Subscribe Us

header ads

Intel က 13th/14th Gen CPU များအတွက် အာမခံတိုးမြှင့်မှုဆိုင်ရာ အချက်အလက်များ ထုတ်ပြန်၊ အဆိုပါစာရင်းတွင် Core i5၊ i7 နှင့် i9 processors များပါဝင်

Image: Intel

Intel က မတည်ငြိမ်မှုတွေကြုံတွေ့နေရတဲ့ သူတို့ရဲ့ 13th-Gen နဲ့ 14th-Gen Intel chips တွေကို အာမခံကာလ တိုးမြှင့်ပေးသွားမယ့် အချက်အလက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် ဖော်ပြပါ processor တွေဟာ မူလအာမခံ ၃ နှစ်ကနေ ၅ နှစ်အထိ တိုးမြှင့်သွားမှာ ဖြစ်ပြီး အရင်ကကြေညာထားသလို Boxed Processors တွေသာမက Tray Processorsတွေပါဝင်လာပြီး OEM နဲ့ system integrators တွေကနေရရှိတဲ့ processors တွေလည်း ပါဝင်လာပါတယ်။

Intel က ဒီအာမခံတိုးမြှင့်မှုဟာ ကမ္ဘာအဝှမ်းအကျုံးဝင်မယ်လို့ဆိုထားပြီး ဘယ်နေရာဒေသမဆို သက်ရောက်မှုခဲစားရတဲ့ ချစ်ပ်ဝယ်ထားသူတိုင်း တိုးမြှင့်ပေးတဲ့အာမခံကို ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် အာမခံတောင်းခံမှုဟာ သင့်အနေနဲ့ processor ကို ဘယ်လိုဝယ်ယူထားသလဲအပေါ်မူတည်ပြီး ကွဲပြားခြားနားနိုင်ပါတယ်။ ဆိုလိုတာက သင့်မှာစက္ကူဘူးခွံနဲ့ Boxed Processor ဝယ်ယူခဲ့ပါက RMA စီစဉ်ဖို့ရာ Intel ကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။ အကယ်၍ သင့်မှာ Tray Processor ဒါမှမဟုတ် Pre-built system ကိုဝယ်ယူထားတယ်ဆိုရင်တော့ CPU ဒါမှမဟုတ် computer ကို ရောင်းချထားတဲ့ဆိုင်နဲ့ ညှိနှိုင်းဆောင်ရွက်ရမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် အာမခံတိုးမြှင့်ရရှိမယ့် processor တွေက အောက်ပါအတိုင်းဖြစ်ပါတယ်-

CPU Model | 13th-Gen Intel Core | 14th-Gen Intel Core  

Intel Core i9 | i9-13900KS | i9-14900KS  

Intel Core i9 | i9-13900K | i9-14900K  

Intel Core i9 | i9-13900KF | i9-14900KF  

Intel Core i9 | i9-13900 | i9-14900  

Intel Core i7 | i7-13700K | i7-14700K  

Intel Core i7 | i7-13700KF | i7-14700KF  

Intel Core i7 | i7-13790F | i7-14790F  

Intel Core i7 | i7-13700F | i7-14700F  

Intel Core i7 | i7-13700 | i7-14700  

Intel Core i5 | i5-13600K | i5-14600K  

Intel Core i5 | i5-13600KF | i5-14600KF  

Intel က ဒီအာမခံတိုးမြှင့်မှုဟာ ချစ်ပ်အဟောင်းနဲ့ ချစ်ပ်အသစ်တွေ အားလုံးအကျုံးဝင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အဆိုပါ processor ကို မဝယ်ဖြစ်သေးပဲ နောက်မှဝယ်ယူမယ်မယ်ဆိုရင်တောင် အာမခံ ၅ နှစ်ကို ရရှိမှာဖြစ်ပါတယ်။

အထက်မှာ ပြောပြခဲ့တဲ့ အာမခံတိုးမြှင့်မှုအပြင် Intel ဟာ သူ့ရဲ့ CPU တွေမှာ ဖြစ်နေပေါ်နေတဲ့ voltage မြင့်မားတဲ့ကိစ္စကို ဖြေရှင်းဖို့ patch တစ်ခုကို ဒီသြဂုတ်လအလယ် မှာ ဖြန့်ချီသွားမယ်လို့ ဆိုပါတယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ တည်ငြိမ်မှုမရှိတဲ့ (ဒါမှမဟုတ်) ထိခိုက်ပြီးသား processors တွေကိုတော့ ဒီ patch က မပြင်ဆင်ပေးနိုင်တာကြောင့် RMA  သာလုပ်ရမှာဖြစ်ပါတယ်။

Source: Tom's Hardware

Post a Comment

0 Comments