![]() |
Image: En Thue Tech |
Microsoft ဟာ သူတို့ရဲ့ Windows 11 အတွက် အကြီးစားအဆင့်မြှင့်တင်မှုဖြစ်တဲ့ 23H2 ကို စက်တင်ဘာလ ၂၆ ရက်နေ့မှာ စတင်ဖြန့်ချီလိုက်တယ်လို့ဆိုပေမယ့် လူတိုင်းအသုံးပြုနိုင်ဦးမှာမဟုတ်ပါဘူး။ ဒီအတွက် Windows 11 version 22H2 တင်ထားသူတွေက Setting ထဲက Windows Update ကနေ တိုက်ရိုက် update လုပ်နိုင်ပေမယ့် သူ့ထက်စောတဲ့ version ဖြစ်နေမယ်ဆိုရင်တော့ Windows ကို အသစ်ပြန်တင်ဖို့လိုအပ်တယ်လို့သိရပါတယ်။
![]() |
Image: En Thue Tech |
လက်ရှိမှာ ကျွန်တော့ကွန်ပြူတာမှာ Windows 11 23H2 ကို update မလုပ်နိုင်သေးပဲ နောက်ဆုံး update အနေနဲ့ cumulative update (KB5030310) သာရရှိထားပြီး Windows Copilot ကို preview အနေနဲ့အပြင် အချို့ feature တွေကို အသုံးပြုနိုင်နေပါပြီ။ သုံးကြည့်ရသလောက်က Copilot ရဲ့တုန့်ပြန်မှုက အားရစရာမကောင်းသေးပါဘူး။
လက်ရှိကြားရသလောက်က Windows 11 ရဲ့ နောက်ဆုံးထွက် 23H2 ကို အဆင့်၂ဆင့်နဲ့ပေးအပ်သွားဖို့ရှိနေပါတယ်။ ပထမတစ်ခုက 2023 update နဲ့ ပြဿနာနည်းပါးမယ့် ကွန်ပြူတာအသစ်တွေဖြစ်ပါတယ်။ သို့ပင်သော်ငြား driver၊ app၊ third-party antivrus အပြင် မိမိစက်ရဲ့တည်နေရာအပေါ်မူတည်ပြီးပါသေးတယ်။ 2023 update ကို Windows Update ကနေတင်ဖို့က လောလောဆယ်မဖြစ်နိုင်သေးပဲ နောက်ပိုင်းမှသာရရှိမယ်လို့ဆိုပါတယ်။အကယ်၍ သင့်ရဲ့ ကွန်ပြူတာမှာ Windows 10 သာတင်ထားမယ်ဆိုရင် လက်ရှိ update အဖြစ်ဆုံး Windows 11 22H2 ကိုသာ အဆင့်မြှင့်တင်နိုင်ပါလိမ့်မယ်။ တင်ပြီးသွားတဲ့အချိန်မှာမှ ဆက်လက် update လုပ်လို့ရမှာဖြစ်ပါတယ်။
![]() |
Image: En Thue Tech |
Windows 11 23H2 ကိုအစောဆုံးရရှိလိုတယ်ဆိုရင်တော့ သင့်အနေနဲ့လက်ရှိအချိန်မှာ 22H2 ကိုအရင်တင်ထားပြီး setting ထဲက Windows Update မှာ "Get the latest update as soon as they're available" ဆိုတဲ့ box လေးကို tick လုပ်ပေးထားဖို့ရာလိုအပ်ပါတယ်။
Windows 11 ကို Setting ထဲက Windows Update အပြင် Installation Assistant၊ Installation Media နဲ့ ISO file တို့ကတဆင့် ရယူနိုင်ပြီး လက်ရှိအချိန်မှာ 22H2 ထိသာရှိပါသေးတယ်။
Source: Windows Central
#EnThueTech
#News
#Windows
0 Comments