Subscribe Us

header ads

Microsoft မှ အနှစ်၃၀နီးပါးကြာမြင့်နေသည့် WordPad ကို အနားပေးသွားမည်


WordPad ဆိုတာ Windows 95 နဲ့အတူထွက်ရှိခဲ့တဲ့ အခြေခံစာရိုက် software တစ်ခုဖြစ်ပြီး နောက်ပိုင်းထွက်သမျှ Windows OS တွေမှာ တပါတည်းပါဝင်လာခဲ့တာပါ။ ဒါပေမယ့် ဒီပရိုဂရမ်ဟာ အဆင့်မြှင့်တင်မှုအနည်းဆုံးသာရရှိခဲ့ပြီး Windows 7 မှာနောက်ဆုံးမြှင့်တင်ခဲ့တာဖြစ်ပါတယ်။

WordPad ဟာ ၂၀၂၀ခုနှစ်မှာပါဝင်ခဲ့တဲ့ Windows 10 Insider Build မှာ optional feature အနေနဲ့သာပါဝင်ခဲ့ပါတယ်။ ဆိုလိုတာက control panel ကနေ uninstall လုပ်လို့ရပါတယ်။

Microsoft ဘက်ကတော့ WordPad ကို update ပေးတော့မှာမဟုတ်ကြောင်းနဲ့ အသစ်ထွက်ရှိလာမယ့် Windows မှာ ဖယ်ရှားသွားမှာဖြစ်ပါတယ်။ ဒါဟာ Windows 12 ကိုဆိုလိုခြင်းဖြစ်ပါတယ်။

Microsoft အနေနဲ့ .doc နဲ့ .rtf တို့လို rich text document တွေအတွက် MS Word နဲ့ စာသားသီးသန့်အတွက် Notepad ကိုအသုံးပြုဖို့ အကြံပြုထားပါတယ်။ Microsoft ဟာ Notepad မှာ autosave နဲ့ tab restore လုပ်နိုင်စွမ်းရှိလာမယ်လို့ကြေညာထားပြီး Windows 11 Notepad ကို Windows Explorer လို browser ပုံစံ tab ကိုထည့်သွင်းခဲ့ပါတယ်။

Microsoft ဟာ Paint ကိုလည်း Windows ကနေဖယ်ရှားပြီး သီးခြားapp တစ်ခုအဖြစ်ပြောင်းလဲဖို့ ၂၀၁၇ခုနှစ်လောက်က ကြိုးစားခဲ့ပေမယ့် ဆုံးဖြတ်ချက်ကိုပြန်လည်ပြင်ဆင်ခဲ့ပြီး ဇွန်လမှာ Paint ကို အကြီးစားမွန်းမံမှုပြုလုပ်ခဲ့ပါတယ်။

Windows ကနေဖယ်ရှားတဲ့ အခြားနာမည်ကျော် app တစ်ခုကတော့ Cortana ဖြစ်ပြီး လွန်ခဲ့တဲ့လမှာ အထောက်အပံ့ကိုရပ်ဆိုင်းခဲ့ကာ AI အခြေခံ Windows Copilot ကိုပြောင်းလဲအသုံးပြုမှာဖြစ်ပါတယ်။

Source: TechSpot

#EnThueTech
#News
#Windows

Post a Comment

0 Comments