Subscribe Us

header ads

Intel CEO ဖြစ်သူ Pat Gelsinger မှ Intel ၏ မူဝါဒအမှားများအကြောင်း‌ ဝန်ခံပြောကြား

Image: Intel

ပြီးခဲ့တဲ့လတုန်းက အိန္ဒိယနိုင်ငံရဲ့ နာမည်ကျော်နည်းပညာ စာနယ်ဇင်းတစ်ခုဖြစ်တဲ့ Digit ဟာ Intel ရဲ့ CEO ဖြစ်သူ Pat Gelsinger ကို Intel ရဲ့ လွဲချော်ခဲ့တဲ့ အခွင့်အလမ်းကောင်းတွေအကြောင်းမေးမြန်းခဲ့ပါတယ်။

Pat Gelsinger ဟာ မေးခွန်းတွေကိုရှောင်လွဲဖြေကြားခြင်းမပြုပဲ Intel ရဲ့ အဓိကကျရှုံးမှု ၃ခုဖြစ်တဲ့ မအောင်မြင်တဲ့မိုဘိုင်းလ်ကဏ္ဏ၊ အလွန်ကောင်းမွန်အောင်ဆောင်ရွက်သင့်တဲ့ ချစ်ပ်ထုတ်လုပ်ရေးလုပ်ငန်းနဲ့ AI နည်းပညာအသားပေး GPU ကိုဖျက်သိမ်းမှုစတဲ့နယ်ပယ်၃ခုအပေါ် အလေးထားအာရုံစိုက်ခဲ့‌သင့်ကြောင်း ပွင့်ပွင့်လင်းလင်းဝန်ခံခဲ့ပါတယ်။

Pat Gelsinger အဆိုအရ Intel ရဲ့ ထိပ်တန်းစီးပွား ရေးလုပ်ငန်းတွေထဲမှာ အဓိကကျဆုံးမှုတစ်ခုကတော့ စမတ်ဖုန်းချစ်ပ်တွေပဲဖြစ်ပါတယ်။ ပထမဆုံး Atom CPU တွေဟာ ၂၀၀၈ခုနှစ်မှာ စတင်ကြေညာခဲ့ပြီး ARM ချစ်ပ်တွေကြီးစိုးထားတဲ့ စမတ်ဖုန်းတွေအတွက်လည်း ကြီးကြီးမားမားဒီဇိုင်းပြုထားပါတယ်။ Atom အရှိန်ဟာ အလျင်အမြန်ရပ်တန့်သွားပြီး ပထမဆုံး Atom အသုံးပြုထားတဲ့ စမတ်ဖုန်းတွေဟာ ၂၀၁၂လောက်မှာစတင်ပေါ်ထွန်းလာခဲ့ကာ ၂၀၁၆လောက်မှာတင်ရပ်ဆိုင်းသွားခဲ့ပါတယ်။

Pat Gelsinger က ဦးဆုံး GPU ဖြစ်လာမယ့် Larrabee ကိုရပ်ဆိုင်းခဲ့တဲ့ပြဿနာအကြောင်းကိုလည်းပြောဆိုခဲ့ပါသေးတယ်။ Intel ဟာ Larrabee ကို consumer ဈေးကွက်နဲ့ HPC ၂မျိုးလုံးအတွက်ဖန်တီးခဲ့ပြီး ပထမဆုံး consumer ပိုင်းကိုဦးစွာရပ်ဆိုင်းခဲ့ကာ နောက်ဆုံးမှာ GPU စီမံကိန်းတစ်ခုလုံးရပ်ဆိုင်းသွားခဲ့ပါတယ်။ Xeon Phi က Larrabee နေရာကိုအစားထိုးဝင်လာပေမယ့် အောင်မြင်မှုမရှိခဲ့ပါဘူး။ အကယ်၍ Intel ဘက်က GPU စီမံကိန်းတစ်ခုကိုအောင်မြင်အောင်ဖန်တီးနိုင်ခဲ့မယ်ဆိုရင် လက်ရှိ AI ပြိုင်ပွဲမှာ Nvidia ရဲ့ နောက်ကောက်ချထားမှုကိုခံရမှာမဟုတ်ပါဘူး။

ဒါတင်မက Gelsinger ဟာ Intel ရဲ့ AI ကုမ္ပဏီ ၅ခုကိုဝယ်ယူခဲ့မှုအပေါ်လည်းဝေဖန်ခဲ့ပြီး Larrabee ကိုဖြန့်ချီနိုင်ခဲ့မယ်ဆိုရင် ဒီလိုဝယ်ယူဖို့မလိုအပ်ဘူးလို့ဆိုပါတယ်။ သူ့အနေနဲ့ ဘယ်ကုမ္ပဏီတွေဝယ်ယူခဲ့တာလဲဆိုတာကို တိတိကျကျမပြောခဲ့ပါဘူး။ ဒါပေမယ့် ခန့်မှန်းကြည့်ရမယ်ဆိုရင် ၂၀၁၆မှာ Nervana ကိုဝယ်ယူပြီး ၄နှစ်အကြာမှာသူတို့ရဲ့ထုတ်ကုန်တွေကို ဖျက်သိမ်းလိုက်တာနဲ့ ၂၀၁၄ခုနှစ်မှာ DeepLabs ကို ဒေါ်လာသန်း ၅၀၀နဲ့ဝယ်ယူပြီး မြင်သာတဲ့အောင်မြင်မှုမရတာကိုဆိုလိုတာဖြစ်နိုင်ပါတယ်။

