Subscribe Us

header ads

PC အတွက် Black Myth: Wukong ၏ တရားဝင် Benchmark Tool တစ်ခု Steam ပေါ်ရောက်ရှိလာ

Image via OC3D

လူအများစောင့်စားနေကြတဲ့ Black Myth: Wukong ဂိမ်းဟာဆိုရင် ဩဂုတ်လ ၂၀ရက်နေ့မှာထွက်ရှိလာတော့မှာဖြစ်ပြီး တရားဝင်ထွက်ရှိမလာခင် ဒီဂိမ်းရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်နိင်မယ့် Benchmark Tool တစ်ခုဟာ Steam မှာရယူနိုင်ပါပြီ။ ဒီ Tool ကြောင့် ဂိမ်းကစားသူတွေအနေနဲ့ မိမိရဲ့ PC ဟာ ဒီဂိမ်းကို ဘယ်လိုအတိုင်းအတာအထိကစားနိုင်မလဲဆိုတာ သိရှိနိုင်မှာပါ။ Graphics setting အားလုံးပါဝင်ပြီး ဒီဂိမ်းရဲ့ full ray tracing mode လည်းပါဝင်မှာဖြစ်ပါတယ်။

အ‌ဆိုပါ benchmark tool ကို အခမဲ့ရယူနိုင်ပြီး DLSS FSR XeSS Upscaling နည်းပညာတွေကိုအထောက်အပံ့ပေးထားပါတယ်။ Benchmark ဟာ ဂိမ်းတစ်လုံးကို ကိုယ်စားပြုတာမဟုတ်ပေမယ့် နောက်ဆုံးထွက်လာမယ့် ဂိမ်းရဲ့စွမ်းဆောင်ရည်နီးပါးရှိမှာဖြစ်ပါတယ်။ 

Black Myth: Wukong ဟာဆိုရင် ၂၀၂၄ခုနှစ်ရဲ့ အလှပဆုံးဂိမ်းတွေထဲကတစ်ခုဖြစ်တာမို့ ဒီ benchmark tool ဟာ ဂိမ်းမာတွေအနေနဲ့ သူတို့ရဲ့ screen မှာ ဘယ်လောက်အထိလှလှပပကစားလို့ရနိုင်မလဲဆိုတာ စမ်းသပ်ခွင့်ရရှိမှာဖြစ်ပါတယ်။ Black Myth: Wukong ဟာ ဩဂုတ်လ ၂၀ရက်နေ့မှာ PC နဲ့ PlayStation 5 အတွက်စတင်ထွက်ရှိမှာဖြစ်ကာ Xbox Series X/S version ကတော့ နောက်ပိုင်းမှာထွက်ရှိလာမှာပါ။ 

ဩဂုတ်လ ၁၉ရက်နေ့အထိ Nvidia ရဲ့ high-end graphics card ဝယ်ယူသူတွေကို Black Myth: Wukong တွဲဖက်ရောင်းချပေးနေပါတယ်။ ဒီဂိမ်းဟာ စစထွက်ရှိခြင်းမှာပဲ DLSS နဲ့ frame generation အထောက်အပံ့ပါဝင်လာမှာဖြစ်ပါတယ်။

Black Myth: Wukong ရဲ့ Benchmark Tool ကို အောက်ပါလင့်မှာရယူနိုင်ပါတယ်။

Download

Source: OC3D


Post a Comment

0 Comments