Subscribe Us

header ads

AMD မှ thin and light laptop များအတွက် hybrid architecture အသုံးပြုထားသည့် Ryzen CPU များကိုထုတ်ဖော်ပြသ

Image via TechSpot

AMD ဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်က thin and light laptop ‌တွေအတွက် ၎င်းတို့ရဲ့ Ryzen mobile CPU အသစ်အချို့ကိုကြေညာလိုက်ပါတယ်။ ဒီ CPU တွေမှာ Phoenix 2 အနွယ်ဝင်တွေဖြစ်ပြီး သူတို့ကို 4nm process node အသစ်သာမက Intel လို hybrid architecture နဲ့ဖန်တီးထားကာ Zen 4 Core တွေအပြင် Zen 4 Core ထက် အနည်းငယ်ပိုသေးငယ်တဲ့ Zen 4c Core တွေကို‌ ပေါင်းစပ်အသုံးပြုထားပါတယ်။ ဒီထဲမှာပိုပြီး high-end ဖြစ်တာက Ryzen 5 7545U ဖြစ်ပြီး 6 Cores/12 threads ရှိကာ Zen 4 Core ၂ခုနဲ့ Zen 4c Core ၄ခုပါတယ်။ Clock Speed ပိုင်းမှာ Base Clock 3.2GHz နဲ့ Boost Clock 4.9GHz ရှိကာ TDP ကတော့ 15-30W ရှိပြီး Radeon 740M integrated graphics ပါဝင်ပါတယ်။ Ryzen 5 7545U မှာ L3 Cache 16MB အပါအဝင် cache စုစုပေါင်း 22MB ပါဝင်ပါတယ်။

နောက်ထပ်ချစ်ပ်တစ်ခုက 4 Cores/8 Threads ရှိတဲ့ Ryzen 3 7440U ဖြစ်ပြီး Base Clock 3GHz နဲ့ Boost Clock 4.7GHz ရှိပါတယ်။ TDP ကတော့ အထက်က Ryzen 5 နဲ့အတူတူဖြစ်ပေမယ့် L3 Cache 8MB အပါအဝင် Cache စုစုပေါင်း 12MB သာပါဝင်ပါတယ်။ 7440U လိုမျိုးပဲ Radeon 740M integrated graphics ပါဝင်မှာဖြစ်ပါတယ်။

ဒီ hybrid architecture မှာ အဓိကဇာတ်ဆောင်က Zen 4c Core တွေဖြစ်ပြီး AMD အဆိုအရ ဒီ Core တွေဟာ Zen 4 ထက် ၃၅ ရာခိုင်နှုန်းပိုမိုသေးငယ်ပြီး သိပ်သည်းမှုနဲ့ ပါဝါထိရောက်မှုအားကောင်းအောင် ဒီဇိုင်းပြုထားတယ်လို့ဆိုပါတယ်။ ဒီ Core architecture အသစ်မှာ ချဲ့ထွင်နိုင်စွမ်းပိုမိုကောင်းမွန်တာကြောင့် high-end mobile CPU တွေမှာ Core တွေအများအပြား ထည့်သွင်းလာနိုင်တယ်လို့ဆိုပါတယ်။

Zen 4c တွေဟာ entry level ကွန်ပြူတာတွေအတွက် ပိုမိုသင့်တော်ပြီး Zen 4 ရဲ့ IPC စွမ်းဆောင်ရည်အတိုင်းရှိပေမယ့် ပါဝါသုံးစွဲမှုပိုနည်းပါးတာကြောင့် 15W အောက်မှာ စွမ်းဆောင်ရည်ပိုကောင်းစေတယ်လို့ AMD ကဆိုပါတယ်။ ဒါပေမယ့် Zen 4 ဟာ ပိုမိုမြင့်မားတဲ့ clock speed ကိုထောက်ပံ့ပေးတာကြောင့် ဒီ hybrid ချစ်ပ်အသစ်တွေဟာ ကြီးမားတဲ့အလုပ်မှာစွမ်းဆောင်ရည်ပိုကောင်းသလို ထိရောက်မှုလည်းပိုအားကောင်းပါတယ်။

ဒီ CPU အသစ်တွေက အားသာချက်အများအပြားရှိနေပေမယ့် လက်ရှိ Ryzen 7 7840U Ryzen 5 7640U တို့လို Ryzen AI မပါဝင်တာကြောင့် Windows 11 မှာ AI Application တွေသုံးချင်သူတွေအတွက်သတင်း‌ ကောင်းမဟုတ်ပေမယ့် Linux မှာတော့ ထူးခြားမှာမဟုတ်ပါဘူး။ AMD အနေနဲ့ လက်ရှိမှာ ဒီချစ်ပ်တွေကိုဘယ်တော့ရောင်းချမယ်ဆိုတာပြောကြားမှုမရှိသေးပေမယ့် အနှေးနဲ့အမြန် ကြေညာလာဖွယ်ရှိနေပါတယ်။

Source: TechSpot

#EnThueTech
#News
#AMD
#CPU

Post a Comment

0 Comments