Subscribe Us

header ads

AMD Ryzen CPU များ၏ ဂိမ်းစွမ်းဆောင်ရည် တိုးတက်လာစေမည့် Windows Update ကို Windows 11 23H2 တွင် ရယူနိုင်ပြီ

Image: AMD

Windows 11 ရဲ့ 24H2 update ထွက်ဖို့ကို စောင့်နေတဲ့သူတွေအတွက် Zen 3၊ Zen 4 နဲ့ Zen 5 CPU တွေမှာ ကောင်းမွန်တဲ့စွမ်းဆောင်ရည်တိုးတက်မှုတွေကို ရှာဖွေခွင့် ရရှိနေပြီဆိုတဲ့ သတင်းကို ပြောပြချင်ပါတယ်။ AMD က Tom's Hardware ကိုထုတ်ပြန်တဲ့ သတင်းအရ အဆိုပါတိုးတက်မှုတွေကို ရရှိစေမယ့် branch prediction optimizations တွေကို Windows 11 23H2 ထဲမှာ KB5041587 အမည်နဲ့ထည့်သွင်းပေးလိုက်ပြီလို့ သိရပါတယ်။

KB5041587 update ကိုတင်ချင်တယ်ဆိုရင်တော့ Windows Update > Advanced options > Optional updates ထဲမှာ ရှာဖွေသွင်းယူနိုင်ပါတယ်။

Image: En Thue Tech

AMD ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "KB5041587 အပ်ဒိတ်ကို ထည့်သွင်းပြီးသား Windows 11 24H2 နဲ့ 23H2 အကြား စွမ်းဆောင်ရည်တိုးတက်မှုဟာ တူညီတဲ့ အနေအထားမှာရှိမယ်လို့မျှော်လင့်ပါတယ်" လို့ ဆိုပါတယ်။

Windows 11 24H2 ကတော့ လက်ရှိ Windows Insider ရဲ့ Release Preview အဆင့်မှာရှိနေပြီး သုံးသပ်သူတချို့က ဂိမ်းအချို့မှာ စွမ်းဆောင်ရည်တိုးတက်မှုတွေ တွေ့ရပေမယ့် အချို့ဂိမ်းတွေမှာတော့ စွမ်းဆောင်ရည်ကျဆင်းသွားတာ မြင်တွေ့ရတယ်လို့ဆိုပါတယ်။

ဒီတိုးတက်မှုဟာ Zen 3 အထိ သက်ရောက်တယ်ဆိုပေမယ့် AMD ရဲ့ အသစ်ထွက်တဲ့ Ryzen 9000 series processor တွေမှာ ပိုမိုလိုအပ်တာဖြစ်ပါတယ်။ Ryzen 9 9950X လို ချစ်ပ်အချို့ဟာ Review တွေမှာ AMD ဆိုထားတဲ့ စွမ်းဆောင်ရည်တိုးတက်မှုကို ပြန်လည်ပြသနိုင်ခြင်းမရှိတဲ့အတွက် အပြစ်တင်ဝေဖန်ခံခဲ့ရပါတယ်။ AMD က  ဒီပြဿနာတွေ ဖြစ်ရခြင်းဟာ Intel ရဲ့ 13th နဲ့ 14th Gen Core instability ပြဿနာတွေကြောင့် ပုံမှန် User Account အစား Windows "Admin" profile ကို အသုံးပြုထားတာကြောင့်လို့ ဆိုပါတယ်။

Tom's Hardware ရဲ့ Managing Editor ဖြစ်သူ Paul Alcorn ကလည်း "Ryzen 9 9950X ဟာ gaming မှာ အခြားချစ်ပ်တွေနဲ့ နှိုင်းယှဉ်ရင် နှေးကွေးနေပြီး productivity workloads အချို့မှာလည်း တိုးတက်မှု နည်းနည်းပဲရှိတာကြောင့် အရင်ထွက်ရှိထားတဲ့ Ryzen 9 7950X ကို သာသာယာယာသုံးစွဲနိုင်ပါတယ်" လို့ သူ့ရဲ့ review မှာ ရေးသားခဲ့ပါတယ်။

ဒါပေမယ့် Windows 11 24H2 မှာရှိတဲ့ branch prediction ဟာ performance အများကြီးတိုးတက်စေမယ်ဆိုတဲ့ သက်သေပြမှုတွေ အရ၊ gaming နဲ့ productivity workloads အချို့မှာ AMD ရဲ့ နောက်ဆုံးထွက် processor တွေကို ပိုမိုမြန်ဆန်လာစေမယ်လို့ ယူဆရပါတယ်။ ဒီအပ်ဒိတ်နဲ့ပတ်သက်ပြီး ပြန်စမ်းသပ်ကြည့်ဖို့လိုအပ်မှာဖြစ်ပါတယ်။

AMD က ဒီ branch prediction ကို "AMD-specific" လို့ဖော်ပြထားတာကြောင့် Intel အတွက်လည်း ဒီ code ရှိမရှိ (သို့မဟုတ်) Ryzen အသုံးပြုသူတွေ အတွက်သာ အသုံးဝင်မလားဆိုတာကို သေချာ စူးစမ်းစစ်ဆေးဖို့လိုနေပါတယ်။

Source: Tom's Hardware

Post a Comment

0 Comments