Image via Videocardz |
AMD ဟာ မကြာသေးခင်က သူတို့ရဲ့ Ryzen 9000 processor တွေဖြန့်ချီမယ့်ရက်ကို ရွေ့ဆိုင်းလိုက်တယ်လို့ဆိုပါတယ်။ အကြောင်းကတော့ ပုံမှာမြင်ရတဲ့အတိုင်း Ryzen CPU တွေရဲ့ အသားတံဆိပ်ရိုက်ထားမှုမှားယွင်းနေတာကြောင့်လို့ဆိုပါတယ်။
ပုံထဲအရဆို Ryzen 7 9700X လို့နာမည်ရေးထိုးထားရမယ့်အစား Ryzen 9 9700X လို့မှားယွင်းရေးထိုးထားတာကိုတွေ့ရပါတယ်။ ဒီလိုမှားယွင်းနေတဲ့ချစ်ပ်တွေကို AMD အနေနဲ့ ကမ္ဘာတစ်လွှားက ရောင်းချသူတွေနဲ့ OEM ထံကနေပြန်လည်သိမ်းဆည်းမှာဖြစ်ပြီး ပြန်လည်ပြင်ဆင်ပြီးမှသာ ဖြန့်ချီသွားမယ်လို့ဆိုပါတယ်။
အခြားဆက်စပ်သတင်းအနေနဲ့ China Joy Event မှာ content creator တစ်ဦးဖြစ်သူ Ordinary Uncle Tony က Ryzen 9 9950X CPU ကို 6.5GHz အထိ overclock လုပ်နိုင်ခဲ့ပြီး သီအိုရီအရ အမြင့်ဆုံး overclock လုပ်နိုင်တဲ့ 5.85GHz ထက် 750MHz ပိုမိုရရှိခဲ့တယ်လို့ဆိုနိုင်ပါတယ်။ အဆိုပါရလဒ်ကိုရရှိဖို့အတွက် Tony ဟာ နိုက်ထရိုဂျင်အရည်ကိုအသုံးချခဲ့ပြီး အပူချိန်က 164.2°C အထိရှိခဲ့တယ်လို့ဆိုပါတယ်။ 6.5GHz အထိ overclock လုပ်နိုင်ခဲ့တာကြောင့် Cinebench 2024 မှာ multi-thread score ဟာ 55,327 ရရှိခဲ့ပြီး Zen 4 Ryzen 9 7950X ရဲ့ အမြင့်ဆုံးရရှိခဲ့တဲ့ 50,843 ထက်သိသိသာသာပိုများခဲ့တာဖြစ်ပါတယ်။ အကယ်၍ ပိုအတွေ့အကြုံရှိတဲ့ overclocker တွေဆိုရင် ရလဒ်ဟာ ဒီထက်ပိုကောင်းနိုင်ချေရှိပါတယ်။
Zen 5 ကို မူလက ယနေ့ဇူလိုင်လ ၃၁ရက်မှာ ထုတ်ပြန်မယ်လို့ စီစဉ်ထားခဲ့ပေမယ့် AMD ရဲ့ နောက်ဆုံးပေါ် CPU တွေဟာ အခုတော့ သြဂုတ်လ အစောပိုင်းမှာ ၂သုတ်ခွဲပြီး ထုတ်ပြန်ဖို့ စီစဉ်နေပါတယ်။ Ryzen 7 9700X နဲ့ Ryzen 5 9600X ဟာ သြဂုတ်လ ၈ရက်နေ့က စပြီး ရရှိနိုင်မှာဖြစ်ကာ Ryzen 9 9950X နဲ့ Ryzen 9 9900X တွေကတော့ သြဂုတ်လ ၁၅ရက်နေ့မှာ ထပ်မံထွက်ရှိလာမှာဖြစ်ပါတယ်။
AMD ရဲ့ ပြိုင်ဘက်ကုမ္ပဏီဖြစ်တဲ့ Intel ရဲ့ 13th Gen နဲ့ 14th Gen CPU တွေမှာလည်း instability နဲ့ crashing ဖြစ်မှုတွေရှိနေပြီး စစခြင်း အမြင့်ပိုင်း Core i9 နဲ့ Core i7 CPU တွေမှာသာဖြစ်ပေါ်တယ်လို့သိရပေမယ့် လူသုံးများတဲ့ ပါဝါသုံးစွဲမှု 65W နဲ့အထက် non-K CPU တွေမှာလည်းဖြစ်ပွားနေတယ်လို့ Intel ကဆိုပါတယ်။
Source: TechSpot
0 Comments