Subscribe Us

header ads

Intel မှ ယခင်မျိုးဆက်ထက် ၃ဆပိုမိုမြန်ဆန်သည့် Thunderbolt 5 ကိုကြေညာ

Image: Intel

မနေ့က Intel ဟာ Thunderbolt 5 ရဲ့ specification ကိုကြေညာလိုက်ပြီး bandwidth boost ဆိုတဲ့ mode မှာဆိုရင် 120 Gbps အထိရမှာဖြစ်ကာ 240W charging ကိုအထောက်အပံ့ပေးမှာဖြစ်ပါတယ်။

Image: Intel

Thunderbolt 5 ဟာ USB 4 Version 2.0 ပေါ်မှာအခြေခံထားတယ်ဆိုပေမယ့် Thunderbolt 5 အဖြစ်သတ်မှတ်နိုင်ဖို့ရာ ထပ်ဆောင်း feature တွေပါဝင်ဖို့လိုအပ်ပါတယ်။ Intel ကတော့ Thunderbolt 4 နဲ့ Thunderbolt 5 တို့ဟာ နှစ်အ‌နည်းအကြာ (သို့မဟုတ်) ပိုမိုကြာရှည်စွာ ပရီမီယံအဆင့်အနေနဲ့ အတူယှဉ်တွဲနေလိမ့်မယ်လို့ဆိုပါတယ်။

Image: Intel

အချို့အခြေအနေမှာ Thunderbolt 5 ဟာ Bandwidth Boost mode မှာဆိုရင် 120 Gbps အထိတိုးမြင့်ရရှိနိုင်ပြီး ဒါဟာ Thunderbolt 4 ရဲ့ bandwidth ထက် ၃ဆပိုမိုများပြားကာ DisplayPort 2.1 connector ထက် ၅၀% ပိုမိုမြန်ဆန်ပါတယ်။ display တစ်ခု သို့မဟုတ် display များစွာတို့က မြင့်မားတဲ့ refresh rate နှင့်/သို့ resolution ကို လိုအပ်လာတဲ့အခါ အလိုအလျောက်‌ Bandwidth Boost mode ကိုပြောင်းလဲပေးပါတယ်။

Image: Intel

မူလအခြေအနေမှာဆိုရင် Thunderbolt 5 ဟာ 40Gbps pipeline ၄ခုကိုအသုံးပြုပြီး 80 Gbps နဲ့အလုပ်လုပ်မှာဖြစ်ကာ transmit အတွက် ၂ခုနဲ့ receive အတွက် ၂ခုအသုံးပြုမှာပါ။ Bandwidth Boost mode မှာဆိုရင် transmit speed အတွက် 40 Gbps pipeline ၃ခုကိုအသုံးပြုပြီး 120 Gbps ရရှိမှာဖြစ်ကာ receive အတွက် 40 Gbps သာရမှာပါ။

Image: Intel

ဒီလိုအချက်တွေကြောင့် Thunderbolt 5 အနေနဲ့ 144Hz ရှိတဲ့ 6K monitor ၂ခု၊ 4K monitor ၃ခုအပြင် 8K HDR monitor အထိပါတွဲဖက်သုံးနိုင်ပါတယ်။ Thunderbolt 4 တုန်းက ၂ခုသာရခဲ့တဲ့ DisplayPort screen ကိုလည်း ၃ခုအထိအထောက်အပံ့ပေးလာပါတယ်။

Image: Intel

Connection ပိုင်းအနေနဲ့ Thunderbolt 5 ဟာ ယခင်မျိုးဆက်ဖြစ်တဲ့ 32 Gbps(PCIe 3.0) ကနေ 64 Gbps (PCIe 4.0)အထိ PCIe မြန်နှုန်း၂ဆတိုးတက်လာပြီးSSD နဲ့ external graphics card တွေအတွက်ပိုအဆင်ပြေလာပါတယ်။ သို့ပင်သော်ငြား PCIe 5.0 SSD တွေဟာ Thunderbolt 5 ရဲ့ PCIe 4.0 မြန်နှုန်းထက်ကိုကျော်လွန်နေဦးမှာဖြစ်ပါတယ်။ ‌ဒါတင်မက Thunderbolt 5 ရဲ့ PCIe lane က ၄ခုသာပါရှိတာမို့ lane ၈ခုသုံးတဲ့ GPU တွေမှာ bandwidth အပြည့်ရမှာမဟုတ်ပါဘူး။

