![]() |
Image via Tom's Hardware |
ယခင်အပတ်က Reddit post အများအပြားဟာ AMD GPU အသုံးပြုသူတွေဟာ Starfield ဂိမ်းမှာ နေကို render မလုပ်ပေးတာကြောင့် မြင်တွေ့ရခြင်းမရှိဘူးလို့ဆိုထားကြပါတယ်။ အချို့တွေကတော့ တစ်နေရာတည်းမဟုတ်ပဲ ဘယ်ကြယ်အဖွဲ့အစည်းကိုသွားသွား နေ့ခင်းအချိန်မှာနေကိုမမြင်ရတာဖြစ်ကြောင်းဆိုကြပါတယ်။
![]() |
Image via TechSpot |
Reddit အသုံးပြုသူ Yoraxx က သူ့အနေနဲ့ သူ့ရဲ့ Radeon 7900XTX ကတ်ကို နောက်ဆုံးထွက် AMD Driver တွေသွင်းထားပေမယ့် Starfield ဂိမ်းမှာနေကိုမမြင်ရကြောင်းဆိုထားပြီး အဆိုပါကွန်ပြူတာမှာ RTX 3070 Ti ကတ်ကိုတပ်ဆင်ပြီး ကစားတဲ့အခါ နေကိုပြန်လည်တွေ့မြင်ရကြောင်းဆိုပါတယ်။
![]() |
Image via TechSpot |
ဒီပြဿနာက AMD ဘက်ကလား ဒါမှမဟုတ် ဂိမ်းရေးဆွဲတဲ့ Bethesda ဘက်ကလားဆိုတာမသိရသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အာကာသအခြေခံတဲ့ ဒီလိုဂိမ်းမှာ အခြားသပ်ရပ်တဲ့အချက်တွေအများအပြားပါဝင်နေသည့်တိုင် နေမင်းကြီးကိုမမြင်ရတာဟာ ကစားရတဲ့သူအဖို့ အောင့်သက်သက်ခံစားရမှာအသေအချာပါပဲ။
Source: TechSpot
#EnThueTech
#News
#GraphicsCard
0 Comments