြောင်းကို တစ်ဖြည်းဖြည်းလူပြောနည်းလာခဲ့ပြီလို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် DeepMind ကို ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့ Mustafa Suleyman ကတော့ Generative AI ဟာ နောက်ထပ် AI လှိုင်းတစ်ခုဖြစ်တဲ့ Interactive AI မတိုင်ခင်အဆင့်တစ်ခုသာဖြစ်တယ်လို့ဆိုပါတယ်။ Interactive AI ဟာ လူနဲ့ အခြား AI ကိုပါအလိုအလျောက်ပြောဆိုနိုင်စွမ်းရှိမယ်လို့ဆိုပါတယ်။

Suleyman အနေနဲ့ AI အခြေအနေအကြောင်း သူ့ရဲ့အမြင်ကို ယခင်အပတ်ကပြုလုပ်ခဲ့တဲ့ MIT Technology Review နဲ့ အင်တာဗျူးမှာထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။ AI ပထမလှိုင်းက အမျိုးအစားခွဲခြားခြင်းဖြစ်ပြီး ရုပ်ပုံတွေနဲ့ အသံလို ထည့်သွင်းထားတဲ့ဒေတာအမျိုးအစားတွေကို နက်ရှိုင်းစွာသင်ယူပြီး အမျိုးအစားခွဲတာဖြစ်ကြောင်း သူကဆိုပါတယ်။ ဒုတိယ AI လှိုင်းက လက်ရှိ Generative AI ဖြစ်ပြီး ထည့်သွင်းထားတဲ့အချက်အလက်ကနေ အချက်အလက်အသစ်ကို ဖန်တီးပြုလုပ်ပေးနိုင်ပါတယ်။

Suleyman က နောက်ထပ် AI တတိယလှိုင်းဟာ အပြန်အလှန်တုံ့ပြန်နိုင်တဲ့ Interactive AI ဖြစ်လာမယ်လို့ဆိုပါတယ်။ အသုံးပြုသူတွေက AI တွေနဲ့ စကားပြောဆိုဖို့ရာ ခလုတ်တွေနှိပ်တာ (သို့မဟုတ်) စာရိုက်တာတွေထက် တိုက်ရိုက်စကားပြောဆိုပြီး လုပ်ငန်းဆောင်တာတွေကို ညွှန်ကြားနိုင်မှာပါ။ "သင်က ယေဘူယျဆန်ပြီး မြင့်မားတဲ့ပန်းတိုင်တစ်ခုကို ပြောဆိုလိုက်ရုံနဲ့ ဒါကိုလုပ်ဆောင်ဖို့ လိုအပ်ကိရိယာတွေ အားလုံးကို အသုံးပြုပါလိမ့်မယ်။ သူတို့က တခြားလူတွေနဲ့ တခြား AI တွေကိုပါ စကားပြောဆိုမယ်" လို့ Suleyman က ရှင်းပြထားပါတယ်။

Large Language Model-LLM အသုံးပြုထားတဲ့ AI တွေအနေနဲ့ လူ (သို့မဟုတ်) တိရစ္ဆာန်တွေလို တူညီတဲ့ဉာဏ်ရည်ဉာဏ်သွေးမပြသနိုင်တာကြောင့် Generative AI ဆိုတဲ့အသုံးအနှုန်းကို လှည့်ဖြားမှုတစ်ခုအဖြစ် အချို့သူတွေကရှုမြင်ကြပါတယ်။ သို့သော်ငြား အပြန်အလှန်တုံ့ပြန်တဲ့ AI ဟာ sci-fi စိတ်ကူးယဥ်သိပ္ပံဇာတ်လမ်းတွေမှာ တွေ့ရလေ့ရှိတဲ့ AI နဲ့ ပိုမိုနီးစပ်မယ်လို့ Suleyman က အကြံပြုထားပါတယ်။ AI တတိယလှိုင်းမှာ ယနေ့ခေတ်နည်းပညာလို "တည်ငြိမ်" မနေပဲ သက်ဝင်လှုပ်ရှားနေမှာဖြစ်ပြီး သူ့ရဲ့ ညွှန်ကြားချက်တွေကို လွတ်လပ်စွာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

“ဒါက နည်းပညာသမိုင်းမှာ အတော်လေးနက်တဲ့ အခိုက်အတန့်ပဲလို့ ထင်ပါတယ်၊ လူတော်တော်များများကတော့ လျှော့တွက်နေကြတယ်”လို့ သူက ထပ်လောင်းပြောကြားပါတယ်။

ယခုနှစ်အစောပိုင်းမှာ Suleyman ရဲ့ ကုမ္ပဏီ Inflection AI ဟာ Pi လို့ခေါ်တဲ့ ChatGPT ရဲ့ ပြိုင်ဘက် chatbot ကို ထုတ်ဝေခဲ့ပြီး "ပိုကောင်း၊ ပိုယဥ်ကျေးပြီး စကားပြောဆိုမှုအပေါ် ပိုအာရုံစိုက်ထားတယ်" လို့ သူကဆိုပါတယ်။

Image Credit: Warner Bros

Generative AI သည် လုပ်ငန်းကြီးတွေအပေါ်ကြီးကြီးမားမားရိုက်ခတ်ကာ ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ စက်မှုလုပ်ငန်းတစ်ခုဖြစ်နေဆဲဆိုပေမယ့် ၎င်းရဲ့ကနဦးရရှိခဲ့တဲ့ စန်းဟာမှေးမှိန်လာခဲ့ပါတယ်။ ChatGPT ဝက်ဘ်ဆိုက်ကို ဝင်ရောက်မှုဟာ ၃လဆက်တိုက် ကျဆင်းသွားသလို အလားတူ AI တွေမှာလည်း သုံးစွဲသူတိုးတက်မှု ရပ်တန့် သို့မဟုတ် ကျဆင်းနေကြောင်း အစီရင်ခံထားကြပါတယ်။ သို့ပေမယ့်လည်း AI နည်းပညာဟာ သူ့ရဲ့အပလီကေးရှင်းတွေကို ပြောင်းလဲချဲ့ထွင်ပြီး AI တတိယလှိုင်းဟာ နည်းပညာရဲ့ အသွင်ကူးပြောင်းတဲ့ခေတ်ကို ဆောင်ကြဉ်းလာနိုင်တယ်လို့ အချို့က ယုံကြည်ကြပါတယ်။ သို့ပင်သော်ငြား ဒီအယူအဆဟာ Terminator ရုပ်ရှင်ထဲက Skynet ကို အမှတ်ရစေကာ စိုးရိမ်မှုတွေတိုးပွားလာစေပါတယ်။

Source: TechSpot

#EnThueTech
#News
#AI

Post a Comment

0 Comments