Subscribe Us

header ads

HBM4 တွင် memory bandwidth ၂ဆတိုးကာ 2048-bit ရှိလာနိုင်

Image: AMD

စွမ်းဆောင်ရည်မြင့်မားတဲ့ ကွန်ပြူတာ memory လောကမှာ ဆန်းသစ်မှုနဲ့ တိုးတက်မှုတို့ရဲ့ ပြယုဒ်တစ်ခုရှိပါတယ်။ ဒီအရာက‌‌တော့ High Bandwidth Memory ဆိုတဲ့ HBM ပါ။ အခြား memory တွေနဲ့မတူတာက HBM မှာ memory chip တွေကို ဒေါင်လိုက်တစ်လွှာခြင်းထပ်ထား(stack)နိုင်ပြီး အဆိုပါထပ်ထားတဲ့ memory တွေကို TSV နဲ့ microbump တွေနဲ့ချိတ်ဆက်ထားပါတယ်။ memory နဲ့ GPU ကို တိုက်ရိုက်ချိတ်ဆက်တာမရှိပဲ interposer ကတစ်ဆင့်ချိတ်ဆက်ပေးထားတာဖြစ်ပါတယ်။ ဒါတင်မက die တစ်ခုကို 128-bit channel ၂ခုပါဝင်လို့ HBM ရဲ့ memory bus ဟာ အခြား DRAM memory တွေထက် memory bus က သိသိသာသာပိုမိုကျယ်ပြန့်ပါတယ်။ 

Image: AMD

ဒီ HBM memory ဟာ အမိုက်စားလို့ဆိုပေမယ့် ကန့်သတ်မှုအချို့ရှိခဲ့ပြီး stack တစ်ခုကို 128 GB/s အထိရတယ်ဆိုပေမယ့် ရုပ်ပိုင်းဆိုင်ရာကန့်သတ်ချက်တွေကြောင့် memory ပမာဏအနေနဲ့ 4GB အထိသာရှိခဲ့ပါတယ်။ သို့ပေမယ့် memory တွေရဲ့ ရှေ့ဆောင်ကုမ္ပဏီတွေဖြစ်တဲ့ Samsung နဲ့ SK Hynix တို့ဟာ HBM ရဲ့ စွမ်းဆောင်ရည်ကို ပိုမိုတိုးတက်လာအောင် ခြေလှမ်းတွေစတင်လာခဲ့ပါတယ်။

Image: AMD

HBM2 မှာတော့ သိသာထင်ရှားတဲ့တိုးတက်မှုရှိလာခဲ့ပြီး stack တစ်ခုကို 256 GB/s နဲ့၂ဆတိုးလာသလို memory ပမာဏကလည်း 8GB ဖြစ်လာပါတယ်။ ၂၀၁၈ခုနှစ်မှာတော့ အသေးစားမြှင့်တင်မှုအနေနဲ့ HBM2E ဆိုပြီး မြqန်နှုန်း 24GB အထိထပ်မံတိုးတက်လာခဲ့သလို ချစ်ပ်တစ်ခုရဲ့ မြန်နှုန်းကိုလည်းအမြင့်ဆုံး 460 GB/s အထိရအောင်လုပ်နိုင်ခဲ့ပါတယ်။

HBM3 ပေါ်ထွန်းလာချိန်မှာတော့ မြန်နှုန်း၂ဆတိုးတက်လာခဲ့ကာ stack တစ်ခုကို 819 GB/s နဲ့၂ဆတိုးလာသလို memory ပမာဏကလည်း 24GB ကနေ 64GB အထိဖြစ်လာပါတယ်။ HBM2E လိုမျိုး HBM3 ရဲ့သက်တမ်းတစ်ဝက်လောက်ရှိလာတဲ့ချိန်မှာ HBM3E ဆိုတာပေါ်ထွက်လာခဲ့ပြီး stack တစ်ခုကို သီအိုရီအရ 1.2 TB/s အထိတိုးတက်လာပါတယ်။

