Subscribe Us

header ads

Intel က ဘူးခွံဖြင့်ရောင်းချသည့် 13th/14th Generation Desktop CPU ဝယ်ယူထားသူများအတွက် Warranty ကာလ ၂ နှစ်တိုးမြှင့်ပေးမည်

Image: Intel

Intel က 13th/14th generation desktop CPUs ဝယ်ယူထားသူများအတွက် warranty ကို ၂ နှစ်တိုးပြီး ပေးအပ်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ ဒီအပြောင်းအလဲကြောင့် warranty ကာလဟာ သုံးနှစ်ကနေ ငါးနှစ်အထိ တိုးလာမှာ ဖြစ်ပါတယ်။

ယင်းကြေညာချက်သည် 13th/14th generation “Raptor Lake” CPU အသုံးပြုသူများ အနေနှင့် မကြာသေးမီက CPU မတည်ငြိမ်မှုများ ဖြစ်ပွားနေကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် လအနည်းငယ်အကြာမှထွက်ပေါ်လာတာဖြစ်ပါတယ်။ အဆိုပါ အာမခံကာလတိုးမြှင့်တဲ့‌ကြေညာချက်ဟာ Intel အနေနဲ့ တရားစွဲဆိုခံရနိုင်ကြောင်း အရိပ်အယောင်ထွက်ပေါ်လာပြီးနောက် တစ်ရက်တည်းမှာပဲ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

အောက်မှာတော့ Intel ရဲ့ warranty တိုးမြှင့်မှုကြေညာချက်ကို ဖော်ပြထားပါတယ်။

Extended Warranty Support

Intel သည် 13th/14th Gen Desktop Processor များတွင် မတည်ငြိမ်မှု ဆက်လက် ကြုံတွေ့နေရသည့် သုံးစွဲသူများအား အကောင်းဆုံး ပံ့ပိုးပေးရန် ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့၏ ထုတ်ကုန်များအတွက် အာမခံ ရပ်တည်ပြီး လာမည့် ရက်ပိုင်းအတွင်း 13th/14th Gen Desktop Processor များအတွက် အာမခံကာလ နှစ်နှစ် တိုးမြှင့်ခြင်း အကြောင်း အသေးစိတ် များကို ထုတ်ပြန်သွားမည်ဖြစ်ပါသည်။

သင့် Intel Core 13th/14th Gen Desktop System တွင် မတည်ငြိမ်မှု ကြုံတွေ့ ခဲ့ပါက -

- OEM/System Integrators မှ ဝယ်ယူထားသော စနစ်များအတွက် – သင့် စနစ် ထုတ်လုပ်သူ၏ ပံ့ပိုးမှုအဖွဲ့အား ဆက်သွယ်ပါ။
- Boxed CPU ဝယ်ယူထားသောသူများအတွက် – Intel Customer Support အား ဆက်သွယ်ပါ။

Intel ဟာ Raptor Lake stability issues တွေကို ဖော်ထုတ်ရတာ အခက်အခဲတွေရှိခဲ့တာကြောင့် ကြေညာချက်ထုတ်ပြန်မှု နောက်ကျခဲ့တာကို တောင်းပန်ခဲ့ပါတယ်။

Intel က firmware update တစ်ခုကို လုပ်ဆောင်နေပြီး၊ ဒါဟာ CPU တွေ အများစုမှာ ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ သို့သော်ငြား အဆိုပါ update က ကြိုတင်ကာကွယ်ခြင်းသီးသန့်သာဖြစ်ပြီး အခုအချိန်အထိ stability ပိုင်းမှာ ပြဿနာရှိနေတဲ့ processors တွေကို တိုးတက်ကောင်းမွန်စေမှာ မဟုတ်ပါဘူး။ ပြဿနာရှိတဲ့ processors တွေ လက်ဝယ်ရှိနေသူတွေအနေနဲ့ warranty အရ လဲလှယ်နိုင်ဖို့ရာ Intel customer services ကို ဆက်သွယ်သင့်ပါတယ်။

Source: OC3D

Post a Comment

0 Comments