Subscribe Us

header ads

လက်ရှိ Steam တွင် ကစားသူ ၂.၂သန်းကျော်ရှိလာသည့် Black Myth: Wukong

Image via NVIDIA

ယနေ့ထွက်ရှိလာတဲ့ တရုတ်နိုင်ငံရဲ့ နာမည်ကျော် Journey To the West ဝတ္တုကိုအခြေခံထားတဲ့ singleplayer action RPG ဂိမ်းဖြစ်တဲ့ Black Myth: Wukong ဟာ အခုစာရေးသားနေချိန်မှာ ကစားသူ ၂.၂သန်းကျော်နဲ့ Steam မှာ လက်ရှိကစားသူအများဆုံးဂိမ်းဖြစ်လာပါတယ်။

SteamDB အချက်အလက်တွေအရ Black Myth: Wukong ဟာ သမိုင်းတစ်လျှောက် ကစားသူအများဆုံး Singleplayer ဂိမ်းဖြစ်လာခဲ့ပြီး အခြားနာမည်ကျော် Singleplayer ဂိမ်းတွေဖြစ်တဲ့ Hogwarts Legacy၊ Elden Ring နဲ့ Cyberpunk 2077 ကိုကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒါတင်မက Black Myth: Wukong ဟာ သမိုင်းတစ်လျှောက် ကစားသူအများဆုံးဂိမ်းစာရင်းမှာလည်း ၂၀၁၈ခုနှစ် ဇန်နဝါရီလက ၃.၂သန်းနဲ့ စံချိန်တင်ထားတဲ့ PUBG ရဲ့ နောက်မှာ ဒုတိယလိုက်နေတာဖြစ်ပါတယ်။ PUBG အနေနဲ့ Multiplayer ဂိမ်းမို့အားသာချက်ရှိနေပေမယ့် Black Myth: Wukong အနေနဲ့ ကျော်ဖြတ်နိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်သွားရမှာပါ။

Black Myth: Wukong အတွက် Nvidia၊ AMD နဲ့ Intel တို့က Graphics Driver တွေအသီသီးဖြန့်ချီပေးထားပြီးဖြစ်သလို ဂိမ်းကိုဖန်တီးသူဖြစ်တဲ့ Game Science ကလည်း Benchmark Tool တစ်ခုကိုထုတ်ဝေထားပါတယ်။ Black Myth: Wukong ကိုလက်ရှိ PC (Steam၊ Epic Games) နဲ့ PlayStation 5 မှာကစားနိုင်ပြီး Xbox Series X/S version ကတော့ နောက်ပိုင်းမှာထွက်ရှိလာမှာပါ။

Source: SteamDB

Post a Comment

0 Comments