ဒီထဲမှာ အောင်မြင်မှုအချို့လည်းရှိခဲ့ပါတယ် Intel ဟာ ၂၀၁၉ခုနှစ်မှာ Habana Labs ကို ဒေါ်လာ ၂ဘီလီယံနဲ့ဝယ်ယူခဲ့ပြီး လက်ရှိ AI လမ်းပြမြေပုံမှာ အရေးပါတဲ့ ကုမ္ပဏီရဲ့ Gaudi ထုတ်ကုန်တွေအဖြစ်ရှိနေပြီး ဒါက Pat Gelsinger ဆိုလိုတဲ့ ဆုံးရှုံးမှုထဲပါမယ်လို့မထင်ပါဘူး။ Intel အနေနဲ့ ၂၀၂၂ခုနှစ်မှာ Granulate ကိုလည်း ဒေါ်လာသန်း၆၅၀နဲ့ဝယ်ယူခဲ့ပြီး အောင်မြင်မှု ဒါမှမဟုတ် ဆုံးရှူံးမှုလားဆိုသိရဖို့ကအချိန်စောလွန်းနေပါသေးတယ်။

Digit နဲ့ အင်တာဗျူးမှာ Intel အနေနဲ့ သူတို့ရဲ့ ချစ်ပ်ထုတ်လုပ်ရေးလုပ်ငန်းကို သိသိသာသာဆက်လက်အလေးပေးထားကြောင်းပြောဆိုထားပြီး Intel ရဲ့ ထိပ်တန်းနည်းပညာတွေကိုအသုံးချပြီး စွမ်းဆောင်ရည်မြင့်ချစ်ပ်တွေဖန်တီးလိုသူတွေအတွက် တံခါးဖွင့်ပေးထားတယ်လို့ဆိုပါတယ်။ ဒါဟာ တကယ်တမ်း အခြားကမ္ဘာ့ထိပ်တန်းချစ်ပ်ထုတ်လုပ်ရေးလုပ်ငန်း၂ခုဖြစ်တဲ့ TSMC နဲ့ Samsung တို့လို့စီးပွားရေးလုပ်ငန်းပဲဖြစ်ပါတယ်။ Intel ဟာ ယခင်အချိန်များက သူတို့ရဲ့ထိပ်တန်းnodeတွေကို သူတို့ရဲ့ပရိုဆက်ဆာတွေထုတ်လုပ်ဖို့ရာသာအသုံးပြုခဲ့ပြီး ဒါဟာ အမှားတစ်ခုဖြစ်ခဲ့ကြောင်း Pat Gelsinger က စောတကတက်ခဲ့ပါတယ်။


ချစ်ပ်ထုတ်လုပ်ရေးကို Nvidia လိုအခြားပြိုင်ဘက်ကုမ္ပဏီတွေအတွက် လမ်းဖွင့်ပေးထားခြင်းဟာ Intel အတွက်ထုတ်လုပ်ရေးပိုင်းကနေ အနည်းဆုံးဝင်ငွေရရှိနေစေမှာဖြစ်ပါတယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် TSMC နဲ့ Samsung တို့ရဲ့စီးပွားရေးအခွင့်အလမ်းကို နည်းပါးစေမှာဖြစ်သလို Intel အတွက် ချစ်ပ်ထုတ်လုပ်ရေးနဲ့ သုတေသနပိုင်းမှာ ရင်းနှီးမြုပ်နှံနိုင်စွမ်းပိုမိုမြင့်မားလာစေပါတယ်။ တကယ်တမ်းကုမ္ပဏီရဲ့ IDM 2.0 မဟာဗျူဟာမှာလည်း Intel အနေနဲ့ပြင်ပဖောက်သည်တွေအတွက် ချစ်ပ်တွေထုတ်လုပ်ပေးဖို့ ရည်ရွယ်တဲ့ စိတ်ကူးစိတ်သန်းတွေပါဝင်ပါတယ်။

Intel အနေနဲ့ ယခင်ကမူဝါဒအမှားတွေကို ပြန်လည်ပြင်ဆင်နိုင်တော့မှာမဟုတ်ပေမယ့် Pat Gelsinger အနေနဲ့ဒီအမှားတွေကိုသင်ခန်းစာယူပြီး လေ့လာသင်ယူအသုံးချကာ ကုမ္ပဏီနဲ့ သူတို့ရဲ့ထုတ်ကုန်တွေကို ပိုမိုအောင်မြင်တဲ့လမ်ကြောင်းပေါ်ရောက်ရှိဖို့ကြိုးပမ်းနေတာပဲဖြစ်ပါတယ်။

Source: Tom's Hardware and TechSpot

#EnThueTech
#News
#Intel
#Semiconductors

Post a Comment

0 Comments