Image via TechSpot |
အဓိက အကြောင်းရင်းကတော့ cold storage စျေးကွက်က သူတို့မျှော်လင့်ထားသလို ဖြစ်မလာခဲ့တာနဲ့ storage media လုပ်ငန်းက အမြတ်မရပဲ လည်ပတ်နေခဲ့ရတာကြောင့်လို့ Sony ကဆိုပါတယ်။ "အမြတ်အစွန်းကို မြှင့်တင်ဖို့အတွက် လုပ်ငန်းဖွဲ့စည်းပုံကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါတယ်" လို့ဆိုပါတယ်။
သတင်းဆိုးတွေချည်း မဟုတ်ပါဘူး။ မိတ်ဆွေတို့ ဝယ်ယူနေတဲ့ ရုပ်ရှင်နဲ့ ဂိမ်းတွေအတွက် commercial Blu-ray discs တွေကတော့ ဆက်လက်ထုတ်လုပ်နေဦးမှာဖြစ်တာကြောင့် physical media ကွယ်ပျောက်သွားမှာကို စိုးရိမ်စရာ မလိုသေးပါဘူး။
Image via TechSpot |
Tagajo စက်ရုံဟာ သမိုင်းဝင်စက်ရုံတစ်ခုလို့ဆိုနိုင်ပြီး ကြီးမားတဲ့ 128GB quad-layer BDXL disc တွေကို ထုတ်လုပ်နိုင်တဲ့ တစ်ခုတည်းသောစက်ရုံ ဖြစ်ပါတယ်။ အဆိုပါစက်ရုံက အင်ဂျင်နီယာတွေက ၂၀၁၁ ခုနှစ် Tohoku ငလျင်နဲ့ ဆူနာမီတိုက်ခတ်ခဲ့ချိန်မှာတောင် triple-layer disc နည်းပညာအသစ်တွေကို ဆက်လက်ဖန်တီးနေခဲ့ကြပါတယ်။
Disc ထုတ်လုပ်မှု ရပ်ဆိုင်းသွားတာနဲ့အတူ Sony ဟာ စက်ရုံရှိ ဝန်ထမ်း ၆၇၀ ထဲက ၂၅၀ အထိ ဆန္ဒအလျောက် စောစီးစွာအငြိမ်းစားယူခွင့်ပေးဖို့ ကမ်းလှမ်းနေပါတယ်။ ရပ်ဆိုင်းရမည့်ရက်ကို အတိအကျသတ်မှတ်ဖို့မရှိသေးပေမယ့် consumer disc တွေရောင်းချမှုက လက်လီရောင်းချသူတွေမှာယူထားတာ မကုန်မခြင်း ကာလတစ်ခုအထိ ရောင်းချနေဦးမှာဖြစ်ပါတယ်။ B2B customers တွေအတွက်လည်း discs တွေကို အချိန်အတန်ကြာ "in stock" ဖြစ်နေစေဦးမှာဖြစ်ပါတယ်။
သင့်ရဲ့ ဒေတာထိန်းသိမ်းမှုအတွက် 100GB Blu-ray discs တွေကို burn ရတဲ့ လုပ်ငန်းစဥ်ပါဝင်နေတယ်ဆိုရင် လက်ရှိမှာ BDXL ခွေအလွတ်တွေ နဲ့ drives တွေကို တတ်နိုင်သလောက် စတင်စုဆောင်းထားသင့်ပါတယ်။ ပစ္စည်းတွေရှားပါးလာတဲ့အခါမှာတော့ အရောင်းစျေးနှုန်းတွေ တဟုန်ထိုးတက်လေ့ရှိတာကြောင့်ပါ။
အဆိုရင် Disc အခြေခံ backup လုပ်ခြင်းက ခေတ်ကုန်သွားပါပြီ။ Sony ဟာ ၂၀၀၃ ခုနှစ်မှာ consumer recordable Blu-ray ကို စျေးကွက်ထဲ မိတ်ဆက်ခဲ့ပြီး disc တစ်ခုကို 25GB ဝင်ဆန့်မှုပေးနိုင်ခဲ့ပါတယ်။ ဒီဟာက DVD တွေထက် သိသိသာသာပိုမိုများပြားတဲ့ ပမာဏဖြစ်ခဲ့ပါတယ်။ နောက် ၁၅ နှစ်အတွင်းမှာ 50GB၊ 100GB နဲ့ အထိတိုးတက်လာခဲ့ပြီး ၂၀၁၈ခုနှစ်မှာ 128GB BDXL format အထိ တိုးတက်လာခဲ့ပါတယ်။
Source: TechSpot
0 Comments