Image via OC3D |
Valve ရဲ့ SteamOS update အသစ်မှာဆိုရင် ASUS ရဲ့ 'ROG Ally ရဲ့ keys' တွေအတွက် တရားဝင်အထောက်အပံ့ထည့်သွင်းပေးလာပါတယ်။ ဆိုလိုတာကတော့ Valve က SteamOS ကို ASUS ROG Ally (သို့) ROG Ally X လက်ကိုင်ဂိမ်းစက်မှာ တိုက်ရိုက်သုံးရအောင် စီစဉ်နေတဲ့အဓိပ္ပါယ်ပဲ လို့ဆိုနိုင်ပါတယ်။
ASUS ရဲ့ ROG Ally ဟာ Valve ရဲ့ Steam Deck နှင့် နှိုင်းယှဉ်ကြည့်လျှင် ပိုပြီးအားကောင်းတဲ့ လက်ကိုင်ဂိမ်းစက်ဖြစ်ပါတယ်။ ROG Ally မှာ ကြီးမားတဲ့ CPU နဲ့ GPU ရှိပြီး နောက်ဆုံးပေါ် AMD CPU/graphics architectures ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် အနည်းဆုံး refresh rate 120Hz ထိရှိပြီး ပိုမြင့်မားတဲ့ resolution ရှိတဲ့ screen ကိုလည်း တပ်ဆင်ထားပါတယ်။ Performance ပိုင်းမှာတော့ ROG Ally ဟာ Valve ရဲ့ Steam Deck ထက်ပိုပြီး အားကောင်းပြီး Valve ရဲ့ Steam Deck OS ထောက်ပံ့မှုကို တောင်းဆိုနေပါတယ်။
Valve အနေနဲ့ မျိုးဆက်သစ် “Steam Deck 2” ကို ဖန်တီးဖို့ စီစဉ်ထားပါတယ်။ ဒါဟာ ကုမ္ပဏီအနေနဲ့ ပိုမိုကျယ်ပြန့်တဲ့ Steam Deck hardware/software ecosystem တစ်ခုအဖြစ် ဖန်တီးဖို့ စီစဉ်ထားနိုင်ပါတယ်။ Steam Deck OS ထောက်ပံ့မှုနဲ့အတူ ASUS ရဲ့ ROG Ally လက်ကိုင်ဂိမ်းစက်တွေဟာ Third Party တွေထဲမှာ အဆိုပါ hardware/software ecosystem ထဲ ဝင်ရောက်လာမယ့် ပထမဆုံးဂိမ်းစက်တွေဖြစ်နိုင်ပါတယ်။ ဒါကတော့ PC gamers တွေအတွက် သတင်းကောင်းလို့ဆိုနိုင်ပါတယ် အကြောင်းကတော့ Steam Deck OS ဟာ Windows ထက် အသုံးပြုရတာပိုမိုလွယ်ကူတာကြောင့်ပါပဲ။
Source: OC3D
0 Comments