Subscribe Us

header ads

Feature အသစ်များစွာ ပါဝင်လာသည့် Windows 11 23H2 update ကို ယနေ့ရယူနိုင်ပြီ

Image: En Thue Tech

အသိပေးချက် - ယခုဆောင်းပါးသည် En Thue Tech မှ စက်တင်ဘာလ ၂၅ရက်နေ့တွင် လွှင့်တင်ခဲ့သည့်ဆောင်းပါးကို ယခုအချိန်ကာလနှင့် ကိုက်ညီမှုရှိစေရန် ပြန်လည်တည်းဖြတ်ပြင်ဆင်ထားခြင်းဖြစ်ပါသည်။

Microsoft ကအသစ်ထွက်ရှိလာမယ့် Windows 11 ရဲ့ အကြီးစားအဆင့်မြှင့်တင်မှုတစ်ခုဖြစ်တဲ့ Windows 11 23H2 မှာ feature အသစ်တွေအများအပြားပါဝင်လာဖို့ရှိနေပါတယ်။ လွန်ခဲ့တဲ့စက်တင်ဘာလက New York မှာ ကျင်းပခဲ့တဲ့ Surface မိတ်ဆက်ပွဲမှာ Microsoft အနေနဲ့ Windows 11 23H2 ကို စက်တင်ဘာလ ၂၆ရက်နေ့မှာ ဖြန့်ချီသွားမယ်လို့ဆိုခဲ့ပါတယ်။ ဒါပေမယ့် device အသစ်တွေသာ ဦးဆုံးအနေဖြင့်ရရှိခဲ့ပြီး ဒီနေ့မှာတော့ လူတိုင်းရယူနိုင်ပြီဖြစ်ပါတယ်။

Windows 11 23H2 မှာ feature အသစ်ပေါင်း ၁၅၀ ကျော်ပါဝင်ပြီး AI နည်းပညာတွေကို Windows ထဲမှာထည့်သွင်းတည်ဆောက်ထားမှာဖြစ်ပါတယ်။ အဓိကပါဝင်လာမှာက လက်ရှိ Bing Chat ပေါ်မှာတည်ဆောက်ထားတဲ့ Windows Copilot ဖြစ်ပြီး ပထမဆုံး PC မှာ AI assistant တစ်ပါတည်းထည့်သွင်းမှုဖြစ်လာမှာပါ။ Copilot ကို taskbar ကနေရယူသုံးစွဲနိုင်မှာဖြစ်ကာ ကွန်ပြူတာနဲ့သက်ဆိုင်တဲ့မေးခွန်းတွေ ဥပမာလိုမျိုးမေးမြန်းနိုင်မှာဖြစ်ပါတယ်။

Image: Microsoft Blog

နောက်ထက် Windows Copilot ဟာ သင့်ကိုင်တွယ်‌နေရတဲ့ စာရွက်စာတမ်းတွေအပေါ်အကူအညီပေးနိုင်ပါတယ်။ ဥပမာ pdf တစ်ဖိုင်ကိုကြည့်ခိုင်းပြီး အကြောင်းအရာတွေကို အကျဉ်းချုပ်ခိုင်းတာ ဒါမှမဟုတ် ပြန်လည်ရေးသားတာတွေပါလုပ်နိုင်ပါတယ်။ သင့်အနေနဲ့ သင့်မိတ်ဆွေတွေကို Microsoft Teams ကနေ ဖိုင်တွေပို့ခိုင်းတာတွေပါလုပ်နိုင်ပါတယ်။


Windows 11 23H2 ထည့်သွင်းလာမယ့် feature အချို့ကို ထုတ်နှုတ်ပြရမယ်ဆိုရင်တော့

Image: En Thue Tech

Paint

Microsoft Paint မှာအရင်လို ပုံတွေဖန်တီးတာအပြင် အရမ်းအသုံးဝင်တဲ့ background removal နဲ့ layer တွေလည်းဖန်တီးလို့ရလာမှာဖြစ်ပါတယ်။

Image: En Thue Tech

Photos

Windows ရဲ့ Photo မှာလည်း နောက်ခံ background ကို အလိုအလျောက်ရှာဖွေနိုင်တဲ့ feature ပါဝင်လာပြီး background ကို အလိုအလျောက်ဝါးပေးနိုင်ပါတယ်။

Image: En Thue Tech

RGB Lighting

Microsoft ဟာ သူတို့ရဲ့ Windows 11 Setting ထဲမှာ RGB LED တွေကိုထိန်းချုပ်ဖို့ရာ Dynamic Lighting ကိုထည့်သွင်းပေးလာမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ Razer အမှတ်တံဆိပ်တွေကိုသာသိသေးတယ်ဆိုပေမယ့် နောက်ပိုင်းပိုများလာဖို့ရှိနေပါတယ်။

