Subscribe Us

header ads

Cloud အခြေခံ စွမ်းအားမြင့်စူပါကွန်ပျူတာကို သုံးစွဲလာမည့် အမေရိကန်စစ်တပ်

Image: Defense Innovation Unit (DIU)

ပင်တဂွန်ဟာ သူ့ရဲ့ high-performance computing (HPC) စွမ်းဆောင်ရည်တွေကို မြှင့်တင်ဖို့ စူပါကွန်ပျူတာတွေကို cloud service အဖြစ် ပြောင်းလဲအသုံးပြုနေပါတယ်။ နှစ်နှစ်ခန့် ရှေ့ပြေးစမ်းသပ်ပြီးနောက်၊ စီးပွားရေးလုပ်ငန်း၂ခုဟာ သူတို့ရဲ့နည်းပညာကို တရားဝင်စီးပွားဖြစ်လုပ်ငန်းတစ်ခုအဖြစ် အသွင်ပြောင်းလဲလိုက်ပြီဖြစ်ပါတယ်။

၂၀၁၅ခုနှစ်က စတင်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ Defense Innovation Unit (DIU) ကို ပင်တဂွန်ရဲ့ "ဆန်းသစ်တီထွင်သည့်စမ်းသပ်မှု"အဖြစ် ဖော်ပြပြီး စီးပွားဖြစ်နည်းပညာကို မြန်ဆန်စွာအသုံးချနိုင်မဲ့ အစီအစဉ်တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ DIU ဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ supercomputing assets တွေကိုစီမံခန့်ခွဲနေတဲ့ High Performance Computing Modernization Program (HPCMP) နဲ့ပူးပေါင်းပြီး အမေရိကန်စစ်တပ်အနေနဲ့ သူ့ရဲ့ စွမ်းအားမြင့် supercomputer တွေကိုဘယ်လိုအသုံးချရမလဲဆိုတဲ့အကြောင်းနဲ့ ပက်သတ်တဲ့ တီထွင်ဆန်းသစ်မှုတွေကို မြှင့်တင်ပေးဖို့ရည်ရွယ်ထားပါတယ်။

အခုဆိုရင် ဒီအဖွဲ့တွေဟာ အမေရိကန်ရဲ့ supercomputers တွေကို သိပ္ပံလေ့လာမှုနဲ့ data analysis တွေအတွက် အဝေးမှ ဝင်ရောက်အသုံးပြုနိုင်တဲ့ cloud service အဖြစ် အသွင်ပြောင်းလိုကြပါတယ်။ ၂၀၂၂ ခုနှစ်မှာ DIU ရဲ့ Commercial Solutions Opening လုပ်ငန်းစဉ်မှတစ်ဆင့် စီးပွားရေးလုပ်ငန်း အနည်းငယ်က အဆိုပါပရောဂျက်မှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ နောက်ဆုံးမှာ ကာကွယ်ရေးဝန်ကြီးဌာနဟာ HPC-cloud စွမ်းရည်အသစ်ကို တည်ဆောက်ဖို့အတွက် ရှေ့ပြေးပုံစံစာချုပ်နှစ်ခုကို ပေးအပ်ခဲ့ပါတယ်။

DIU က ဒီအလုပ်တွေ လုပ်ဆောင်ဖို့ရာ Rescale နဲ့ Parallel Works ကို ရွေးချယ်ခဲ့ပါတယ်။ ကုမ္ပဏီနှစ်ခုလုံးဟာ supercomputing ကို cloud ထံသို့ ပြောင်းရွှေ့ရာမှာ အတွေ့အကြုံရှိသူတွေပါ။ အဆိုပါစီးပွားရေးလုပ်ငန်းတွေဟာ အလွန်ကြီးမားသော ဟာ့ဒ်ဝဲကုန်ကျမှုတွေနဲ့ လိုအပ်ချက်တွေ မရှိပဲ HPCMP ရဲ့ computing power ကို မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။

Image: Defense Innovation Unit (DIU)

Cloud အခြေခံ စူပါကွန်ပျူတာအသစ်ဟာ HPCMP ရဲ့ supercomputing အရင်းအမြစ်စင်တာတွေနဲ့ cloud service providers များစွာကို ပေါင်းစည်းမှာဖြစ်ပါတယ်။ ဒီရလဒ်အနေနဲ့ ပင်တဂွန်အတွက် အပြည့်အဝမြန်ဆန်ပြီး လုံခြုံတဲ့ကွန်ယက်တစ်ခု ဖြစ်လာရမှာဖြစ်ပြီး သုတေသီတွေအနေနဲ့ remote supercomputing၊ AI နဲ့ machine learning tasks တွေအတွက် အသုံးပြုနိုင်ပါတယ်။ ကွန်ယက်ဟာ "တစ်ခုတည်းသော ပေါင်းစပ်ဂေဟစနစ်" အဖြစ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

DIU ကတော့ cloud super-network အသစ်ဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဌာနအတွင်း လက်ရှိ HPC အရင်းအမြစ်တွေအတွက် အထောက်အကူဖြစ်မှာဖြစ်ကြောင်း အတိအလင်းဆိုထားပြီး လက်ရှိအချိန်မှာတော့ မဖြစ်နိုင်သေးပါဘူး။ သီအိုရီအရ လက်ရှိဆင်နွဲနေတဲ့စစ်ဆင်ရေးတွေမှာ ဒီ cloud supercomputer ကို အသုံးပြုဖို့ ဘယ်သူမှမဆွေးနွေးကြသေးပါဘူး။ သို့ပေမယ့် နည်းပညာကျွမ်းကျင်မှုရှိတဲ့ အမေရိကန်စစ်သည်တွေကတော့ ဒီအရင်းအမြစ်အသစ်ကို ကောင်းစွာအသုံးချနိုင်ပါလိမ့်မယ်။

ရှေ့ပြေးပုံစံအဆင့်မှာ အောင်မြင်စွာ ယှဉ်ပြိုင်ပြီးနောက် Rescale နဲ့ Parallel Works တို့ဟာ မကြာခင်မှာ HPCMP နဲ့အတူ production စာချုပ်တွေသို့ ပြောင်းလဲလုပ်ကိုင်သွားပါလိမ့်မယ်။ DIU program manager ဖြစ်သူ ရေတပ်ဗိုလ်မှူး Al Williams က "ကာကွယ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်ထားတဲ့ HPC  တွေနဲ့ cloud အခြေခံဝန်ဆောင်မှုတွေကို ပေါင်းစပ်ခြင်းဟာ စီးပွားဖြစ်လုပ်ငန်းအတွက် ပိုမိုသင့်တော်တဲ့အလုပ်တစ်ခု" လို့ ပြောကြားခဲ့ပါတယ်။

HPCMP ရဲ့ Chief Technology Officer ဖြစ်သူ Benjamin Parsons ကလည်း Commercial Solutions Opening Initiative ရဲ့ နောက်ဆုံးရလဒ်ကို ကျေနပ်မှုရှိခဲ့ပါတယ်။ သူက "Rescale နဲ့ Parallel Works တို့ ဖန်တီးလုပ်ဆောင်နေတဲ့ စွမ်းရည်အသစ်တွေဟာ လက်ရှိ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သိပ္ပံနဲ့ သုတေသနအသိုင်းအဝိုင်းရဲ့ လိုအပ်ချက်တွေနဲ့ကိုက်ညီဖို့ အရေးကြီးကြောင်း"ပြောကြားခဲ့ပါတယ်။

Source: TechSpot

Post a Comment

0 Comments