Image: Intel

Thunderbolt 5 ကြိုးတွေအားလုံးဟာ 240W charging (USB-PD EPR spec) ကိုအထောက်အပံ့ပေးတာကြောင့် USB 4 ကြိုးတွေလို ကွဲပြားတဲ့ပါဝါသတ်မှတ်ချက်တွေကိုမှတ်သားစရာမလိုအပ်ပါဘူး။ ဒါကြောင့် ပါဝါစားသုံးမှုများပြားတဲ့ laptop နဲ့ workstation တွေကို လက်ရှိမှာအားသွင်းကြိုး၂ချောင်းအသုံးပြုနေရာက Thunderbolt 5 မှာ အားသွင်းကြိုးတစ်ချောင်းတည်းနဲ့အားသွင်းနိုင်မှာဖြစ်ပါတယ်။ Thunderbolt 5 အသုံးပြုတဲ့ပစ္စည်းတွေဟာ 240W charging port မလိုအပ်ပဲ Thunderbolt 4 တုန်းကလို 100W charging port တစ်ခု နဲ့ 15W accessory port တစ်ခု အနည်းဆုံးပါဝင်ဖို့သာလိုအပ်ပါတယ်။

Image: Intel

Thunderbolt 5 cable နဲ့ port တွေဟာ အရင်အတိုင်း ရိုးရှင်းတဲ့အမှတ်တံဆိပ်ကိုအသုံးပြုနိုင်ပါတယ်။ cable ကြိုးတွေကတော့ မြန်နှုန်းနဲ့ ပါဝါလိုအပ်ချက်တွေပြည့်မှီစွာ အလုပ်လုပ်ကြောင်း ထောက်ခံချက်လိုအပ်မှာဖြစ်ကာ ပြည့်စုံတဲ့အခါ Thunderbolt 5 တံဆိပ်ကိုသုံးခွင့်ရမှာဖြစ်ပါတယ်။

Thunderbolt 5 မှာ PAM-3 ကိုအသုံးပြုထားပြီး clock cycle တစ်ခုကို ယခင် Thunderbolt 4 ရဲ့ NRZ မှာ 1 bit အသုံးပြုခဲ့ရာမှ 1.5 bit နဲ့အသုံးပြုလာပါတယ်။ ဒီလိုတိုးတက်မှုက ပိုကောင်းတဲ့ encoding ကနေ bandwidth လည်းတိုးလာစေကာ clock rate signal ကိုလည်း အနည်းငယ်တိုးလာစေပါတယ်။ ဒီလို clock rate အနည်းငယ်တိုးလာစေခြင်းက ၁မီတာအရှည်ကြိုးတွေကို PCB ဒီဇိုင်းးလိုအခြေခံကျတဲ့ပြောင်းလဲမှုတွေမလိုအပ်လို့ ကုန်ကျစရိတ်ကာမိစေပါတယ်။ သို့ပေမယ့် ၂မီတာ အရှည်ရှိတဲ့ Thunderbolt 4 cable တွေကတော့ Thunderbolt 5 အတွက် redriver တွေအဆင့်မြှင့်တင်မှုပြုလုပ်ဖို့လိုအပ်ပြီး ဈေးကွက်ထဲရောက်ဖို့အနည်းငယ်ကြာနိုင်ပါတယ်။

