Image: Qualcomm |
PC နယ်ပယ်ဟာ နှစ်ပေါင်းများစွာ အထီးကျန်ဆန်ပြီး ငြိမ်သက်နေခဲ့ရာမှ အရာရာဟာပြောင်းလဲလာခဲ့ပါပြီ။ ဒီနှစ်ထဲမှာဆိုရင် AMD ဟာ PC SoC မှာ NPU ဒါမှမဟုတ် AI Accelerator တစ်မျိုးအဖြစ် ပထမဆုံးပါဝင်လာတဲ့ Ryzen 7040 မိတ်ဆက်ခဲ့သလို ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာလည်း Intel က သူတို့ရဲ့ AI Accelerator ပါဝင်တဲ့ Core Ultra ချစ်ပ်တွေကိုမိတ်ဆက်လိုက်ပါတယ်။ အခုဆိုရင် Qualcomm ကလည်း AI PC လမ်းကြောင်းကို အမှီလိုက်ဖို့ရာ Snapdragon X Elite ကိုမိတ်ဆက်လိုက်ပါတယ်။
Image: Qualcomm |
Snapdragon X Elite မှာ စွမ်းအားကောင်းတဲ့ NPU ပါဝင်တာတင်မဟုတ်ပဲ TOPs (Tera Operations per Second) တိုင်းတာမှုအရ Intel နဲ့ AMD တို့ရဲ့ NPU တွေထက် အကြမ်းဖျင်းစွမ်ဆောင်ရည် ၄ဆ ပိုမိုကောင်းမွန်ပါပြီး ကာလရှည်စောင့်မျှော်နေကြတဲ့ Oryon CPU နဲ့ ပွဲထွက်လာတာဖြစ်ပါတယ်။
Image: Qualcomm |
Qualcomm အခြေခံထားတဲ့နည်းပညာဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဝယ်ယူထားတဲ့ Nuvia ကုမ္ပဏီကဖြစ်ပြီး Oryon ဟာ ARM အခြေခံ CPU ဖြစ်ကာ မြင့်မားတဲ့စွမ်းရည်တွေရှိပါတယ်။ Qualcomm အနေနဲ့ Oryon CPU မှာ 3.8 GHz မြန်နှုန်းရှိတဲ့ Core ၁၂ခုနဲ့ 4nm process ကိုပေါင်းစပ်ပေးထားပါတယ်။
Image: Qualcomm |
ဒါတင်မက ဒီ Core ၁၂ခုထဲက Core ၂ခုဟာ 4.3 GHz မြန်နှုန်းအထိ ရရှိမှာဖြစ်ပါတယ်။
စိတ်ဝင်စားစရာက Qualcomm အနေနဲ့ လက်ရှိမှာ Oryon CPU ကို PC အတွက်ထုတ်ထားပေမယ့် သူ့ရဲ့ နောက်မျိုးဆက် CPU Core ကို အနာဂတ်မှာ mobile၊ မော်တော်ယာဉ်၊ XR နဲ့ အခြား application တွေအတွက်အသုံးပြုလာမယ်လို့ယူဆရပါတယ်။
Qualcomm ပြသသွားတဲ့ Snapdragon X Elite ရဲ့ benchmark တွေမှာ Oryon တပ်ဆင်ထားတဲ့ ချစ်ပ်တွေဟာ single thread စွမ်းဆောင်ရည်မှာ Apple M2 Max ကိုအနိုင်ရပြီး multi-thread မှာ စွမ်းအင်သုံးစွဲမှု ၃၀%ပိုမိုလျော့နည်းပြီး တူညီတဲ့စွမ်းဆောင်ရည်ကိုပေးစွမ်းနိုင်ကြောင်းဆိုထားပါတယ်။
Image: Qualcomm |
ဒါတင်မက Core i9-13980HX ကိုလည်း single thread စွမ်းဆောင်ရည်မှာ အသာရသလို multi-thread မှာလည်း စွမ်းအင်သုံးစွဲမှု ၇၀%ပိုမိုလျော့နည်းပြီး တူညီတဲ့စွမ်းဆောင်ရည်ကိုပေးစွမ်းနိုင်ကြောင်းဆိုထားပြန်ပါတယ်။
Image: Qualcomm |
နောက်ထပ် အထင်ကြီးစရာစွမ်းဆောင်ရည်က Snapdragon X Elite အသုံးပြုထားတဲ့ PC မှာ GenAI တွေကို 13 billion parameter မော်ဒယ်ကို 30 tokens per second နဲ့ အလုပ်လုပ်နိုင်မယ်လို့ဆိုထားပါတယ်။ ဒါကြောင့် Meta ရဲ့ Llama 2၊ Stable Diffusion အပါအဝင် အခြား application တွေဟာ ဒီချစ်ပ်ပေါ်မှာ အလုပ်လုပ်နိုင်ပါတယ်။ Qualcomm ကတော့ Snapdragon X Elite ရဲ့ NPU စွမ်းဆောင်ရည် ဟာ 45 trillion operations per second (TOPS) ရှိတယ်လို့ဆိုပါတယ်။
