![]() |
Image: Apple |
Apple က အောက်တိုဘာလမှာကျင်းပလေ့ရှိတဲ့ Scary Fest ပွဲကို Halloween မတိုင်မီ ည ၈ နာရီ ET / ၅ နာရီ PT မှာ သူတို့ရဲ့ နောက်ဆုံးပေါ် M3၊ M3 Pro နဲ့ M3 Max ချစ်ပ်အသစ်တွေကိုပြသခဲ့ပါတယ်။ အဆိုပါ SoCs အသစ်တွေကို MacBook Pro ၁၄လက်မ နှင့် ၁၆ လက်မမော်ဒယ်တွေအပြင် ၂၄လက်မ iMac မှာလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။
M3 အခြေခံ ၁၄လက်မ နှင့် ၁၆ လက်မ MacBook Pro များ
စိတ်ဝင်စားစရာအကောင်းဆုံးကတော့ MacBook Pro အသစ်တွေအတွက် 3nm ချစ်ပ်တွေဖြစ်တဲ့ M3၊ M3 Pro နဲ့ M3 Max တွေဖြစ်ပါတယ်။ ဒီချစ်ပ်တွေအားလုံးမှာ chip architecture အသစ်ကိုအသုံးပြုထားကာ hardware-accelerated mesh shading၊ hardware-accelerated ray tracing နဲ့ Dynamic Caching နည်းပညာတွေပါဝင်ပါတယ်။ Dynamic Memory ဆိုတဲ့နည်းပညာကတော့ အက်ပလီကေးရှင်းလိုအပ်မှုအပေါ်မူတည်ပြီး hardware ကို တပြေးညီခွဲဝေပေးနိုင်ပါတယ်။ GPU ပိုင်းအနေနဲ့ M2 မျိုးဆက်ထက် ၂.၅အထိစွမ်းဆောင်ရည်ပိုကောင်းတယ်လို့ Apple ကဆိုပါတယ်။![]() |
Image: Apple |
M2 Pro နဲ့ M2 Max တို့နဲ့နှိုင်းယှဉ်မယ်ဆိုရင် Performance Core တွေက ၃၀ရာခိုင်နှုန်းအထိပိုမိုမြန်ဆန်ပြီး Efficiency Core တွေက ၅၀ရာခိုင်နှုန်းအထိပိုမိုမြန်ဆန်တယ်လို့ဆိုပါတယ်။ Neural Engine ကတော့ M1 တွေထက် ၆၀ရာခိုင်နှုန်းအထိပိုမိုမြန်ဆန်တယ်လို့သိရပါတယ်။ MacBook Pro တွေအတွက် CPU lineup အသစ်တွေကအောက်ပါအတိုင်းဖြစ်ပါတယ်။
- M3 8-core CPU (4 performance, 3 efficiency), 10-core GPU, up to 24GB unified memory
- M3 Pro 12-core CPU (6 performance, 6 efficiency), 18-core GPU, up to 36 GB unified memory
- M3 Max 16-core CPU (12 performance, 4 efficiency), 40-core GPU, up to 128GB unified memory
![]() |
Image: Apple |
အခြေခံ ၁၄လက်မမျက်နှာပြင်နဲ့ MacBook Pro တွေမှာ M3 processor ပါဝင်ပြီး ယခင်မျိုးဆက်တွေမှာတုန်းက M1 Pro နဲ့ M2 Pro ကစတင်အသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ MacBook Pro အသစ်ကို M3 Pro နဲ့ M3 Max နဲ့လည်းရရှိနိုင်ပါတယ်။ ၁၆လက်မမျက်နှာပြင်နဲ့ MacBook Pro တွေကတော့ M3 Pro နဲ့ M3 Max တို့ဖြင့်သာရရှိနိုင်ပါတယ်။
Apple ကတော့ MacBook Pro အသစ်တွေမှာ ဘက်ထရီသက်တမ်း ၂၂နာရီအထိအမြင့်ဆုံးရရှိနိုင်တယ်လို့ဆိုထားပါတယ်။ ဒါ့အပြင် Liquid Retina XDR Display ကိုလည်း အမြင့်ဆုံး brightness 1600 nits အထိရရှိနိုင်ပါတယ်။
![]() |
Image: Apple |
ဒါတင်မက Apple ဟာ M3 Pro နဲ့ M3 Max အသုံးပြုထားတဲ့ MacBook Pro တွေအတွက် Space Black အရောင်အသစ်ကိုလည်း မိတ်ဆက်လိုက်ပါတယ်။ အဆိုပါအရောင်အသစ်ဟာ MacBook Pro တွေမှာ အသုံးပြုလာခဲ့တဲ့ သမားရိုးကျ Silver နဲ့ Space Grey အရောင်တွေကနေခွဲထွက်လာတာဖြစ်ပြီး လက်ရာတွေထင်တဲ့ပြဿနာကိုကျော်လွှားနိုင်တဲ့ anodization နည်းလမ်းကို အသုံးချထားတယ်လို့ဆိုပါတယ်။
M3 iMac များ
Apple အနေနဲ့ M1 နောက်ပိုင်း iMac ကိုအဆင့်မြှင်တာတွေမပြုလုပ်ရသေးပဲ M2 ထွက်ရှိတုန်းကလည်း Mac Mini နဲ့ MacBook Air မှာသာပါဝင်ခဲ့ပြီး iMac ကိုချန်ရစ်ခဲ့ပါတယ်။![]() |
Image: Apple |
အခုဆိုရင် နောက်ဆုံးမှာ M3 processor အသစ်အသုံးပြုထားတဲ့ iMac အသစ်ကိုမိတ်ဆက်လိုက်ပါတယ်။ ၂၄လက်မမျက်နှာပြင်အသုံးပြုထားတဲ့ iMac Pro ဟာ ယခင် M1 iMac ထက် ၂ဆပိုမြန်ပြီး ယခင် Intel iMac တွေထက် ၂.၅ဆအထိပိုမိုမြန်ဆန်တယ်လို့ဆိုပါတယ်။ အရောင် ၇မျိုးရွေးချယ်နိုင်ပြီး $1299 မှ စတင်ဝယ်ယူနိုင်ပါတယ်။ Apple ရဲ့ ၂၄လက်မ iMac အသစ်ကို ယနေ့စတင်မှာယူနိုင်ပြီး နောက်အပတ်မှာတင်ပို့ရောင်းချမှာဖြစ်ပါတယ်။
Source: Tom's Hardware
#EnThueTech
#News
0 Comments