Subscribe Us

header ads

PlayStation 2 ဂိမ်းအားလုံး၏ ၉၉ရာခိုင်နှုန်းကို အကောင်းဆုံး emulate လုပ်ပေးနိုင်သည့် PCSX2 version 2.0 ထွက်ရှိလာ

Image: PCSX2

PlayStation 2 ဂိမ်းတွေအတွက် emulation ခေတ်သစ်တစ်ခုရောက်ရှိလို့လာပါပြီ၊ အခုဆိုရင် နာမည်ကျော် emulator ဖြစ်တဲ့ PCSX2 ရဲ့ version 2.0 ထွက်ရှိလာခဲ့ပါပြီ။ PCSX2 Emulator ရဲ့ နောက်ဆုံး stable version ဖြစ်တဲ့ PCSX2 1.6 ဟာ ထွက်ရှိခဲ့တာ ၄ နှစ်ရှိပြီ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ PCSX2 ဟာ အများကြီးပြောင်းလဲမှုတွေရှိခဲ့ပါတယ်။ Big picture mode ပါဝင်လာသလို အရင်ကလို Emulator Plugins တွေမလိုအပ်တော့ပဲ စွမ်းဆောင်ရည်နဲ့ compatibility ပိုင်းမှာ သိသိသာသာတိုးတက်လာခဲ့ပါတယ်။

အခုဆိုရင် လက်ရှိ Hardware တွေပေါ်မှာ PlayStation 2 ဂိမ်းတွေကိုကစားဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ PCSX2 emulator ကို Windows၊ Linux နဲ့ MacOS တွေမှာ အသုံးပြုနိုင်ပါတယ်၊ ဒါကြောင့် လက်ရှိမှာ ဂိမ်းကစားသူတွေအများစုအတွက် အကောင်းဆုံး PlayStation 2 emulator လို့ဆိုနိုင်ပါတယ်။

Image: PCSX2

Image: PCSX2

စွမ်းဆောင်ရည် ကြီးမားစွာတိုးတက်လာသည့် PCSX2 2.0

Emulator ရဲ့ updated UI, visual/audio support တိုးတက်လာတာနဲ့ အတူ automatic game fixes တွေကြောင့် PCSX2 ရဲ့ စွမ်းဆောင်ရည်ဟာ အလွန်ကြီးမားစွာ တိုးတက်လာပါတယ်။ Blending မှတဆင့် များစွာ တိုးတက်လာတာကြောင့် “Fastmem” လို feature တွေအပြင် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးထားတာကြောင့် ယခင်က PlayStation 2 ဂိမ်းတွေကို emulate လုပ်ရာမှာ အခက်အခဲရှိခဲ့တဲ့ဂိမ်းတွေကို လက်ရှိ PC တွေမှာ ကစားနိုင်မှာ ဖြစ်ပါတယ်။ အချို့နေရာတွေမှာ Version 1.6 ထက် စွမ်းဆောင်ရည်တိုးတက်မှု ၁၀ဆရှိနိုင်တာကြောင့် အရမ်းကိုတိုးတက်လာတယ်လို့ဆိုနိုင်ပါတယ်။


Image: PCSX2

99% Game Compatibility

PCSX2 version 2.0 မှာ PlayStation 2 ဂိမ်းအားလုံးရဲ့ ၉၉ရာခိုင်နှုန်ကို “Perfect” ဒါမှမဟုတ် “Playable” အဆင့်မှာ စာရင်းသွင်းထားပါတယ်။ Emulator ရဲ့ မထောက်ပံ့နိုင်သေးတဲ့ ဂိမ်းအနည်းငယ်ကတော့ ပုံမှန်မဟုတ်တဲ့ accessoriesတွေ (သို့မဟုတ်)PlayStation 2 ရဲ့ hardware ကို ဆန်းကြယ်စွာ အသုံးပြုထားတာတွေသာဖြစ်ပါတယ်။ ဒါပေမယ့် PlayStation 2 ရဲ့ အကောင်းဆုံးဂိမ်းအများစုကို Emulation နဲ့ကောင်းစွာကစားနိုင်ပြီး၊ မူရင်း PS2 versions ထက် အရည်အသွေးပိုကောင်းတဲ့ resolutionတွေ framerate တွေနဲ့ ကစားနိုင်မှာဖြစ်ပါတယ်။

PCSX2 version 2.0 ဟာ open-source software ဖြစ်တာမို့ အခမဲ့ရရှိနိုင်ပါတယ်။ ဒါပေမယ့် emulator ကို run ဖို့အတွက် PS2 BIOS ဖိုင်တစ်ခုလိုအပ်ပါတယ်။ သင့်အနေနဲ့ PS2 ရှိတယ်ဆိုရင် BIOS ဖိုင်ကို ရယူရတာ လွယ်ကူပါလိမ့်မယ်။ PS2 BIOS ကို အွန်လိုင်းမှာ download ရယူခြင်းက တရားဝင်တယ်လို့မဆိုနိုင်ပါဘူး။ ခေတ်သစ် emulators တွေဟာ piracy tool မဟုတ်ပဲ game preservation tool သာဖြစ်တာမို့ အသုံးပြုသူတွေဟာ သူတို့ပိုင်ဆိုင်ထားတဲ့ PS2 BIOS နဲ့ ဂိမ်းတွေကို ဒီ emulator မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

PCSX2 Emulator ကို အောက်ပါလင့်ကနေရယူနိုင်ပါတယ်။
https://pcsx2.net/downloads/


Source: OC3D

Post a Comment

0 Comments