Image: Qualcomm |
LLM တွေနဲ့ အခြား GenAI တွေကို စက်ပေါ်မှာ တိုက်ရိုက်အလုပ်လုပ်နိုင်ခြင်းဟာ cloud ပေါ်မှာထက် လုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာပိုင်းဆိုင်ရာအတွက် ပိုမိုကောင်းမွန်စေပါတယ်။ ဒါတင်မက PC အတွက် သီးသန့်သင်ကြားထားတဲ့အချို့ application တွေမှာဆိုရင် စက်ပေါ်မှာ တိုက်ရိုက်လုပ်ဆောင်နိုင်တာက cloud ပေါ်မှာအလုပ်လုပ်တာထက် စွမ်းဆောင်ရည်ပိုကောင်းနိုင်ကြောင်း အချို့ AI ကျွမ်းကျင်သူတွေကဆိုပါတယ်။ တစ်ခါတစ်ရံမှာ အချို့အလုပ်တွေအတွက် cloud ကပိုမိုစွမ်းအားကောင်းတယ်ဆိုပေမယ့် အမြဲတမ်းမဟုတ်တာတော့သေချာပါတယ် ဒါက AI PC တွေအတွက် ယုံကြည်စိတ်ချရမှုဆိုတဲ့အရာမှာ ကြီးမားတဲ့ခြေလှမ်းတစ်ရပ်ပါပဲ။
Image: Qualcomm |
Graphics ပိုင်းမှာဆိုရင်လည်း Qualcomm ရဲ့ Adreno GPU အသစ်ဟာ Intel နဲ့ AMD တို့ရဲ့ integrated GPU တွေထက် ၂ဆအထိပိုမြန်တယ်လို့ ဆိုပါတယ်။
Image: Qualcomm |
နောက်ထက် FP32 အတွက် 4.6 TOPS ရှိကာ Qualcomm ရဲ့ AI Engine software ကို အသုံးပြုတဲ့အခါ စက်တစ်ခုလုံးရဲ့ TOPS ဟာ 75 ရှိလာမယ်လို့ဆိုပါတယ်။
Snapdragon X Elite မှာ အသစ်ပါဝင်လာတဲ့စနစ်တစ်ခုကတော့ 5G အထောက်အပံ့ဖြစ်ပြီး sub-6 နဲ့ mmWave band ၂မျိုးလုံးပါဝင်လာတာပါပဲ။ အကယ်၍ ထုတ်လုပ်သူတွေအနေနဲ့ Qualcomm X65 modem ကိုရွေးမယ်ဆိုရင် M.2 card တစ်ခုအနေနဲ့ပဲဖြစ်ဖြစ် PCရဲ့ motherboard မှာတစ်ပါတည်းတပ်ဆင်ထားတာပဲဖြစ်ဖြစ်ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် ဒီPC တွေမှာ Wi-Fi 7 ကိုအပြည့်အဝအထောက်အပံ့ပေးဖို့အတွက် ကုမ္ပဏီရဲ့ FastConnect 7800 WiFi ချစ်ပ်ကိုလည်း တစ်ပါတည်းတပ်ဆင်လိုက တပ်ဆင်နိုင်ပါတယ်။
Snapdragon X Elite မှာ အသစ်ပါဝင်လာတဲ့စနစ်တစ်ခုကတော့ 5G အထောက်အပံ့ဖြစ်ပြီး sub-6 နဲ့ mmWave band ၂မျိုးလုံးပါဝင်လာတာပါပဲ။ အကယ်၍ ထုတ်လုပ်သူတွေအနေနဲ့ Qualcomm X65 modem ကိုရွေးမယ်ဆိုရင် M.2 card တစ်ခုအနေနဲ့ပဲဖြစ်ဖြစ် PCရဲ့ motherboard မှာတစ်ပါတည်းတပ်ဆင်ထားတာပဲဖြစ်ဖြစ်ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် ဒီPC တွေမှာ Wi-Fi 7 ကိုအပြည့်အဝအထောက်အပံ့ပေးဖို့အတွက် ကုမ္ပဏီရဲ့ FastConnect 7800 WiFi ချစ်ပ်ကိုလည်း တစ်ပါတည်းတပ်ဆင်လိုက တပ်ဆင်နိုင်ပါတယ်။
Image: Qualcomm |
နောက်ဆုံးတစ်ခုက Qualcomm ရဲ့ ကိုယ်ပိုင် micro-NPU ထည့်သွင်းထားတဲ့ always-on Sensing Hub ဖြစ်ပြီး PC အနီးအပါးမှာ လူရှိမရှိအာရုံခံတာ၊ webcam အတွက် image processing ဆောင်ရွက်တာနဲ့ အခြား application တွေအတွက်ဖြစ်ပါတယ်။ Sensing Hub မှာ ကုမ္ပဏီရဲ့ Snapdragon Sound ဆိုတဲ့အသံနည်းပညာကိုအထောက်အပံ့ပေးမှာဖြစ်ပါတယ်။
