Subscribe Us

header ads

အမေရိကန်အစိုးရမှ RTX 4090 ကို တရုတ်နှင့်အခြားနိုင်ငံများသို့ တင်ပို့မှုကန့်သတ်လာ


နောက်ဆုံးထွက်ရှိထားတဲ့ အမေရိကန်အစိုးရ‌ရဲ့ ပို့ကုန်စည်းမျဉ်းစည်းကမ်း‌တွေအရ AMD၊ Intel နဲ့ Nvidia တို့ဟာ သူတို့ရဲ့ စွမ်းဆောင်ရည်မြင့် ပရိုဆက်ဆာတွေကို အမေရိကန်ကုန်သွယ်ရေးဌာနရဲ့ပို့ကုန်လိုင်စင်မရှိပဲ တရုတ်နဲ့အခြားနိုင်ငံတွေထံရောင်းချခွင့်ရှိတော့မှာမဟုတ်ပါဘူး။ တကယ်တမ်း ဒီကန့်သတ်ချက်က အလွန်ပြင်းထန်ပြီး Nvidia ရဲ့ AD102 ပရိုဆက်တာတွေတင်ပို့ခွင့်လည်းပါဝင်လာတာကြောင့် GeForce RTX 4090 graphics card တွေ ထောက်ပံ့မှုအပေါ် သက်ရောက်မှုတစ်ခုရှိလာနိုင်ပါတယ်။ 

NVIDIA အနေနဲ့ ကမ္ဘာတစ်လွှား သူတို့ရဲ့ AI GPU တွေလိုအပ်ချက်မြင့်မားနေတာကြောင့် လတ်တလောမှာ ဘဏ္ဍာရေးရလဒ်တွေ ထိခိုက်မှုရှိလာမယ်လို့တွက်ဆထားမှာမဟုတ်ပါဘူး။ ဒီလိုအချိန်မှာ တင်ပို့ခွင့်ဆိုင်ရာဥပဒေကြောင့် အများအားဖြင့် တရုတ်နိုင်ငံမှာပြုလုပ်နေတဲ့ RTX 4090 အခြေခံ graphics card တွေရဲ့ ထုတ်လုပ်မှုနဲ့ဈေးနှုန်းကို ဘယ်လောက်အထိသက်ရောက်လာမလဲဆိုတာဆက်လက်စောင့်ကြည့်ရမှာပါ။ တင်ပို့မှုဥပဒေသစ်ကိုလိုက်နာဖို့အတွက် Nvidia အနေနဲ့ RTX 4090 အပါအဝင် AD102 အခြေခံထုတ်ကုန်တွေကို တရုတ်နိုင်ငံပြင်ပမှာသာထုတ်လုပ်ဖို့ စတင်ဆောင်ရွက်ရတော့မှာဖြစ်ပါတယ်။

ထုတ်လုပ်ရေးကို ထိုင်ဝမ်ဘက်ကို ရွေ့ပြောင်းတာဟာ အမှတ်တံဆိပ်အများစုအတွက်ပြဿနာမဟုတ်ပဲ ကုမ္ပဏီအများစုက ထိုင်ဝမ်အခြေစိုက်တွေဖြစ်ကြပါတယ်။ ဒါပေမယ့် ခြွင်းချက်တစ်ခုက တရုတ်ပြည်မကြီးမှာသာအခြေစိုက်တဲ့ Colorful ဖြစ်ပြီး ၎င်းက Nvidia အတွက် ကြီးမားတဲ့ဖောက်သည်ဖြစ်သလို ကမ္ဘာအကြီးဆုံးမား graphic card ထုတ်လုပ်သူတွေထဲကတစ်ခုလည်းဖြစ်နေတာပါ။

၂၀၂၃ခုနှစ် နိုဝင်ဘာ ၁၆ရက်နေ့ကစတင်ပြီး NVIDIA အနေနဲ့ ၎င်းတို့ရဲ့ A100၊ A800၊ H100၊ L40၊ L40S နဲ့ GeForce RTX 4090 ကတ်နဲ့ module တွေကို တရုတ်၊ ဆော်ဒီ၊ ယူအေအီး နဲ့ ဗီယက်နမ်နိုင်ငံတွေထံ တင်ပို့ခွင့်လိုင်စင်မပါပဲ တင်ပို့နိုင်တော့မှာမဟုတ်ပါဘူး။

RTX 4090 ကလွဲရင် အထက်ကတင်ပြခဲ့တဲ့ထုတ်ကုန်တွေအားလုံးဟာ AI၊ HPC Cloud Application တွေမှာ အသုံးပြုကြတဲ့ data center GPU တွေဖြစ်ကြပါတယ်။ သင့်အနေနဲ့ ဈေးကိုကြည့်နေစရာမလိုဘူးဆိုရင် RTX 4090 ဟာအကောင်းဆုံး graphics card ပါပဲ ဒါပေမယ့် ကန့်သတ်မှုအသစ်ထဲမှာ ယျေဘူယျအားဖြင့် စွမ်းရည်မြင့် ပရိုဆက်ဆာတွေကို ပိတ်ပင်တာမို့ ဥပဒေထဲမှာ အကြုံးဝင်လာခဲ့တာဖြစ်ပါတယ်။

"လိုင်စင်လိုအပ်ချက်အသစ်က ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကိုအချိန်မှီပြီးမြောက်အောင်ဆောင်ရွက်ဖို့၊ လက်ရှိဖောက်သည်တွေရဲ့ ကုန်ပစ္စည်းတွေကိုအထောက်အပံ့ပေးဖို့ (သို့မဟုတ်) သက်ရောက်တဲ့ဒေသတွေအပြင်ဘက်က အကျုံးဝင်တဲ့ ဖောက်သည်‌တွေရဲ့ ထုတ်ကုန်တွေကို ပံ့ပိုးပေးဖို့နဲ့ ကုမ္ပဏီရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို တစ်နေရာ (သို့မဟုတ်) ဒီထက်ပိုတဲ့နေရာတွေကိုပြောင်းလဲဖို့လိုအပ်ကြောင်း" NVIDIA ရဲ့ လုံခြံရေးနဲ့လှဲလှယ်ရေးကောင်မရှင်ထံတင်ပြတဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ 

Source: Tom's Hardware

#EnThueTech
#News
#GraphicsCard
#GPU 

Post a Comment

0 Comments