မယုံနိုင်လောက်အောင်ဆင့်ကဲ့ပြောင်းလဲလာပေမယ့် HBM ဟာ consumer အဆင့် graphics တွေမှာ ပိုဈေးသက်သာတဲ့ GDDR memory ကို တစ်ဖြည်းဖြည်း နေရာယူမှုကိုခံခဲ့ပါတယ်။ သို့ပင်သော်ငြား HBM(High Bandwidth Memory)တွေဟာ data center တွေမှာ စံနှုန်းတစ်ခုလိုဖြစ်လာခဲ့ပြီး အလုပ်အသားပေးကတ်ထုတ်လုပ်သူ‌တွေဟာ ဒီလိုမြန်ဆန်တဲ့နည်းပညာကို အသုံးချဖို့တာစူလာကြပါပြီ။

အဆင့်မြှင့်တင်မှုနဲ့ တိုးတက်မှုတွေတစ်လျောက်လုံးရှိခဲ့ပေမယ့် HBM ရဲ့ memory interface ဟာ stack တစ်ခုကို 1024-bit အနေနဲ့သာထိန်းသိမ်းထားလျက်ရှိနေပါတယ်။ ကိုးရီးယားဘက်ကလာတဲ့သတင်းတစ်ခုအရ HBM4 ‌ဈေးကွက်ထဲကိုဝင်ရောက်လာချိန် interface ပိုင်းမှာ ပြောင်းလဲသွားဖို့ရှိနေဝတယ်လို့ဆိုပါတယ်။ အဆိုပ့သတင်းသာမှန်ကန်ခဲ့မယ်ဆိုရင် HBM ရဲ့ memory interface ဟာ 1024-bit ကနေ 2048-bit အထိ ၂ဆတိုးတက်လာပါလိမ့်မယ်။

2048-bit interface ကို တိုးမြှင့်အသုံးပြုခြင်းဟာ သီအိုရီအရ transfer speed ကို ၂ဆတိုးတက်လာနိုင်စေပါတယ်။ ကံဆိုးတာက HBM4 မှာ HBM3E တုန်းကလို တူညီသောလွှဲပြောင်းနှုန်းများကိုဆက်လက်ထိန်းသိမ်းထားနိုင်မည်မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ပိုမြင့်မားတဲ့ memory interface ကြောင့် graphic card ထုတ်လုပ်သူတွေအနေနဲ့ ကတ်တစ်ခုမှာ ပိုမိုနည်းပါးတဲ့ stack ကိုသာ အသုံးပြုလာနိုင်ပါတယ်။

လက်ရှိ Nvidia ရဲ့ နာမည်ကျော် H100 AI ကတ်မှာဆိုရင် 1024-bit stack ခြောက်ခုကို အသုံးပြုထားလို့ 6144-bit interface ကို ဖြစ်လာပါတယ်။ တကယ်လို့ interface က 2048-bit ကို နှစ်ဆတိုးလာမယ်ဆိုရင် Nvidia သည် memory die ပမာဏကို ထက်ဝက်လျှော့ချနိုင်ပြီး တူညီသောစွမ်းဆောင်ရည်ကို ရရှိနိုင်ပါတယ်။ သို့သော်လည်း HBM4 ကို အမြောက်အများထုတ်လုပ်ဖိုရာ နှစ်အနည်းငယ်လိုသေးတာကြောင့် ဘယ်လိုဖြစ်လာမလဲဆိုတာ မသေချာသေးပါဘူး။

SK Hynix နဲ့ Samsung ကုမ္ပဏီ နှစ်ခုစလုံးဟာ HBM4 ကို ထုတ်လုပ်တဲ့အချိန်မှာ "အထွက်နှုန်း ၁၀၀%" ကိုရရှိလာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ သို့တိုင် ဒီပြောဆိုချက်တွေမှန်တယ်မမှန်ဘူးဆိုတာကို အချိန်ကသာဆုံးဖြတ်မှာမို့ ဒီစိတ်လှုပ်ရှားဖွယ်သတင်းအ‌ပေါ်စိတ်နှစ်မထားတာ အကောင်းဆုံးဖြစ်မှာပါ။

Source: TechSpot and Tom's Hardware

#EnThueTech
#News
#Memory


Post a Comment

0 Comments