![]() |
Image: TSMC |
ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်ပိုလီတက္ကနစ်တက္ကသိုလ် St. Petersburg Polytechnic University (SPbPU) က သုတေသီတွေဟာ ရုရှားနိုင်ငံရဲ့ မိုက်ခရိုအီလက်ထရွန်းနစ်များ ဖူလုံရေးအတွက် အရေးကြီးတဲ့ခြေလှမ်းတစ်ခုအဖြစ် ဆီမီးကွန်ဒတ်တာတွေထုတ်လုပ်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ သမားရိုးကျပုံစံခွက် mask တွေအသုံးမပြုပဲ plasma-chemical etching နည်းလမ်းကိုအသုံးပြုရတဲ့ ပြည်တွင်းဖြစ် lithographic complex တစ်ခုကိုဖန်တီးခဲ့တယ်လို့ ရုရှားနိုင်ငံပိုင် RIA Novosti သတင်းကိုကိုးကားပြီး CNews က တင်ပြခဲ့ပါတယ်။ စက်ရဲ့တန်ဖိုးဟာ ရူဘယ်၅သန်း(အမေရိကန်ဒေါ်လာ ၄၉၅၀၀၀)ခန့်ကုန်ကျပြီး ကားတစ်စီးစာလောက်တန်ကြေးရှိကာ နောက်စက်တစ်ခုရဲ့ကုန်ကျမှုကိုတော့မသိရသေးပါဘူး။
ဒီ lithographic complex မှာ စက်၂မျိုးပါဝင်တယ်လို့ဆိုပါတယ်။ ပထမစက်တစ်ခုက mask မလိုအပ်ပဲ ပုံများကို အောက်ခံပုံစံပေါ်မှာ ပုံရိပ်ရေးထိုးနိုင်တဲ့ maskless nanolithography အတွက် ဒီဇိုင်းပြုဖန်တီးထားတာဖြစ်ပါတယ်။ ဒုတိယတစ်ခုကတော့ ပထမတစ်ခုက ဖန်တီးလိုက်တဲ့ အောက်ခံပုံစံတွေမှာ plasma-chemical etching နည်းလမ်းကို အသုံးပြုပြီး နာနိုအဆင့်ဖွဲ့စည်းပုံတွေတည်ဆောက်ပေးဖို့တာဝန်ယူပေးမယ့် စက်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ဒီစက်ဟာ ဒါပေမယ့် အနာဂတ်မှာသင်္ဘော overpressure sensor တွေမှာ အသုံးပြုနိုင်တဲ့ ဆီလီကွန်အမြှေးပါးတွေကို ဖန်တီးနိုင်ပါတယ်။ သိသာထင်ရှားတဲ့အချက်ကတော့ ဒီ membrane တွေဟာ အခြား liquid (သို့မဟုတ်) laser etching နည်းလမ်းတွေနဲ့ ထုတ်လုပ်ထားတာတွေထက် ပိုမိုယုံကြည်စိတ်ချရပြီး ပိုမိုအာရုံခံနိုင်တာကြောင်း အမွှန်းတင်ထားတာပါပဲ။ရုရှားရဲ့ မိုက်ခရိုအီလက်ထရောနစ်နယ်ပယ်မှာ တိုးတက်မှုဟာ ကမ္ဘာ့ချစ်ပ်ထုတ်လုပ်ရေးစံနစ်ကိုလိုက်မှီဖို့ရာ အရှိန်အဟုန်မြင့်ကြိုးပမ်းနေမှုအဖြစ်ထွက်ပေါ်ထွန်းလာပါတယ်။ ရုရှားရဲ့ချစ်ပ်ထုတ်လုပ်မှုဟာ လက်ရှိမှာ အလွန်ဆုံး 65nm အထိသာ ထုတ်လုပ်နိုင်တဲ့စက်တွေသာရှိပြီး အနှစ်၂၀လောက် ခေတ်နောက်ကျနေပါတယ်။ ဒီအချိန်မှာ ကမ္ဘာ့စံချိန်စံညွှန်းကတော့ 3nm အထိရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။ နောက်ထပ် မှတ်သားဖွယ်ရာ ကြိုးပမ်းချက်တစ်ခုကတော့ 7nm ချစ်ပ်ပြားကိုထုတ်လုပ်နိုင်တဲ့ lithograph စက်ကို ဖန်တီးနေတဲ့ Nizhny Novgorod Institute of Applied Physics ဖြစ်ပြီး ၂၀၂၈ ခုနှစ်လောက်အထိ ထုတ်လုပ်နိုင်ဦးမှာမဟုတ်ပါဘူး။ တိုးတက်မှုအရှိန်အဟုန်ကောင်းစေဖို့ ရုရှားစက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနကလည်း မိုက်ခရိုအီလက်ထရွန်းနစ်အတွက် lithograph ပစ္စည်းတွေဖန်တီးခြင်းအပေါ် ရူဘယ် ၁.၁ဘီလီယံကို ရင်းနှီးမြှုပ်နှံထားပါတယ်။
ချစ်ပ်တွေ (သို့မဟုတ်) silicon membraneတွေ ပြုလုပ်ခြင်းအပြင် ဒီစက်နှစ်ခုဟာ အခြားစက်မှုလုပ်ငန်းများအတွက်ပါ သိသိသာသာ အကျိုးရှိနိုင်ပါတယ်။ ဥပမာပြောရရင် ၎င်းတို့ဟာရေဒါကိရိယာတွေရဲ့ သက်တမ်းကို အဆ ၂၀ ကျော် တိုးမြှင့်နိုင်ပါတယ်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နယ်ပယ်မှာဆိုရင်လည်း ဒီကိရိယာတွေဟာ ဆိုလာပြားတွေကို အရွယ်ချုံ့ပေးနိုင်လို့ ပိုမိုပေါ့ပါးကာ စွမ်းဆောင်ရည်ကို တိုးတက်စေပါတယ်။
ဖန်တီးသူတွေအနေနဲ့ သူတို့ရဲ့တီထွင်မှုအပေါ် ကြီးမားတဲ့ မျှော်မှန်းချက်ရှိနေပါတယ်။ ၎င်းတို့အနေနဲ့ စက်နှစ်ခုလုံးမှာ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ ဉာဏ်ရည်တုတု ထည့်သွင်းဖို့ရာ ကြံရွယ်နေကြပါတယ်။ သို့ပင်သော်ငြား ရုရှားချစ်ပ်ထုတ်လုပ်သူတွေအနေနဲ့ အဆိုပါကိရိယာတွေအပေါ် စိတ်ဝင်စားမှုရှိမရှိ သေသေချာချာမသိရသေးသလို ကိရိယာများကို လက်တွေ့ထုတ်လုပ်ရေးမှာ ဘယ်အချိန်အသုံးပြုနိုင်မလဲဆိုတာကို အချိန်ကာလသတ်မှတ်ထားတာမရှိသေးပါဘူး။
Source: Tom's Hardware and CNews
#EnThueTech
#News
#Semiconductors
0 Comments