Subscribe Us

header ads

Telegram အမှုဆောင်အရာရှိချုပ်နှင့် ပူးတွဲတည်ထောင်သူ Pavel Durov ပြင်သစ်လေဆိပ်တွင် ဖမ်းဆီးခံရ

Image via TechSpot

ပြင်သစ်သတင်းမီဒီယာ TF1 ရဲ့ ကနဦးဖော်ပြချက်အရ Telegram အမှုဆောင်အရာရှိချုပ်နဲ့ ပူးတွဲတည်ထောင်သူ Pavel Durov ကို စနေနေ့ည ၈ နာရီခန့် Le Bourget လေဆိပ်မှာ ပြင်သစ်လေကြောင်းရဲတပ်ဖွဲ့ (Air Transport Gendarmerie-GTA) အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ သူဟာ အဇာဘိုင်ဂျန်ကနေ ပျံသန်းထွက်ခွာလာတဲ့ သူ့ရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်ဆင်းသက်ချိန်မှာ ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

Durov ကို ဖမ်းဆီးမယ့် ဝရမ်းကို OFMIN (Office to Combat Violence Against Minors) ဆိုတဲ့လူငယ်အကြမ်းဖက်မှုဆန့်ကျင်ရေးရုံးက ထောက်ခံခဲ့ကာ Telegram ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ရာဇ၀တ်မှုဆိုင်ရာ ပံ့ပိုးကူညီမှုတွေကို ထောက်ပံ့ပေးနိုင်မှုများအပေါ်  ပဏာမစုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြင်သစ်အာဏာပိုင်တွေက ထုတ်ပေးခဲ့ခြင်းဖြစ်ပါတယ်။

အဓိက အကြောင်းတရားတွေကတော့ Telegram ရဲ့ အကြောင်းအရာတင်ဆက်မှုကို ထိန်းညှိမှုမရှိတာ၊ Durov အနေနဲ့ ပလက်ဖောင်းနဲ့ ဆက်စပ်နေသည့် ရာဇ၀တ်မှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ဆန္ဒမရှိခြင်းအပြင် burner phone numbers တွေရရှိနိုင်မှု၊ encrypted communications တွေနဲ့  Telegram အခြေပြု ရာဇ၀တ်မှုတွေလုပ်ဆောင်နိင်တဲ့ cryptocurrencies စတဲ့အချက်တွေဖြစ်ပါတယ်။

အမည်မဖော်လိုတဲ့ ပြင်သစ်အာဏာပိုင်တွေရဲ့ TF1 ကို ပြောကြားချက်အရ Durov ရဲ့ ဖမ်းဆီးမှုအမိန့်ဟာ ပြင်သစ်မြေပေါ်မှာသာ အကျုံးဝင်ပြီး၊ သူအနေနဲ့ Le Bourget လေဆိပ်ကို ဆင်းသက်လာခြင်းဟာ "အမှားတစ်ခု" ဟု ဖော်ပြထားပါတယ်။ ဒီဖြစ်ရပ်မတိုင်မီက Durov ဟာ Telegram နဲ့ သူ့ရဲ့လုပ်ငန်းဆောင်တာတွေကို အနီးကပ်စောင့်ကြည့်နေတဲ့ နာမည်ကြီး ဥရောပနိုင်ငံတွေကို ဂရုတစိုက်ရှောင်ရှားခဲ့ပါတယ်။

Durov ၏ နောက်ဆက်တွဲလုပ်ရပ်များမှာ Le Bourget တွင် ဆင်းသက်စဉ်တွင် မထင်မှတ်ခဲ့သော ရလဒ်များဖြစ်နိုင်သည်။ TF1 ရဲ့ အဆိုအရ အကောက်ခွန်ညွှန်ကြားမှုဦးစီးဌာနရဲ့ အမျိုးသားတရားမဝင်မှု တားဆီးရေးရုံး (ONAF) ရဲ့ စုံစမ်းရေးအရာရှိတွေက Durov ကို စွဲချက်တင်ဖို့အတွက် တရားသူကြီးထံ မပို့ဆောင်မီအထိ ရဲအချုပ်တွင် ထားရှိခဲ့မှာဖြစ်တယ်လို့သိရပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ စွဲချက်တွေကတော့ အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါး၊ ငွေကြေးခဝါချမှုကနေ ရာဇ၀တ်မှုဆိုင်ရာ အကြောင်းအရာများပျံ့နှံ့မှုကို ပံ့ပိုးပေးခြင်း အစရှိတဲ့စွဲချက်တွေဖြစ်ပါတယ်။

ပြင်သစ်ရဲအရာရှိများက TF1 သို့ "Durov သည် စီမံခန့်ခွဲမှုမရှိခြင်း၊ သို့မဟုတ် Telegram ၏ ပြစ်မှုဆိုင်ရာ လှုပ်ရှားမှုများကို ထိန်းချုပ်ရန် ရဲဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိခြင်းကြောင့် ပြစ်မှုများနှင့် ရာဇဝတ်မှုများ ကျူးလွန်မှုကို ထောက်ပံ့ပေးခဲ့သည်" ဟု ဖော်ပြပါတယ်။ သူကလက်ရှိမှာ စွဲချက်တင်မှုကိုစောင့်ဆိုင်းနေပြီး နောက်ပိုင်းမှာ ထိန်းသိမ်းခံရနိုင်ပါတယ်။

ရုရှားနိုင်ငံဖွား Pavel Durov ဟာ သူရဲ့အစ်ကို Nikolai Durov နဲ့  ၂၀၁၃ ခုနှစ်မှာ Telegram ကိုတည်ထောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ၎င်းရဲ့ယခင်ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ VKontakte(VK) မှာ အတိုက်အခံဘက်ကရပ်တည်တဲ့ အသိုင်းအဝိုင်းတွေကို ပိတ်ပင်ဖို့အတွက် ရုရှားအစိုးရရဲ့ တောင်းဆိုချက်တွေကို လိုက်နာဖို့ငြင်းဆန်ခဲ့တာကြောင့် ရုရှားနိုင်ငံကို စွန့်ခွာခဲ့ရပါတယ်။ VKontakte(VK) ကို နောက်ပိုင်းမှာ ရောင်းချခဲ့ပါတယ်။ ရုရှားကနေထွက်ခွာပြီးနောက် Tucker Carlson နဲ့ ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုမှာတော့ "ဘယ်သူအမိန့်ပေးတာကို လိုက်နာစရာမလိုဘဲ လွတ်လွတ်လပ်လပ်နေချင်ပါတယ်" လို့ ပြောကြားခဲ့ဖူးပါတယ်။

Source: TechSpot


Post a Comment

0 Comments