Snapdragon X Elite က များပြားလှတဲ့စွမ်းပကားတွေ ပေးအပ်ပြီး AI PC တွေရဲ့အရှိန်အဟုန်ကိုမြှင့်တင်ပေးမယ်ဆိုတာက အနည်းငယ်သံသယဝင်ရှိပါတယ်။ ဈေးကွက်ထဲဝင်ရောက်လာတဲ့အခါ software တွေနဲ့ကိုက်ညီမှုအပိုင်းမှာ ယခင်မျိုးဆက် Qualcomm ချစ်ပ်အသုံးပြုထားတဲ့ PC တွေလိုမျိုးဖြစ်နေမှာလားဆိုပြီးမေးခွန်းထုတ်စရာရှိလာပါတယ်။ ကျေးဇူးတင်ဖို့ကောင်းတာက တိုးတက်မှုအချို့ရှိနေတာပါပဲ Microsoft အနေနဲ့ သူ့ရဲ့ အဓိက feature တွေ မူရင်းအတိုင်းလည်ပတ်နိုင်ဖို့ ကြိုးပမ်းနေကြောင်း အာမခံထားပါတယ်။ Qualcomm ကလည်း Adobe နဲ့ အခြား developer တွေလက်တွဲပြီး သူတို့ရဲ့ application တွေကို Arm architecture မှာ ထိထိရောက်ရောက်အလုပ်လုပ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။
လောလောဆယ်မှာ လွယ်ကူမှာမဟုတ်ပေမယ့် PC ဆီမီးကွန်ဒတ်တာနယ်ပယ်ရဲ့ သရဖူဟာ ပြိုင်မြင်းပေါင်းစုံယှဥ်ပြိုင်ပွဲတစ်ခုဖြစ်လာနိုင်ချေရှိနေပါတယ်။
Qualcomm ကထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်ထဲမှာတော့ "Snapdragon X Elite ပရိုဆက်ဆာဟာ သူ့အတန်းအစားထဲမှာ အကောင်းဆုံး CPU စွမ်းဆောင်ရည်၊ on-device AI နဲ့ PC မှာ ရက်ပေါင်းများစွာအသုံးပြုနိုင်မယ့် ဘက်ထရီသက်တမ်းစတဲ့ ပရီမီယံကွန်ပြုတာကို ယူဆောင်ပေးမယ်လို့ဆိုပါတယ်။ လက်ရှိမှာ AI ဟာ ကျွန်တော်တို့ရဲ့ PC နဲ့ တုန့်ပြန်မှုကိုပြောင်းလဲပေးလာတာနဲ့အမျှ Snapdragon X Elite ဟာ ပိုကောင်းတဲ့ productivity ပိုင်း၊ ကြွယ်ဝတဲ့တီထွင်ဖန်တီးမှုနဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် နှစ်မျောလောက်စရာ ဖျော်ဖြေရေးအတွေ့အကြုံကိုယူဆောင်ပေးဖို့ရာ အထောက်အပံ့ပေးဖို့ ဒီဇိုင်းပြုထားတယ်"လို့ဆိုပါတယ်။
Image: Qualcomm |
"Snapdragon X Elite ဟာ ထီထွင်ဖန်တီးမှုနဲ့ productivity ပိုင်းကို နောက်တစ်ဆင့်တက်လှမ်းနိုင်စေပြီး အလွန်ကောင်းမွန်တဲ့စွမ်းဆောင်ရည်ရရှိဖို့အတွက် သီးသန့်ဖန်တီးထားတဲ့ Qualcomm Oryon CPU အသစ်ကိုပေးအပ်ထားကြောင်း" Qualcomm ရဲ့ Compute & Gaming က ဒုဥက္ကဌနဲ့ အထွေထွေမန်နေဂျာဖြစ်သူ Kedar Kondap ကဆိုပါတယ်။ စွမ်းအားမြင့်တဲ့ on-device AI အတွေ့အကြုံကြောင့် ချောမွေ့တဲ့ multitasking နဲ့ အလိုလိုသိနိုင်တဲ့ အသုံးပြုမှုအတွေ့အကြုံကိုခံစားရင်း သုံးစွဲသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ပိုမိုဖန်တီးနိုင်ပြီး အလုပ်တွေပြီးမြောက်နိုင်စေမှာဖြစ်တယ်လို့ဆိုပါတယ်။
Snapdragon X Elite အသုံးပြုထားတဲ့ PC တွေဟာ ၂၀၂၄ခုနှစ်လယ်ပိုင်းလောက်မှာ ထွက်ရှိလာမယ်လို့မျှော်လင့်ရပါတယ်။
Source: TechSpot, Techpowerup and Tom's Hardware
#EnThueTech
#News
#AI
#Semiconductors
0 Comments