Subscribe Us

header ads

AI လုပ်ငန်းတွင် အကျိုးအမြတ်မဖြစ်ထွန်းပါက NVIDIA ပြိုလဲသွားနိုင်ကြောင်း SK Group ၏ ဥက္ကဌဖြစ်သူ သတိပေး

Image via TechSpot

Nvidia ရဲ့ AI hardware ဈေးကွက်မှာ ဦးဆောင်ထားနိုင်မှုက ဒေါ်လာ ၂.၉ ထရီလီယံနဲ့ ကမ္ဘာ့တတိယအကြီးဆုံးကုမ္ပဏီ ဖြစ်တာကိုတွေ့မြင်ရပါတယ်။ အခုအချိန်မှာ Nvidia အတွက် အကောင်းဆုံးလို့ဆိုနိုင်ပေမယ့် SK Group နဲ့ Korea Chamber of Commerce and Industry (KCCI) ရဲ့ ဥက္ကဌဖြစ်သူ Chey Tae-won ကတော့ Nvidia အနေနဲ့ ကျဆင်းသွားနိုင်တဲ့ အခြေအနေတွေကို သတိပေးလာပါတယ်။

The Korea Times သတင်းအရ 47th KCCI Jeju Forum မှာ တက်ရောက်လာတဲ့ လူတွေကို Chey က AI စက်မှုနဲ့ Nvidia အတွက် သတိပေးချက်တွေ ပြုလုပ်ခဲ့ပါတယ်။ Jensen Huang ရဲ့ ကုမ္ပဏီက AI hardware မှာ ငွေအကြီးအကျယ်ဝင်နေတယ်ဆိုပေမယ့် ဒီ AI ထဲကို ရင်းနှီးမြှုပ်နှံထားတဲ့ ဘီလီယံချီတဲ့ ဒေါ်လာတွေက အကျိုးအမြတ်ပြန်လည်မရရှိခဲ့ရင် ဒီအခြေအနေက ပြောင်းလဲသွားလိမ့်မယ်လို့ ဆိုပါတယ်။

Venture capital firmဖြစ်တဲ့ Sequoia Capital က နောက်ဆုံးအကြောင်းပြောပြီး နည်းပညာနယ်ပယ်မှာ AI အတွက် ရင်းနှီးမြှုပ်နှံထားတဲ့ ငွေတွေကို ပြန်ရအောင် လုပ်နိုင်ဖို့ တစ်နှစ်ကို ဒေါ်လာ ၆၀၀ ဘီလီယံခန့် ဝင်ငွေရှိဖို့လိုအပ်တယ်လို့ ခန့်မှန်းထားပါတယ်။ AI LLMs များကို training လုပ်ရတဲ့ ကုန်ကျစရိတ်များလာတာနဲ့အမျှ ဝင်ငွေပိုမိုမြင့်မားဖို့လိုအပ်လာမှာဖြစ်ပါတယ်။

ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ AI နည်းပညာတွေအပေါ် ငွေပိုပေးချင်တယ်လို့ ယူဆနိုင်ပေမယ့် လူပေါင်း ၂၀၀၀၀ ကျော်ကို ကောက်ယူခဲ့တဲ့စစ်တမ်းမှာတော့ ၈၄ရာခိုင်နှုန်းလောက်က AI လုပ်ဆောင်ချက်/အင်္ဂါရပ်တွေအပေါ် ငွေပိုပေးလိုစိတ်မရှိကြောင်း တွေ့ရပါတယ်။

Chey က generative AI ပေါ်ထွန်းလာမှုကို ၁၉ရာစု အလယ်ပိုင်းက California Gold Rush နဲ့ နှိုင်းယှဉ်ပြောသွားပါတယ်။ Nvidia ဟာ ကယ်လီဖိုးနီးယားမှာ ရွေတူးမယ့်သူတွေကို ပေါက်ချွန်းနဲ့ ဂျင်းသားအထည်တွေရောင်းချရင်း ဝင်ငွေအမြောက်အမြားရခဲ့တဲ့ ဆိုင်တွေလိုပါပဲ။ "ရွှေမရှိတော့တဲ့အခါ ရောင်းသူတွေက ပေါက်ချွန်းတွေက မရောင်းနိုင်တော့ဘူး" လို့ Chey က ပြောပါတယ်။

ဒါတင်မက Nvidia ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ AMD နဲ့ Arm က Nvidia ရဲ့ AI chips နဲ့ ယှဥ်နိုင်တဲ့ chips တွေကို စျေးနှုန်းသက်သက်သာသာရောင်းချခဲ့မယ်ဆိုရင် "Nvidia ဟာ ပြိုလဲသွားနိုင်တယ်" လို့လည်း Chey က သတိပေးထားပါတယ်။ Microsoft၊ Google နဲ့ Amazon တို့က အမြတ်ထက်ကုန်ကျစရိတ်ပိုများလာခဲ့ရင် Nvidia hardware ကို စွန့်လွှတ်ဖို့စဥ်းစားသွားနိုင်တယ်လို့ Chey ကဆိုပါတယ်။

Nvidia ဟာ ပြီးခဲ့တဲ့လမှာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၃.၃၄ထရီလီယံတိုးလာခဲ့တာကြောင့် တန်ဖိုးအမြင့်ဆုံးကုမ္ပဏီဖြစ်လာခဲ့ပါတယ်။

အနာဂတ်မှာ AI စက်မှုကို ရင်းနှီးမြှုပ်နှံမှုတွေက dot-com တုန်းကလို ပူပေါင်းပေါက်ပြီး စျေးကွက်တစ်ခုလုံးပို ပျက်စီးမှုတွေ ဘေးဥပဒ်ဖြစ်စေနိုင်ကြောင်း သုံးသပ်သူအများအပြားက သတိပေးထားပါတယ်။ သို့ပေမယ့် ဒီလိုဖြစ်လာဖို့က အလှမ်းဝေးနေပါသေးတာမို့ Nvidia အနေနဲ့ လက်ရှိမှာသက်သာတဲ့စျေးနှုန်းနဲ့ ရောင်းချလာမယ့် ပြိုင်ဘက်တွေကိုသာ ပိုမိုအလေးထားဖို့လိုအပ်နေပါတယ်။ အနည်းဆုံး Nvidia အနေနဲ့ AI ဈေးကွက်ပျက်စီးမှုဖြစ်လာခဲ့ရင်တောင် gaming အပိုင်းကို ပိုပြီးအာရုံစိုက်ပါလိမ့်မယ်။

Source: TechSpot

Post a Comment

0 Comments