Thunderbolt 4 ကိုလက်ရှိ Intel ချစ်ပ်တွေမှာ တပါတည်း သီးခြားချစ်ပ်မလိုအပ်ပဲထည့်သွင်းပေးထားပေမယ့် Thunderbolt 5 ကတော့ လက်ရှိမှာမရနိုင်သေးပါဘူး။ Intel ဘက်က Thunderbolt 5 အသုံးပြုထားတဲ့ထုတ်ကုန်တွေဟာ ဈေးကွက်ထဲကို ၂၀၂၄ခုနှစ်လောက်မှာဝင်ရောက်လာမယ်လို့ဆိုပေမယ့် Meteor Lake ချစ်ပ်တွေမှာတပါးတည်းပါမယ်၊ မပါဘူးဆိုတာမသိရသေးပေမယ့် Thunderbolt 5 တပါတည်းပထမဆုံးပါဝင်လာမယ့်ချစ်ပ်‌တွေဖြစ်တယ်လို့ ကောလာဟလသတင်းတွေထွက်ပေါ်နေပါတယ်။

Image: Intel

လက်ရှိမှာတော့ ကွန်ပြူတာနဲ့ဆက်စပ်ပစ္စည်းတွေမှာ Thunderbolt 5 ကို တရားဝင်အထောက်အပံ့ပေးဖို့ရာ Intel ရဲ့ Barlow Ridge ဆိုတဲ့သီးခြားချစ်ပ်ကိုအသုံးပြုလာမယ်လို့ဆိုပါတယ်။ Intel ဘက်ကတော့ အဆိုပါချစ်ပ်ရဲ့ ပါဝါသုံးစွဲမှုနဲ့ process node လို အကြောင်းအရာအ‌သေးစိတ်ကို ဖော်ပြထားခြင်းမရှိသေးပေမယ့် ဘယ် host system မဆိုအသုံးပြုနိုင်တယ်လို့ဆိုပါတယ်။ ဆိုလိုတာက AMD နဲ့ ARM အသုံးပြုတဲ့စက်တွေမှာ certify ဖြစ်ရင် Thunderbolt 5 ကိုမြင်တွေ့ရဖွယ်ရှိနေပါတယ်။ အရင်တုန်းကလို Intel အနေနဲ့ Thunderbolt အသုံးပြုဖို့ လိုင်စ‌င်ကြေးကောက်ခံမှာမဟုတ်ပဲ ပြင်ပ lab တွေမှာ ထုတ်ကုန်တွေအတွက် စစ်ဆေးခအ‌နေနဲ့သာပေးဆောင်ရမှာဖြစ်ပါတယ်။ ဒီစစ်ဆေးခက စစ်ဆေးဖို့ကုန်ကျစရိတ်ဖြစ်ပြီး Intel ကိုပေးဆောင်စရာမလိုအပ်ပါဘူး။

Image: Intel

Thunderbolt 5 ရဲ့ interface ဟာ Thunderbolt 4၊ Thunderbolt 3၊ USB 3၊ USB 4 နဲ့ DisplayPort 1.2 တို့မှာ တွဲဖက်အသုံးပြုနိင်ပါတယ်။


Intel အနေနဲ့ Thunderbolt 5 ကို စွမ်းဆောင်ရည်မြင့်စက်ပစ္စည်းတွေလိုအပ်တဲ့ creator နဲ့ gamer တွေ အတွက် ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ Intel ရဲ့ Evo နဲ့ vPro-certifed laptop တွေမှာ Thunderbolt 4 ကိုလိုအပ်ပေမယ့် Thunderbolt 5 မှာ ဒီလိုရှိမှာမဟုတ်ပါဘူး။ Thunderbolt 5 က ပရီမီယံအဆင့်ချိတ်ဆက်မှုစွမ်းဆောင်ရည်အတွက်နေရာတစ်ခုအဖြစ်တည်ရှိနေမှာဖြစ်ပြီး mainstream နဲ့ business ပိုင်းအသုံးပြုသူတွေအတွက် ရွေးချယ်စရာအဖြစ်နှစ်အနည်းငယ်လောက်ဆက်ရှိနေပါဦးမယ်။ Thunderbolt 5 ဟာ ၂၀၂၄ခုနှစ်မှာ ရောက်ရှိလာပါလိမ့်မယ်။

Source: Intel and Tom's Hardware

#EnThueTech
#News
#Intel

Post a Comment

0 Comments