7z နှင့် RAR အထောက်အပံ့

အသစ်ထွက်ရှိလာမယ့် 23H2 မှာ Windows 11 ဟာ 7z အပါအဝင် file archive အမျိုးမျိုးကို တပါတည်းအထောက်အပံ့ပေးမှာဖြစ်ပါတယ်။

Notepad

Notepad မှာ သူ့ကိုပိတ်လိုက်ပြီး ပြန်ဖွင့်ချိန်မှာ tab အားလုံးကို နောက်ဆုံး session အတိုင်း unsave မလုပ်ရသေးတဲ့အတိုင်း ပြန်ဖွင့်ပေးနိုင်ပါတယ်။

Clipchamp

သက်ရိုက်ကူးထားတဲ့ရုပ်ပုံတွေနဲ့ ဗီဒီယိုတွေကို အလိုအလျောက် တည်းဖြတ်ဖို့ကူညီပေးမှာဖြစ်ပြီး မိသားစုနဲ့မိတ်ဆွေတွေကိုမျှဝေနိုင်မှာဖြစ်ပါတယ်။

Image: En Thue Tech

Snipping Tool

Snipping Tool ဟာ အရင်လို screenshot ရယူတာအပြင် screenshot ထဲကစာသားတွေကိုသိရှိနိုင်တဲ့ OCR ပါဝင်လာလို့ copy နဲ့ paste လုပ်ရတာပိုအဆင်ပြေလာပါတယ်။ ဒါ့အပြင် အသံဖမ်းယူတာကိုလုပ်နိုင်လာလို့ content တွေဖန်တီးရတာပိုမိုလွယ်ကူလာမှာလည်းဖြစ်ပါတယ်။

Outlook for Windows

Outlook အသစ်မှာ သင့်ရဲ့ Gmail, Yahoo, iCloud အစရှိတဲ့အကောင့်ပေါင်းများစွာကို တစ်စုတစ်စည်းတည်းအသုံးပြုနိုင်သလို အရေးကြီးတဲ့အချက်အလက်တွေကို OneDrive ကနေမျှဝေပေးနိုင်ပါတယ်။

File Explorer

Microsoft ဟာ File Explorer ကိုလည်းဆန်းသစ်မှုတွေပြုလုပ်ထားပြီး သက်ဆိုင်ရာဖိုင်တွေကိုရှာဖွေရလွယ်ကူအောင်ဖန်တီးထားကာ ပြုပြင်ပြောင်းလဲထားတဲ့ home၊ address bar နဲ့ search box တို့ကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ နောက်ထပ်တစ်ခုက File Explorer မှာ သင့်ဓာတ်ပုံတွေကို လွယ်ကူကူရရှိနိုင်မယ့် Gallery feature ကိုလည်းထည့်သွင်းပေးလာမှာဖြစ်ပါတယ်။


ဒါတင်မက Microsoft အနေနဲ့ Bing Chat မှာပေါင်းစပ်ထားတဲ့ Bing Image Creator ကိုလည်း ပိုမိုကောင်းမွန်တဲ့ DALL.E 3 ကိုအသုံးပြုလာမှာဖြစ်သလို ဒီလို ဖန်တီးထားတဲ့ ပုံတွေမှာလည်း AI က ဖန်တီးထားမှန်းသိသာစေဖို့ cryptographic method တွေကိုအသုံးပြုထားတဲ့ invisible digital watermark ကိုတပါတည်းထည့်သွင်းပေးမယ်လို့ဆိုပါတယ်။ ဒီ invisible digital watermark ကို Paint နဲ့ Microsoft Designer မှာလည်းအထောက်အပံ့ပေးလာမှာဖြစ်တယ်လို့ Microsoft ကဆိုပါတယ်။

Image: En Thue Tech


Windows 11 23H2 ကို ယနေ့စတင် ဒေါင်းလုဒ်လုပ်ကာ ရယူနိုင်ပြီဖြစ်ပါတယ်။ Windows 11 23H2 ကို ရယူနိုင်ဖို့အတွက် 22H2 update ကိုအရင်တင်ထားပြီး setting ထဲက Windows Update မှာ "Get the latest update as soon as they're available" ဆိုတဲ့ box လေးကို tick လုပ်ပေးထားဖို့ရာလိုအပ်ပါတယ်။

Image: En Thue Tech


Windows 11 ကို Setting ထဲက Windows Update အပြင် Installation Assistant၊ Installation Media နဲ့ ISO file တို့ကတဆင့် ယနေ့ရယူနိုင်ပြီဖြစ်ပါတယ်။

Source: Windows Central, Microsoft Blog and xda-developers

#EnThueTech
#News
#Windows
#AI

Post a Comment

0 Comments