Subscribe Us

header ads

Intel က Embedded System များအတွက် E-cores ပါဝင်ခြင်းမရှိသည့် 14th Gen "E" Processors များ မိတ်ဆက်

Image via Techpowerup

Intel က embedded systems စျေးကွက်အတွက် 14th Gen Core "Raptor Lake Refresh" Socket LGA1700 processors အသစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။ ဒီချစ်ပ်တွေမှာ ထူးခြားချက်က "Gracemont" E-core တွေကို ပိတ်ထားပြီး P-core ချည်းသီးသန့်ပါဝင်တဲ့ ချစ်ပ်တွေဖြစ်လာတာပါပဲ။ စိတ်ဝင်စားစရာကောင်းတာက ဒီချစ်ပ်တွေဟာ embedded systems အတွက်ဆိုပေမယ့် ၄င်းချစ်ပ်တွေနဲ့သဏ္ဍာန်တူတဲ့ mobile platforms တွေလို socket မလိုတဲ့ BGA packages တွေအသုံးထားတာမဟုတ်ပဲ desktop တွေလို socket ကိုသာသုံးထားတာ ဖြစ်ပါတယ်။ Intel ကတော့ ဒီချစ်ပ်တွေကို စွမ်းဆောင်ရည် အမြင့်ဆုံးလိုအပ်တဲ့နေရာတွေအပါအဝင် အမျိုးမျိုးသောစွမ်းဆောင်ရည် ပိုင်းတွေအတွက် ထုတ်လုပ်ထားတာလို့ဆိုပါတယ်။ ဒီချစ်ပ်တွေထဲမှာ အမြင့်ဆုံးက 8-core/16-thread ရှိတဲ့ Core i9-14901KE processor ဖြစ်ပြီး "Raptor Lake-S" die ထဲက ရှိသမျှ L3 cache 36 MB အားလုံးကို "Raptor Cove" cores ၈ခုက  ဝေမျှအသုံးပြုမှာဖြစ်ပါတယ်။ maximum boost frequency ကတော့ 5.80 GHz ရှိပြီး base frequency က 3.80 GHz ဖြစ်ပါတယ်။ processor ရဲ့ base power ကတော့ 125 W ဖြစ်ပြီး iGPU လည်းပါဝင်ပါတယ်။ KE ထဲက K ရဲ့ အဓိပ္ပါယ်က overclocking ကို အထောက်အပံ့ပေးတာကို ဆိုလိုခြင်းဖြစ်ပါတယ်။

နောက်ထပ်ချစ်ပ်တစ်ခုကတော့ Core i9-14901E ဖြစ်ပြီး Core i9-14901KE ရဲ့ 65 W version လို့ဆိုနိုင်ပါတယ်။ သူ့မှာ unlocked multiplier မပါဝင်လို့ overclocking ရမှာမဟုတ်ပဲ Clock Speed အနေနဲ့ 5.60 GHz ထိ boost လုပ်နိုင်ပြီး base frequency ကတော့ 2.80 GHz ဖြစ်ပါတယ်။ Core i7-14701E ကတော့ စိတ်ဝင်စားစရာပါ ပုံမှန် Core i9 နဲ့ Core i7 SKU တွေအကြားကွာခြားချက်က E-core အရေအတွက်ဖြစ်ပါတယ်။ ဒီ i7-14701E မှာတော့ Core i9 chips တွေလိူ 8-core/16-thread ရှိတဲ့ P-core တွေဖြစ်ပြီး frequency ကသာ အနည်းငယ်နိမ့်နေမှာဖြစ်ပါတယ်။ Boost Clock က 5.40 GHz ရှိပြီး Base Clock က 2.60 GHz ဖြစ်ပါတယ်။

Core i5-14501E ကတော့ 6-core/12-thread processor ဖြစ်ပြီး ပုံမှန် Core i5-14500 မှာလို "Alder Lake-S" die ကို အသုံးပြုမှာမဟုတ်ပဲ ပိုမိုကြီးမားတဲ့ "Raptor Lake-S" die ကို အသုံးပြုထားတာဖြစ်ပါတယ်။ P-cores ၆ခုက 24 MB L3 cache ကို မျှဝေအသုံးပြုထားပြီး L2 cache က 2 MB စီဖြစ်ပါတယ်။ ဒီ chip က 5.20 GHz ထိ boost လုပ်နိုင်ပြီး base frequency က 3.30 GHz ဖြစ်ပါတယ်။ i5-14501TE က 45 W processor base power ရှိတဲ့ variant ဖြစ်ပြီး 5.10 GHz ထိ boost လုပ်နိုင်ပါတယ်၊ base frequency က 2.20 GHz ဖြစ်ပါတယ်။

နောက်ဆုံးကတော့ Core i5-14401E, i5-14401EF, နဲ့ i5-14401TE တွေဖြစ်ပါတယ်။ Core i5-14401EF က integrated graphics မပါတဲ့ ချစ်ပ်ဖြစ်ပါတယ်။ ဒီ i5-14401E/EF ၂ခုလုံးက 65 W ချစ်ပ်တွေဖြစ်ပြီး i5-14401TE ကတော့ 45 W ဖြစ်ပါတယ်။ i5-14401E/EF က 4.70 GHz ထိ boost လုပ်နိုင်ပြီး base frequency က 2.50 GHz ဖြစ်ပါတယ်၊ i5-14401TE က 4.50 GHz ထိ boost လုပ်နိုင်ပြီး base frequency က 2.00 GHz ဖြစ်ပါတယ်။

14th Gen Core E-series မှာပါဝင်တဲ့ ချစ်ပ်အားလုံးမှာ ပုံမှန် 14th Gen Core desktop processors တွေအတိုင်း တူညီတဲ့ I/O ပါဝင်မှာဖြစ်ပြီး PCI-Express 5.0 x16 PEG interface, CPU နဲ့ချိတ်ဆက်ထားတဲ့ Gen 4 x4 NVMe interface နဲ့ DMI 4.0 x8 chipset bus တွေပါဝင်ပါတယ်။ memory interface ကတော့ dual-channel DDR4 နဲ့ DDR5 memory အမျိုးအစားတွေကို အထောက်ပံ့ပေးမှာပါတယ်။

Source: Techpowerup

Post a Comment

0 Comments